ကိုဗစ်ကြောင့် တခြားနိုင်ငံတွေ ရုန်းကန်နေရချိန်မှာ တရုတ် ကုန်သွယ်ရေး တိုးတက်

ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာ တရုတ် နိုင်ငံ ရဲ့ ပြည်ပ ပို့ကုန် ဟာ ၉.၉ ရာခိုင်နှုန်း တိုးမြင့်လာသလို သွင်းကုန် ပိုင်းမှာလည်း ၁၃.၂ ရာခိုင်နှုန်း တက်လာခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

တခြား စီးပွားရေးအင်အားကြီး နိုင်ငံ အများစုမှာတော့ လော့ဒေါင်းတွေ လုပ်ကြရလို့ ရယ်၊ သုံးစွဲသူတွေ ဘက်ကလည်း ပူပင်ကြရာက အသုံးအစွဲ တွေ လျှော့ချလာတာကြောင့် စီးပွားရေး ကျုံ့သွားတာရင်ဆိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံ အလျင်အမြန် နာလန်ပြန်ထူ လာတဲ့ ဇယား ကိုကြည့်မယ် ဆိုရင် ကပ်ရောဂါ ကြောင့် ပြည်ပ က မှာယူတင်သွင်းမှုတွေ လျှော့ချလိုက်တာလည်း ပါဝင်ပါတယ်။
တရုတ်နိင်ငံ ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပထမဆုံး စတင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့နှစ် နှောင်းပိုင်းမှာ ပထမဆုံး ဗိုင်းရပ်စ်ပိုး ဖြစ်ပွားသူတွေကို တရုတ်နိုင်ငံမှာ တွေ့ခဲ့တာပါ။
အဲဒီ အတွက် စီးပွားရေး အင်အား ကမ္ဘာ့ ဒုတိယအဆင့် နိုင်ငံကြီးဟာ တင်းကြပ်တဲ့ လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေကြောင့် ၂၀၂၀ ခုနှစ် ပထမ သုံးလအတွင်းမှာ စီးပွားရေး ထိုးကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ အတွင်း စီးပွားရေး အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြန်တက်လာခဲ့ပါတယ်။
အခုလို ကုန်သွယ်ရေး က

