အသက်ရှူထုတ်တဲ့ လေထဲကနေ ကိုဗစ်ပိုးကို စစ်ဆေး ရှင်းလင်းတဲ့ နည်းစနစ်ကို ဂျပန်တီထွင်

အသက်ရှူထုတ်တဲ့ လေထဲကနေ ကိုဗစ်ပိုးကို စစ်ဆေး ရှင်းလင်းတဲ့ နည်းစနစ်ကို ဂျပန်တီထွင်…

အသက်ရှူထုတ်တဲ့ လေထဲကနေ ကိုဗစ်ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေး ရှင်းလင်းတဲ့ နည်းစနစ်တစ်ခုကို တီထွင်ထားတယ်လို့ ဂျပန်တက္ကသိုလ်တစ်ခုနဲ့ ကုမ္ပဏီတစ်ခုက ပြောပါတယ်။

Tohoku တက္ကသိုလ် နဲ့ အနုစိတ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Shimadzu က ဒီစစ်ဆေးတဲ့ နည်းစနစ်တစ်ခုရဲ့ ရှေးပြေးပုံစံကို တီထွင်ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဒီနည်းစနစ်မှာ (၃)ပိုင်း ပါဝင်ပါတယ်။

ပထမအပိုင်းက အသက်ရှူထုတ်တဲ့ လေကို (၅)မိနစ်လောက် စုပ်ယူတာဖြစ်ပါတယ်။ ဒုတိယအပိုင်းက အဲဒီလေထဲမှာပါလာတဲ့ ဘယ်ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားကိုမဆို သေသွားအောင်လုပ်ပြီး ဗိုင်းရပ်စ်မှာပါတဲ့ ပရိုတိန်းဓာတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ တတိယအပိုင်းက ဒီပရိုတိန်းဓာတ်ကို ဓာတ်ခွဲလေ့လာတာပါ။

ဒီနည်းစနစ်နဲ့ စစ်ဆေးအဖြေတွေကို တစ်နာရီလောက်အတွင်းမှာ ရနိုင်တယ်လို့ တီထွင်ထုတ်လုပ်ထားသူတွေက ဆိုပါတယ်။ ကြီးမားတဲ့ စစ်ဆေးကိရိယာကို အများကြီးထုတ်လုပ်နိုင်ဖို့က စိန်ခေါ်မှု ဖြစ်တယ်လို့လည်း ပြောပါတယ်။

လူနာ (၁၀) ဦးလောက်ပါဝင်တဲ့ လက်တွေ့စမ်းသပ်မှုတစ်ခုကို လုပ်ပြီးသွားပြီဖြစ်ပါတယ်။ လူနာနဲ့ လက်တွေ့စမ်းသပ်မှုတွေ နောက်ထပ် ထပ်လုပ်သွားပြီး၊ ဒီနည်းစနစ်နဲ့စစ်ဆေးကိရိယာရဲ့ အရွယ်အစားကို သေးအောင်လုပ်ဖို့ ဆက်ကြိုးစားသွားကာ လက်တွေ့အသုံးချသွားမယ်လို့ တီထွင်ထုတ်လုပ်ထားသူတွေက ပြောပါတယ်။

##############################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top