၅ ယောက်စစ် ၁ ယောက်တွေ့နှုန်းအထိ တက်လာတဲ့ ရန်ကုန်နဲ့ ပြန်သုံးသပ်ရမယ့် ဗျူဟာတွေ

ထိန်းနိုင်ပါတယ် ဆိုပြီး ၅ ယောက်စစ် ၁ယောက်တွေ့ နှုန်းအထိ တက်လာတဲ့ ရန်ကုန် ဗျုဟာတွေ သေချာပြန်သုံးသပ်ရတော့မယ် (အမှန်တော့ပြောခဲ့တာကြာပြီ)

နယ်တွေလည်း ဒီအတိုင်းပဲ အစပိုင်း အဆင်ပြေသလိုလိုနဲ့ နောက်ပိုင်းရန်ကုန်လိုဖြစ်လာမယ် မြေကြီးလက်နဲ့ ပုတ်ရင်လွဲနိုင်ပေမဲ့ ဒီတိုင်းဆက်သွားရင် ကျိန်းသေပါတယ် တကယ်လည်း နယ်ဘက်တွေပျံ့လာပါပြီ

အဓိကသေနှုန်း လျော့ချဖို့ က အဓိကပါ သေနှုန်းချဖို့က ၂ ချက်လိုတယ် ၁ က ကြိုတင် ကာကွယ်ဖို့နဲ့ ၂ က အဆင့်မှီကျန်းမာရေး စောင့်ရှောက်မှုရဖို့၊ တပြည်လုံးပေါင်း တင်းပြည့်ကျပ်ပြည့်အိုင်စီယူ ကုတင်၅၀ ပဲ ရှိတဲ့ မြန်မာအတွက် အဓိက က ကြိုတင် ကာကွယ်တာပါ (အိုင်စီယူဆိုင်းဘုတ် သက်သက် ခါတော်မှီအိုင်စီယူတွေ မပါပါ ဤကားစကားချပ်)

ထိုင်းမှာ ကိုဗစ် စဖြစ်ချိန် သေချာ မထိန်းချုပ်ရင် လူ ၃သိန်းခွဲ ကိုဗစ်ကူးမယ် ၅၂၇၉၂ ယောက် ဆေးရုံရောက်မယ် ၁၇၅၉၇ယောက် အိုင်စီယူရောက်မယ် ၇၀၃၉ယောက် ဧပြီ ၁၅ မတိုင်ခင် သေမယ် မဟီဒေါ တက္ကသိုလ်က ၂၂ မတ် ၂၀၂၀ မှာ တွက်ထားတာ၊ မြန်မာက တရက် ၃၀ ကျော်သေနှုန်း နဲ့ အဲဒီလမ်းကို လိုက်နေတယ်။

ကြိုတွက်နိုင်တဲ့ ဆရာတွေ မြန်မာမှာ ရှိပါတယ်။ ခက်တာက ရက်စက်မှ ရာဇာ၊ ရာဇာမှ မင်းဖြစ် ဆိုတာတွေက အသည်းစွဲနေတော့ အသည်းမာလွန်းသူတွေများတဲ့ နိုင်ငံလို့ပဲ ဆိုရတော့မယ်။ ဘာမှ အထွေအထူး မရေးတော့ဘူး အတ္တာဟိအတ္တာနေနာထော ပါပဲ။

Nyan Win Phyo

##########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top