ဏ္ဍ ပြန်လည် နာလန်ထူလာရတဲ့ အကြောင်းအရင်းက PPE တကိုယ်ရည် ကျန်းမာရေး အကာအကွယ် ဝတ်စုံတွေအပါအဝင် အိမ်သုံး လျှပ်စစ် ပစ္စည်းတွေ၊ ဆေးပစ္စည်း ကိရိယာတွေနဲ့ အထည်အလိပ်တွေ စတဲ့ နိုင်ငံတကာ ရဲ့ ဝယ်လိုအား မြင့်တက်လာမှုကြောင့်ဖြစ်တယ်လို့ လေ့လာ အကဲခတ် တွေ က ပြောပါတယ်။
တဖက်မှာလည်း ဒီ ဝယ်လိုအား မြင့်တက်လာမှု တချို့ ပြန်ကျသွားနိုင်တဲ့ အကြောင်း အကဲခတ်တွေက သတိပေးပါတယ်။
ဒီနှစ် အတွင်းမှာ စက်တင်ဘာလ ကုန်ပိုင်း အထိ ကြည့်မယ် ဆိုရင် တခြားနိုင်ငံတွေ နဲ့ တရုတ် ရဲ့ သွင်းကုန် နဲ့ ပို့ကုန် အခြေအနေ ကို ပေါင်းကြည့်ရင် ဒေါ်လာ ၃.၄ ထရီလျံ ရှိပါတယ်။
ဒီပမာဏဟာ ၀.၇ ရာခိုင်နှုန်း မြင့်လာလာခဲ့တာဖြစ်ပြီး စောစောပိုင်း က ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် အထိနာခဲ့တာ ကို ပြန်ကာနိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ စီးပွားရေး ကတော့ ဩဂုတ်လ အတွင်းမှာ ပြည်ပ ပို့ကုန် ကျဆင်းသွားမှုနဲ့အတူ သူ့စီးပွားရေး လည်း စံချိန်တင်လောက်တဲ့ အရှိန်အဟုန် နဲ့ ထိုးကျခဲ့ပါတယ်။
အမေရိကန် စီးပွားရေး ကို ကြည့်မယ် ဆိုရင်လည်း ဇူလိုင်လထဲမှာ ဆယ်စုနှစ်တွေ အတွင်း မကြုံစဖူး ကျဆင်းသွားခဲ့ပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF ) က ကမ္ဘာ့စီးပွားရေး အခြေအနေ ကို ဇွန်လ တုန်းက ဟောကိန်းထုတ်ခဲ့စဉ် က နဲ့ နှိုင်းရင် စီးပွားရေး ကျဆင်းမှု ဒဏ် ဟာ ထင်သလောက် မခံရတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး သူတို့ခန့်မှန်းထားတာထက် ပိုပြီး ဆိုးဝါးတဲ့ ရလဒ် ထွက်လာနိုင်တယ်လို့ ကမ္ဘာ့စီးပွားရေး အလားအလာနဲ့ ပတ်သက်လို့ IMF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ လေးလ က ( IMF ) မျှော်မှန်းကြည့်စဉ် က ကမ္ဘာ့စီးပွားရေးဟာ ကျုံ့သွားမယ် လို့ ဟောကိန်း ထုတ်ခဲ့ပေမဲ့ ၄.၄ ရာခိုင်နှုန်း ပဲ ရှိလို့ အလွန်အကျွံ ဆိုးဝါးတယ် လို့ တော့ ပြောမရပါဘူး။
ဒါကြောင့်မို့ ရှေ့နှစ် မှာ ကုန်းရုန်းထ နိုင်မယ့် အနေအထား က ၅.၂ ရာခိုင်နှုန်း ရှိနိုင်တဲ့ အတွက် မူလ ဟောကိန်းထက် သက်သာနိုင်ပါတယ်


တနည်းပြောရရင် ဒီနှစ် မြင့်တက်တာထက် လာမဲ့နှစ် အဆင့်ကျမှာ က သိပ်မဆိုးလှဘူး လို့ ဆိုနိုင်ပါတယ်။
စီးပွားရေးအင်အားကြီးနိုင်ငံတွေ ဟာ အားရ မျှော်လင့်ဖွယ်ရာ မရှိလှတဲ့ တိုင်အောင် ဧပြီလ ကနေ ဇွန်လ အထိ ကတော့ IMF တွက်ဆ ထားသလောက် အခြေအနေ မဆိုးပါဘူး။
အံ့မခန်း စီးပွားရေးအောင်မြင်မှုကို တရုတ် ဘယ်လိုရခဲ့လဲ
တရုတ်စီးပွားရေးထိုးကျသွားရာက ပြန်ထောင်တက်
ကိုရိုနာကြောင့် တရုတ်ကုန်ထုတ်လုပ်ငန်းတွေ အိန္ဒိယကို ရွှေ့ပြောင်းလာနိုင်သလား
ဥပမာ အနေနဲ့ တရုတ် ကို ကြည့်မယ် ဆိုရ

င် ကပ်ရောဂါ အန္တရာယ် ကို အရင်ဆုံး ခံခဲ့ပေမယ့် အစောဆုံး ပြန်ထိန်းနိုင်ခဲ့လို့ စီးပွားရေး ပြန်လည် ဦးမော့လာမှုကလည်း မျှော်လင့်တာထက် ပိုအားကောင်းတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်တွေဟာ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ တွေ ဖြစ် ပါတယ်။
တရုတ် ရဲ့ အကြီးမားဆုံး ဝယ်လက်တွေကလည်း ဥရောပ သမဂ္ဂ နဲ့ အမေရိကန် ဖြစ်တယ်လို့ တရုတ် အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး ရုံးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top