ကိုဗစ်သည် တကယ်ရှိသောအရာမဟုတ် လုပ်ဇာတ်ကြီးပါ ဟု ပြောခဲ့သော ကာယဗလဆရာ ဆုံးပြီ

လူတွေက အကောင်းတွေကို ရွေးကြားချင်ကြတယ်။ ငါးပိစားလို့ ခံနိုင်ရည် ရှိမှာ လို့ပြောရင် သိပ်ကြိုက်တယ်။ ထီပေါက်ကိန်း ငွေဝင်ကိန်းရှိတယ်လို့ ဟောတဲ့ ဗေဒင်ဆရာကို သဘောကြတာပဲ။

ကောဏ္ဍည ပုဏ္ဏားလို ဘုရား စင်စစ် ဧကန်ဖြစ်လတ္တံ့ လို့ ဟောရင် မကြိုက်ဘူး။ ဘုရားဖြစ်ချင်ဖြစ်မယ်၊ စင်္ကြာဝတေးမင်း ဖြစ်ချင် ဖြစ်မယ်လို့ ဂျင်းထည့်တဲ့ ပုဏ္ဏားတွေကိုပဲ ဆုလာဒ် ပေးချင်ကြတာ။

ကိုဗစ် ကုဆေးတွေ့ပြီ။ တရုတ်က ကာကွယ်ဆေး ရနေပြီဆိုရင် ရှဲတော့တာပဲ။ အမှန်တရားက တခါတလေ ခါးတတ်တော့ ရင့်ကျက်သူတွေကသာ လက်ခံနိုင်ကြတာ။ ယူကရိန်းက ကာယဗလ သမားတစ်ယောက်တော့ အသက် ၃၃ မှာ ကိုဗစ်နဲ့ သေရှာတယ်။ သူက social influencer လေ.. ဖေါ်လိုဝါ သန်းကျော်သတဲ့။ သူသေခါနီးမှာ ကိုဗစ်ဟာ တကယ်ကြောက်စရာကောင်းပါတယ် ကိုဗစ်ဆိုတာ လုပ်ဇာတ်ကြီးလို့ သူပြောခဲ့တာ မှားကြောင်း ဝန်ခံသွားရှာတယ်။ (M.M.O)

“ယူကရိန်းက ကာယဗလသမား သေဆုံးသွားတဲ့ သတင်း”

အသက် ၃၃ နှစ်အရွယ်ရှိ ကြံခိုင်ကျန်းမာရေးနည်းပြတစ်ဦးဖြစ်ပြီး၊ လူမှုကွန်ရက်တွင် ပရိသတ် သန်းချီရှိသူ Dmitriy Stuzhuk သည် ကိုဗစ် ရောဂါကူးစက်ခံရပြီးနောက် အောက်တိုဘာ ၁၇ ရက်က နှလုံးထိခိုက်မှုဖြင့် သေဆုံးသွားကြောင်းသိရသည်။ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်။

သူသည် ကိုဗစ်-၁၉ သည်မှာ တကယ်ရှိသောအရာမဟုတ်ဟု ပေါ့ပေါ့တန်တန် ပြောဆိုလေ့ရှိသူဖြစ်ပြီး၊ တူရကီနိုင်ငံမှအပြန်တွင် ကိုဗစ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူရောဂါခံစားရပြီးနောက်ဝယ် “ကိုဗစ်-၁၉ ဆိုတာ ခဏပန်းရောဂါမဟုတ်ပါဘူး။ တကယ်ဆိုးပါတယ်။ ကျွန်တော်ခံစားနေရတာကို ကြည့်ခြင်းအားဖြင့် အားလုံး သတိထားကြဖို့ ပြင်းပြင်းထန်ထန်တိုက်တွန်းအပ်ပါတယ်” လူမှုကွန်ရက်တွင် သူရေးသားခဲ့သည်။

သူ့ဇနီးဟောင်းဖြစ်သူ Sofia Stuzhuk က သူသေဆုံးကြောင်း ပရိသတ်အားကြေညာရာတွင် နှလုံးထိခိုက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သူသည် တူရကီတွင် ရှိနေစဉ်ကတည်းကပင်လျှင် လည်ချောင်းနာကာ အသက်ရှုရခက်နေခဲ့ကြောင်း ပို့စ်များတင်ခဲ့သည်ဆို၏။ ထို့ကြောင့် ယူကရိန်းသို့ပြန်လာက ဆေးရုံတွင် ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆေးရုံတွင် ၈ ရက်မျှနေပြီးနောက် လူနာများပြားလွန်းသည်ဟုဆိုကာ အိမ်သို့ပြန်လာခဲ့ပြီး၊ အိမ်ရောက်၍ နာရီအနည်းမျှအကြာတွင်ပင် အခြေအနေဆိုးလာသဖြင့် ဆေးရုံသို့ပြန်လည်တက်ရောက်ခဲ့ရသည်။ ထို့နောက် ဆေးရုံတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်ဆို၏။

Dmitriy Stuzhuk နှင့် Sofia Stuzhuk တို့ ဇနီးမောင်နှံတွင် ရင်သွေး ၃ ဦးရှိသည်။ သူတို့ဇနီးမောင်နှံ ကွာရှင်းခဲ့ကြသည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

