Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်းခဲ့သည့် EFD Group ကအိမ်ခြေ ၁၈၀၀ အတွက် စားသောက်ကုန်များလှူဒါန်း

————————————–
အောက်တိုဘာ ၂၃

သာကေတမြို့နယ်ရှိ Fortune Plaza Expoခန်းမကို COVID-19 လူနာ၁၀၀၀အထိထားရှိနိုင်မည့် Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်းခဲ့သည့် EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက အိမ်ခြေ ၁၈၀၀ အတွက် စားသောက်ကုန်များ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက “များသောအားဖြင့် အလုပ်တွေကနေလည်း နားထားရပြီး အိမ်ထဲမှာပဲ နေကြရတာမို့ အစားအစာအတွက် တစ်ချို့သောသူတွေ အခက်အခဲ ဖြစ်နေကြမယ်ဆိုပြီး ကျွန်တော် ကိုယ်ချင်းစာတဲ့စိတ်နဲ့ တွေးမိပါတယ်။ ဒါကြောင့် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ နို့ဆီ ၊ ကော်ဖီမစ်နဲ့ Mask အစ ရှိသည်များကို အိမ်ခြေ ၁,၈၀၀ အတွက် ကျွန်တော်တို့ EFD Group မိသားစုမှ အိမ်တိုင်ယာရောက် ထပ်မံ လှူဒါန်း ခဲ့ပါတယ်”လို့ဆိုပါတယ်။

#MyanmaPlatform #News #Domestic
#######################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top