ဖားကန့် တွင် ယနေ့ညနေပိုင်းက လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးလုပ်သား ၂ ဦး သေဆုံး

အောက်တိုဘာ ၁၇

ဖားကန့် တွင် ယနေ့ ညနေပိုင်းက လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးလုပ်သား ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ယနေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ နတ်မှော်ကျေးရွာ၊ လုပ်ကွက်ဟောင်းရေကန်အတွင်း ကျောက်ကြောကမ်းပါးပြိုကျမှု ကြောင့် ရေမဆေးလုပ်သား(၂)ဦး ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဆိပ်မူကျေးရွာအရန်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရေမဆေးလုပ်သား(၂)ဦး၏ ရုပ်အလောင်းအား ၁၇ ၀၀အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး သင်္ဂဟလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

TNO

############################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top