မြန်မာပြည်က ကိုဗစ် ပြင်းထန်လူနာများအတွက် သွေးရည်ကြည် အလှူရှင်များ ဖိတ်ခေါ်

မြန်မာပြည်က ကိုဗစ် ရောဂါပြင်းထန်သော လူနာများ၏ အသက်ကိုကယ်တင်နိုင်ရန် သွေးရည်ကြည်အလှူရှင်များကို ဖိတ်ခေါ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင်ထုတ်ပြန်ကြေညာလိုက်သည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသူများ၏ သွေးရည်ကြည်ထဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး ကို ခုခံကာကွယ်နိုင်သော ပဋိပစ္စည်း (Antibody) များ ကျန်ရစ်သည့်အတွက် ၎င်းတို့၏ သွေးရည်ကြည် အား အသုံးပြု၍ ကိုဗစ် ရောဂါပြင်းထန်သော လူနာများကိုကုသရာတွင် ရောဂါသက်သာပျောက်ကင်းရန် အထောက်အကူပြုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(အဝါရောင်အိတ်က စက်နဲ့ထုတ်ယူထားတဲ့ သွေးရည်ကြည် ဖြစ်ပါတယ်)

သွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် သွေးရည်ကြည်ထုတ်စက် ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀) စီစီမှ (၆၀၀) စီစီအထိ ထုတ်ယူနိုင်၍ လူနာ ၂ ဦးမှ ၃ ဦးအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သွေးရည်ကြည် လှူဒါန်းရာတွင် အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ ကိုယ်ခန္ဓာတွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းဖြင့် သွေးရည်ကြည်အလှူရှင်မှာ သွေးအားလျော့နည်းသွားခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

သွေးရည်ကြည်လှူဒါန်းခြင်းကို ၂ ပါတ်မှ ၄ ပါတ် တစ်ကြိမ်၊ ၃ ကြိမ်ထိလှူဒါန်းနိုင်၍ သွေးရည်ကြည်လှူဒါန်းသူတစ်ဦးမှတစ်ဦးထက်မကသော ကိုဗစ် လူနာများ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး ကူးစက်ခံရပြီး ၂၈ ရက်ထက်မနည်း နေကောင်းနေသူ၊ အသက် ၁၈ နှစ်မှ ၆၀ နှစ်ရှိသူ၊ ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရမည်ဖြစ်ပြီး ကျန်းမာနေကောင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သာမန်သွေးအလှူရှင်များ၏ ကျန်းမာရေးကိုမထိခိုက်စေရန် ဆောင်ရွက်သော စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး သွေးရည်ကြည်မလှူဒါန်းမီ ကျန်းမာရေးစစ်ဆေးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားသွေးဌာနမှ ကိုဗစ်-၁၉ ရောဂါမှပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည်စုဆောင်းသည့်လုပ်ငန်းကိုဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင် သွေးရည်ကြည် လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားရှိပြီး ၀၉ -၅၁၃၀၄၁၈၊ ၀၉-၅၄၀၂၀၉၈၊ ၀၉-၉၆၅၁၃၀၄၁၈ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

###########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top