ကိုဗစ်သည် တကယ့်ကို ကြောက်စရာလန့်စရာဖြစ်ပြီး သေဆုံးသွားသည့် သူ့သူငယ်ချင်းအဖြစ်မျိုး မရောက်စေဖို့ ဂရုစိုက်ကြပါလို့ ဒေါက်တာခင်ခင်ကြီးသတိပေး

အောက်တိုဘာ ၁၈

ကိုဗစ်သည် တကယ့်ကို ကြောက်စရာလန့်စရာဖြစ်ပြီး သေဆုံးသွားသည့် သူ့သူငယ်ချင်းအဖြစ်မျိုး မရောက်စေဖို့ ဂရုစိုက်ကြပါလို့ ဒေါက်တာခင်ခင်ကြီးက သတိပေးပြောကြားထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်မှုတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ ပြီးခဲ့တဲ့အပတ်က မူလတန်းကတည်းကငယ်သူငယ်ချင်း ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်တုန်းလဲ သင်တန်းမျိုးစုံအတူတူတက်ခဲ့တဲ့သူငယ်ချင်း ကိုဗစ်ကြောင့် သေဆုံးရတယ် ။အိမ်မှာသူ့အဖေကစဖျားတယ်။ ချောင်းဆိုးတယ် ညီမလုပ်သူကဆေးရုံပို့မယ်လို့ပြောတယ် သူကဆေးရုံမှာလဲ လူတွေမနိုင်ဘူး ကျပ်ညှပ်နေတာပဲ ရောဂါကသိပ်မဆိုးပါဘူးဆိုပြီး ပေါ့တွက်မိတယ် အိမ်မှာပဲထားတယ် နောက်ရက်သူပါ ဖျားလာတယ် ချောင်းဆိုးလာတယ် နောက်တခြားသူတွေက သိသွားတော့ မဖြစ်ဘူး ဆေးရုံပို့မှဆိုပြီး လုပ်ကြတယ် ဆေးရုံကားပေါ်မှာ သူနောက်ဆုံးပြောသွားတာက ငါကိုဗစ်ဖြစ်ပြီထင်တယ်ဆိုတဲ့စကားပဲ အင်းစိန်ဆေးရုံမရောက်ခင် ကားပေါ်မှာပဲ အသက်ဆုံးပါတယ်။ တကယ့်ကို နှမျောစရာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဒေါက်တာခင်ခင်ကြီးက “သေပြီးမှ ဓာတ်ခွဲနမူနာယူပြီးစစ်ရတာ positive ထွက်ပါတယ်။ သူ့အဖေကကျတော့ အင်းစိန်ဆေးရုံမှာ ပြည့်နေလို့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပါတယ် သူ့သမီးအငယ်နဲ့အတူပါ ရောက်ရောက်ချင်း အတော့်ကို ဆိုးပါတယ် အသက်ကလဲ ၇၇ နဂိုရောဂါအခံတွေကလဲရှိတော့ အတော့်ကို ကုသခဲ့ရပါတယ် ဓာတ်ခွဲနမူနာယူတော့လဲ သူလဲ positive ဖြစ်ပါတယ် ခုတော့ ကုသမှုတွေရပြီး အစားအသောက်တွေဝင်ပြီး အားနေတရားထိုင်နေနိုင်ပါပြီ ဘယ်လောက်ဝမ်းသာစရာကောင်းပါသလဲသားအဖ ၃ ယောက်မှာ သမီးအငယ်လေးကတော့ ပိုးမတွေ့ negative ပါ သူကတော့ ရောဂါပြင်းပြင်းထန်ထန် မခံစားရပါ ပြောချင်တာက ကိုဗစ်ဟာ မိသားစုတွေကို သေခြင်းတရားနဲ့ ရင်ဆိုင်ခိုင်းပြီး သေခွဲခွဲပါတာ် အဖေလုပ်သူကတော့ သူ့သမီးကြီးသေတာ မသိသေးပါ စိတ်မကောင်းဖြစ်ပြီး ပိုဆိုးမှာစိုးလို့ဖြစ်ပါတယ် လက်ရှိလဲဆေးရုံမှာ မဆင်းရသေးပါဘူး ကိုဗစ်ကြောင့် တကယ့်ကို ကြောက်စရာလန့်စရာအဖြစ်ကို ရောက်ရှိစေနိုင်တာမို့ ဂရုစိုက်ကြပါ”လို့ လူမှုကွန်ယက်မှတဆင့် အသိပေးထားတာဖြစ်ပါတယ်။

###########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top