SNLDပါတီ မဲဆွယ်စည်းရုံးရေးယာဉ် ရွှေလီမြစ်အတွင်းသို့ထိုးကျ သုံးဦးသေဆုံးပြီး ၅ နှစ်အရွယ် ကလေးတစ်ဦးပျောက်ဆုံးနေဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ မဲဆွယ် စည်းရုံးရေးဟွန်ဒါဖစ်ယာဉ်ငယ်တစ်စင်း ယနေ့ အောက်တိုဘာလ ၁၈ ရက် နံနက်က ရွှေလီမြစ်အတွင်း သို့ထိုးကျ၍ သုံးဦးသေဆုံးပြီး ၅ နှစ်အရွယ် ကလေးတစ်ဦးပျောက်ဆုံးနေကြောင်း မူဆယ်ကရုဏာနာရေး လူမှုကူညီ ရေးအသင်းဥက္ကဌ ဦးသောင်းထွန်း က ပြည်မြန်မာကိုပြောသည်။ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ၊ နောင်ဟင်ကျေးရွာ ရွှေလီမြစ်ဆိပ်စက်လှေ ဆိပ်မှ အရှိန်လွန်၍ မြစ်ထဲသို့ ထိုးကျသွားခြင်း ဖြစ်သောကြောင့် ယာဉ်ပေါ်ပါ ခုနှစ်ဦးအနက် သုံးဦးသေဆုံးပြီး ၅ နှစ်အရွယ် ကလေး တစ်ဦးပျောက်ဆုံးနေကြောင်း ၎င်းကပြောသည်။

“ပြုတ်ကျတဲ့ ကားကိုတွေ့လို့ဆယ်ပြီးပါပြီ။ ကားပေါ်မှာပါသွားတဲ့ လူကြီး သုံးယောက်က သေသွားတယ် ။ ငါးနှစ်ကလေးတစ်ယောက်ကတော့ ပျောက်နေတယ် ။ မြစ်ထဲမြောသွားတယ်ထင်တယ် ။ ခုသေဆုံးတဲ့သူ တွေ ကို ဆေးရုံကြီးကို ပို့လိုက်ပြီ” ဟု ယင်းက ပြောသည်။ မူဆယ်မြို့မှဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ကရုဏာနာရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက ရွှေလီမြစ်အတွင်း ပျောက်ဆုံးနေသော ၅ နှစ်အရွယ်ကလေးအား ရှာဖွေနေကြ ကြောင်း လည်း သိရသည်။ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများထံ မဲဆွယ်စည်းရုံးရေး သွားရောက်စဉ် အထက်ပါအတိုင်း ဖြစ်ပွားသွားခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီက သိရသည်။

##########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top