ကိုဗစ်အတွက် ကျပ် ၉ ဘီလီယံကျော်အထိ လှူဒါန်းထားတဲ့ ဦးဇော်ဇော်

အောက်တိုဘာ ၁၈

ကိုဗစ်ကုသရေးလုပ်ငန်းများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ကျပ် ၉ ဘီလီယံလှူဒါန်းခဲ့တယ်လို့ဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။

ဦးဇော်ဇော်က “ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ (၃.၅)ဘီလီယံနဲ့ ဒုတိယလှိုင်းအတွက် (၅.၅)ဘီလီယံ စုစုပေါင်း (၉)ဘီလီယံလှူဒါန်းခဲ့ပြီး အလှူရှင်တို့ရဲ့ စုပေါင်းလှူဒါန်းမှု (၂.၅)ဘီလီယံကိုလည်း လက်ခံရရှိပြီးဖြစ်ပါတယ်”လို့ လူမှုကွန်ယက်မှတစ်ဆင့်ပြောကြား ထားပါတယ်။

ယင်းအပြင် စေတနာရှင် အားလုံး၏ လှူဒါန်းငွေများကို မကြာခင် စာရင်းဇယားများနှင့်ပွင့်လင်းစွာ ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။

ဦးဇော်ဇော်က “အလှူရှင်တို့ရဲ့ စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းမှုနဲ့ ဆရာဝန်၊ ဆရာမ၊ စေတနာ့ဝန်ထမ်း (၇၀၀)ကျော်တို့ရဲ့ စွန့်စားအနစ်နာခံဆောင်ရွက်နေမှုတို့ကို လေးစားစွာဂုဏ်ပြု အပ်ပါတယ်။ ယနေ့အထိ စေတနာရှင်အားလုံးရဲ့ လှူဒါန်းငွေကျပ် (၁.၄)ဘီလီယံနဲ့ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းလှူဒါန်းမှု (၁.၁)ဘီလီယံကို လက်ခံရရှိခဲ့ပါတယ်။ အလှူရှင်တို့၏ လှူဒါန်းမှုအစုစုကို အလေအလွင့်မရှိအောင် စနစ်တကျ အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

TNO

#############################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top