မိုးကြီးရေလျှံနေတဲ့ကြားက သားသမီးဇောနဲ့ ခွေးကလေးတွေကို အသက်နဲ့ရင်းပြီးကယ်ထုတ်နေခဲ့တဲ့ ခွေးမကြီး

ဒီအဖြစ်က မကြာသေးခင်ကမှ လာအိုနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ ။ မုန်တိုင်းကြောင့် မိုးကြီးရေလျှံပြီး လူအတော်များများမှာလည်း ဒုက္ခရောက်နေကြရတာပါ ။ လူအတော်များများကတော့ ကယ်ဆယ်ရေးအသင်းအဖွဲ့တွေကြောင့် မုန်တိုင်းဒဏ်ကနေ လွတ်မြောက်နိုင်ကြပေမဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ နဲ့ ကျွဲ ၊ နွား တွေကတော့ လွတ်မြောက်ဖို့ အတော်လေးခဲယဉ်ကြမှာပါ ။

အခုဓာတ်ပုံတွေမှာ တွေ့ရှိရတဲ့အတိုင်း ရေကြီးရေလျှံနေတဲ့ကြားက ခွေးမကြီးဟာ တစ်ကောင်းထဲကျန်နေခဲ့တဲ့ သူ့ရဲ့ကလေးငယ်ကို မလွတ်တမ်းကိုက်ချီပြီး လွတ်မြောက်အောင်ကြိုးစားရုန်းကန်နေခဲ့ရတာပါ ။ ခွေးလေးရဲ့အဖြစ်ကို မြင်တွေ့ခဲ့သူက ဓာတ်ပုံရိုက်ပြီး social media ပေါ်မှာ ဝေမျှခဲ့တာပါ ။မုန်တိုင်းကြောင့် လူတွေကို ကယ်တင်ဖို့အနိုင်နိုင် ၊ ခွေးလေးတွေကတော့ ကိုယ့်ကိုအသက်ရှင်နိုင်ဖို့ ကိုယ်တိုင်ရုန်းကန်ရမဲ့အဖြစ်မျိုးမို့ အတော်လေးသနားဖို့ကောင်းပြီး ၊ ဓာတ်ပုံလေးတွေက ကြည့်ရှုမိသူတိုင်းကို ရင်ထဲထိနာကျင်စေခဲ့ပါတယ် ။

1.

2.

3.

4.

5.

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top