ပြန်မလာတော့မယ့် ခရီးရှည်ကြီးကို ထွက်ခွာသွားပြီဖြစ်တဲ့ မီးမီးခဲအတွက် ခင်ပွန်းဖြစ်သူ ကို Brice ရေးတဲ့ ဝမ်းနည်းဖွယ်ရာ စာတစ်စောင်

တောက်ပတဲ့ ဂီတကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ အချိန်မတန်သေးပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက် ကွယ်လွန်သွားတဲ့အပေါ်

ပရိသတ်တွေကလည်း စိတ်မကောင်းဝမ်းနည်းကြသလို မီးမီးခဲရဲ့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းကလည်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူ ကို Brice ကလည်း မီးမီးခဲရဲ့ နောက်ဆုံးခရီးအတွက် ဝမ်းနည်းစရာ စာတစ်စောင်ကို အခုလိုပဲ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

(၂၀၂၀) အောက်တိုဘာလ (၁၆) ရက်နေ့မှာ ကျွန်တော်တို့မိသားစုရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ မီးမီးခဲကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့အတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ မီးမီးခဲနဲ့အတူတူ သူမအရမ်းချစ်တဲ့ ကလေးသုံးယောက်နဲ့ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။

မီးမီးခဲနဲ့ လက်ထပ်ခဲ့တဲ့ (၅) နှစ်ကျော်တာ ကာလမှာ မီးမီးခဲရဲ့ အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ နေ့စဉ်နေ့တိုင်းမှာ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ မီးမီးခဲက သူမရဲ့ ရင်သားကင်ဆာဝေဒနာကို လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက နောက်ဆုံးထွက်သက်အချိန်ထိ ခုခံတိုက်ခိုက်ခဲ့ပါတယ်။

သူမ သိပ်ကြာကြာမနေနိုင်တော့ဘူးဆိုတာ သိလိုက်ချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးနဲ့ အေးအေးဆေးဆေးဖြစ်အောင်ပဲ နေထိုင်ခဲ့ကြတယ်။ မီးမီးခဲတစ်ယောက် မရှိတော့ပေမယ့် သူမရဲ့ သီချင်းတွေနဲ့ သူမရဲ့ အကြောင်းတွေကတော့ ကျန်ရစ်နေဦးမှာပါ။”

“ကျွန်တော်တို့ မိသားစုအတွက် ခက်ခဲပင်ပန်းနေတဲ့အချိန်တွေမှာ အားပေးကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သြစတေးလျနဲ့ မြန်မာပြည်က မိသားစုဝင်တွေလည်း မီးမီးခဲအတွက် ဆုတောင်းပေးခဲ့ကြတာ ကျွန်တော်တို့ အားလုံး သိရှိခံစားမိပါတယ်။

ပြီးတော့ မီးမီးခဲရဲ့ အနုပညာသက်တမ်း နှစ် (၂၀) လုံးလုံး အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲရဲ့ ဝမ်းနည်းစရာသတင်းကို သေချာပြည့်ပြည့်စုံစုံမပြောပြနိုင်သေးလို့ ကျွန်တော့်ကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ငါမင်းကို အမြဲတမ်းချစ်နေမယ် EH ရေ..” ဆိုပြီး မီးမီးခဲရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် ပြောထားပါတယ်။

မီးမီးခဲကတော့ ကွယ်လွန်သွားချိန်မှာ အသက် (၃၇) နှစ် အရွယ်သာရှိသေးပေးပြီး သမီးကြီး ဖြူဖြူစင်စင်လင်း၊ သမီးလတ် Narnia နဲ့ သားငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် အေးချမ်းတဲ့အရပ်မှာ ကောင်းမွန်စွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mee Mee Khel-မီးမီးခဲ’s fb
unicode

တောက်ပတဲ့ ဂီတကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ အချိန်မတန်သေးပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက် ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေကလည်း စိတ်မကောင်းဝမ်းနည်းကြသလို မီးမီးခဲရဲ့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းကလည်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူ ကို Brice ကလည်း မီးမီးခဲရဲ့ နောက်ဆုံးခရီးအတွက် ဝမ်းနည်းစရာ စာတစ်စောင်ကို အခုလိုပဲ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

(၂၀၂၀) အောက်တိုဘာလ (၁၆) ရက်နေ့မှာ ကျွန်တော်တို့မိသားစုရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ မီးမီးခဲကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့အတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ မီးမီးခဲနဲ့အတူတူ သူမအရမ်းချစ်တဲ့ ကလေးသုံးယောက်နဲ့ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲနဲ့ လက်ထပ်ခဲ့တဲ့ (၅) နှစ်ကျော်တာ ကာလမှာ မီးမီးခဲရဲ့ အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ နေ့စဉ်နေ့တိုင်းမှာ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ မီးမီးခဲက သူမရဲ့ ရင်သားကင်ဆာဝေဒနာကို လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက နောက်ဆုံ

းထွက်သက်အချိန်ထိ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ သူမ သိပ်ကြာကြာမနေနိုင်တော့ဘူးဆိုတာ သိလိုက်ချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးနဲ့ အေးအေးဆေးဆေးဖြစ်အောင်ပဲ နေထိုင်ခဲ့ကြတယ်။ မီးမီးခဲတစ်ယောက် မရှိတော့ပေမယ့် သူမရဲ့ သီချင်းတွေနဲ့ သူမရဲ့ အကြောင်းတွေကတော့ ကျန်ရစ်နေဦးမှာပါ။”

“ကျွန်တော်တို့ မိသားစုအတွက် ခက်ခဲပင်ပန်းနေတဲ့အချိန်တွေမှာ အားပေးကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သြစတေးလျနဲ့ မြန်မာပြည်က မိသားစုဝင်တွေလည်း မီးမီးခဲအတွက် ဆုတောင်းပေးခဲ့ကြတာ ကျွန်တော်တို့ အားလုံး သိရှိခံစားမိပါတယ်။ ပြီးတော့ မီးမီးခဲရဲ့ အနုပညာသက်တမ်း နှစ် (၂၀) လုံးလုံး အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲရဲ့ ဝမ်းနည်းစရာသတင်းကို သေချာပြည့်ပြည့်စုံစုံမပြောပြနိုင်သေးလို့ ကျွန်တော့်ကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ငါမင်းကို အမြဲတမ်းချစ်နေမယ် EH ရေ..” ဆိုပြီး မီးမီးခဲရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် ပြောထားပါတယ်။

မီးမီးခဲကတော့ ကွယ်လွန်သွားချိန်မှာ အသက် (၃၇) နှစ် အရွယ်သာရှိသေးပေးပြီး သမီးကြီး ဖြူဖြူစင်စင်လင်း၊ သမီးလတ် Narnia နဲ့ သားငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် အေးချမ်းတဲ့အရပ်မှာ ကောင်းမွန်စွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

RELATED POSTS

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top