ကိုဗစ်ပိုးရှိလူနာများ မောင်းနှင်လာသည့် ကုန်တင်ယာဉ် (၂) စီးကို အချိန်မှီ တားဆီးနိုင်ခဲ့ပါပြီ…

မန္တလေး၊ အောက်တိုဘာလ (၁၈) ရက်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တွင် နေထိုင်သူ (၁၂)ဘီးကုန်တင်ယာဉ် ယာဉ်အမှတ် 9I/4548 ယာဉ်မောင်း၊ ယာဉ်လိုက် နှင့် 4H/6848 ယာဉ်မောင်းတို့ (၃)ဦးတို့သည် (၁၇-၁၀-၂၀၂၀) နံနက်တွင် မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျန်းမာရေးစစ်ဆေးစခန်းတွင် ကျန်းမာရေးစစ်ဆေးခံပြီး အဖြေမရမီ မိမိတို့သဘောဖြင့် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာခဲ့ကြကြောင်းသိရသည်။

ဓာတ်ခွဲအဖြေတွေ့ရှိချက်အရ ၎င်းတို့ (၃)ဦးသည် ကိုဗစ် ရောဂါပိုးတွေ့ရှိသည့် လူများဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းပေးပို့ချက်အရ အထက်ပါ ကုန်တင်ယာဉ် (၂)စီးအား နောင်ချိုမြို့ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များမှ နောင်ချိုမြို့အဝင်တွင် ကုန်တင်ယာဉ်များအား စစ်ဆေးရှာဖွေရာ ည (၁၀:၀၀) နာရီခန့်တွင် ဂုတ်တွင်း-ညောင်ပင်စခန်း အနီးတွင်တွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်းတို့ (၃) ဦးအား PPE ဝတ်စုံများဝတ်ဆင်စေလျက် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းကားဖြင့် နောင်ချိုမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။

Nay Myo

#########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top