########################

ကိုဗစ်သည် တကယ်ရှိသောအရာမဟုတ် လုပ်ဇာတ်ကြီးပါ ဟု ပြောခဲ့သော ကာယဗလဆရာ ဆုံးပြီ

လူတွေက အကောင်းတွေကို ရွေးကြားချင်ကြတယ်။ ငါးပိစားလို့ ခံနိုင်ရည် ရှိမှာ လို့ပြောရင် သိပ်ကြိုက်တယ်။ ထီပေါက်ကိန်း ငွေဝင်ကိန်းရှိတယ်လို့ ဟောတဲ့ ဗေဒင်ဆရာကို သဘောကြတာပဲ။

ကောဏ္ဍည ပုဏ္ဏားလို ဘုရား စင်စစ် ဧကန်ဖြစ်လတ္တံ့ လို့ ဟောရင် မကြိုက်ဘူး။ ဘုရားဖြစ်ချင်ဖြစ်မယ်၊ စြင်္ကာဝတေးမင်း ဖြစ်ချင် ဖြစ်မယ်လို့ ဂျင်းထည့်တဲ့ ပုဏ္ဏားတွေကိုပဲ ဆုလာဒ် ပေးချင်ကြတာ။

ကိုဗစ် ကုဆေးတွေ့ပြီ။ တရုတ်က ကာကွယ်ဆေး ရနေပြီဆိုရင် ရှဲတော့တာပဲ။ အမှန်တရားက တခါတလေ ခါးတတ်တော့ ရင့်ကျက်သူတွေကသာ လက်ခံနိုင်ကြတာ။ ယူကရိန်းက ကာယဗလ သမားတစ်ယောက်တော့ အသက် ၃၃ မှာ ကိုဗစ်နဲ့ သေရှာတယ်။ သူက social influencer လေ.. ဖေါ်လိုဝါ သန်းကျော်သတဲ့။ သူသေခါနီးမှာ ကိုဗစ်ဟာ တကယ်ကြောက်စရာကောင်းပါတယ် ကိုဗစ်ဆိုတာ လုပ်ဇာတ်ကြီးလို့ သူပြောခဲ့တာ မှားကြောင်း ဝန်ခံသွားရှာတယ်။ (M.M.O)

“ယူကရိန်းက ကာယဗလသမား သေဆုံးသွားတဲ့ သတင်း”

အသက် ၃၃ နှစ်အရွယ်ရှိ ကြံခိုင်ကျန်းမာရေးနည်းပြတစ်ဦးဖြစ်ပြီး၊ လူမှုကွန်ရက်တွင် ပရိသတ် သန်းချီရှိသူ Dmitriy Stuzhuk သည် ကိုဗစ် ရောဂါကူးစက်ခံရပြီးနောက် အောက်တိုဘာ ၁၇ ရက်က နှလုံးထိခိုက်မှုဖြင့် သေဆုံးသွားကြောင်းသိရသည်။ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်။

သူသည် ကိုဗစ်-၁၉ သည်မှာ တကယ်ရှိသောအရာမဟုတ်ဟု ပေါ့ပေါ့တန်တန် ပြောဆိုလေ့ရှိသူဖြစ်ပြီး၊ တူရကီနိုင်ငံမှအပြန်တွင် ကိုဗစ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူရောဂါခံစားရပြီးနောက်ဝယ် “ကိုဗစ်-၁၉ ဆိုတာ ခဏပန်းရောဂါမဟုတ်ပါဘူး။ တကယ်ဆိုးပါတယ်။ ကျွန်တော်ခံစားနေရတာကို ကြည့်ခြင်းအားဖြင့် အားလုံး သတိထားကြဖို့ ပြင်းပြင်းထန်ထန်တိုက်တွန်းအပ်ပါတယ်” လူမှုကွန်ရက်တွင် သူရေးသားခဲ့သည်။

သူ့ဇနီးဟောင်းဖြစ်သူ Sofia Stuzhuk က သူသေဆုံးကြောင်း ပရိသတ်အားကြေညာရာတွင် နှလုံးထိခိုက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သူသည် တူရကီတွင် ရှိနေစဉ်ကတည်းကပင်လျှင် လည်ချောင်းနာကာ အသက်ရှုရခက်နေခဲ့ကြောင်း ပို့စ်များတင်ခဲ့သည်ဆို၏။ ထို့ကြောင့် ယူကရိန်းသို့ပြန်လာက ဆေးရုံတွင် ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆေးရုံတွင် ၈ ရက်မျှနေပြီးနောက် လူနာများပြားလွန်းသည်ဟုဆိုကာ အိမ်သို့ပြန်လာခဲ့ပြီး၊ အိမ်ရောက်၍ နာရီအနည်းမျှအကြာတွင်ပင် အခြေအနေဆိုးလာသဖြင့် ဆေးရုံသို့ပြန်လည်တက်ရောက်ခဲ့ရသည်။ ထို့နောက် ဆေးရုံတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်ဆို၏။

Dmitriy Stuzhuk နှင့် Sofia Stuzhuk တို့ ဇနီးမောင်နှံတွင် ရင်သွေး ၃ ဦးရှိသည်။ သူတို့ဇနီးမောင်နှံ ကွာရှင်းခဲ့ကြသည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top