ကိုဗစ်ကိုအံတုနေတဲ့ အခြေခံလူတန်းစားများ

ကိုဗစ်ကိုအံတုနေတဲ့ အခြေခံလူတန်းစားများ

ယခုကိုဗစ်ကာလတွင်အလွှာအသီးသီးထိခိုက်မှုများရှိနေသော်လည်းအခြေခံလက်လုပ်လက်စားများအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများရှိလာပြီးပိုမိုရုန်းကန်လှုပ်ရှားနေကြရသည်။

အခြေခံလူတန်းစားအများအပြားရှိတဲ့ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်တွေဟာ stay home ကာလ တွင် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။ အလုပ်ရုံစက်ရုံတချိုပိတ်သွားခဲ့ရသည်။ ထိုသို့ခြောက်ကပ်သွားမှုနှင့်အတူ လူအများအပေါ်မှီတည်ပြီး ဝမ်းစာရှာဖွေနေသည့် သူများရဲ့ဝင်ငွေဟာမရှိသလောက်နည်းပါးသွားခဲ့သည်။
stay home ကာလ ဆင်ခြေဖုန်းရပ်ကွက်ရှိ အခြေခံလူတန်းစားများကို လာရောက်လှူဒါန်းမှုများရှိသည့်အတွက် ကိုဗစ်ကပ်ရောဂါကို ခေတ္တ ရင်ဆိုင်နိုင်သော်လည်း ရေရှည်တွင် မည်သို့ နေထိုင်စားသောက်ရမည်ကို ရင်လေးနေကြသည်။ ပိုက်ဆံတစ်သောင်းခန့်ရှိသည့် ဆန်၊ ဆီ၊ ပဲ၊ အားလူးတို့သည် အခြေခံလူတန်းစားတို့အတွက် တပတ်စားစရိတ်ရှိသည်ဟု ကူညီထောက်ပံ့ပေးနေသူများကဆိုသည်။ အိမ်ငှားနေထိုင်သူများမှာ အိမ်ငှားခစရိတ်ကိုရေရှည်တွင် မပေးနိုင်သည့် အတွက် နေရေးအတွက်ပါ ပိုမိုပူပန်မှုများရှိလာကြသည်။

ရန်ကုန်မြို့ရှိ ကိုဗစ်ကာလအတွင် နည်းမျိုးစုံဖြင့် အန်တုနေကြသည့် အခြေခံလူတန်းစားများအတွက် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ကူညီပေးနိုင်မှုများ လိုအပ်နေကြောင်း တင်ပြလိုက်ပါသည်။

Photo – Ye Myo Khant / MPA

#WeMedia #အခြေခံလူတန်းစား

########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top