တကျော့ပြန် ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး ပြန်လည်အောင်မြင်လာရတဲ့အကြောင်းရင်း

ထက်ထက်မိုးဦးရဲ့ လိုက်ဖ် ကိုကြည့်ပြီး တချို့က စန်းထတယ်လို့ ပြောကြတယ်။ ကျနော်ကတော့ ကိုယ်လုပ်နေတဲ့အရာပေါ်မှာ ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ ပြောချင်ပါတယ် ။ ဘယ်အချက်တွေနဲ့ ပြောတာလဲ။

၁။ ပရိသတ်ကို လေးစားတယ် – ထက်ထက်မိုးဦးဆိုတာ အရင်က လျှမ်းလျှမ်းတောက် ၊ မသိသူမရှိတဲ့ အောင်မြင်တဲ့ ကြော်ငြာမင်းသမီး၊ ခုနောက်ပိုင်း ခြေနေအရ လိုက်ဖ် လွင့်ရောင်းရတဲ့အခါမှာလဲ လိုက်ဖ် ကြည့်တဲ့ ပရိသတ် အပေါ်မှာ လေး‌လေးစားစား ဆက်ဆံတယ်။

၂။ မာနမရှိ – ငါ မင်းသမီးပဲ။ ငါ ရောင်းပေးတဲ့ လိုက်ဖ် တွေမှာ အရောင်း အများကြီးရတယ်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ ဆိုပြီး မဆက်ဆံဘူး။ မာန မထားတတ်ဘူး။ ပရိတ်သတ်ချစ်ခြင်းကို အဲ့တချက်နဲ့ အပိုင်သိမ်းလိုက်တာပဲ။

၃။ အမြဲ ပြုံးနေတယ် – သူ့အသက်အရွယ်နဲ့ မင်းသမီး ဂုဏ်နဲ့ ဈေးရောင်းရတာ ပင်ပန်းတယ်။ ဒါပေမယ့် အမြဲ ပြုံးနေတယ်။ အဲ့ဒါကလဲ အရောင်းရခြင်းရဲ့ အသက်။

၄။ အာရုံစူးစိုက်မှု – ထက်ထက်လှလားဟင်။ ဘာညာမမေးဘူး။ ကိုယ်ရောင်းရမယ့် ပစ္စည်းကို သေချာ အာရုံစိုက်ပြီး ရောင်းတယ်။

၅။ ကုန်ပစ္စည်းအကြောင်း – မင်းသမီးက ပစ္စည်းအကြောင်း ဘယ်လိုအကုန်သိနိုင်မှာလဲ။ ဒါပေမယ့် သူအတတ်နိုင်ဆုံး ရောင်းသူဆီက မေးပြီး ပြန်ပြောပေးတယ်။ စိတ်ရှည်တယ်။ လုပ်နေတဲ့အလုပ်ကို ပြီးအောင်လုပ်နိုင်တယ်။

၆။ ညှိနှိုင်းမှု – ရောင်းသူနဲ့ ဝယ်သူကြား အဆင်ပြေအောင် ညှိနှိုင်းနိုင်တယ်။

၇။ အရောင်း ဖြစ်မြောက်မှု – အရောင်းတခု ဖြစ်မြောက်ဖို့ Sales Closing လိုတယ်။ အရေးကြီးတဲ့ အချက်လဲ ဖြစ်တယ်။ အဲ့အချက်‌ကို သေချာ နားလည်တယ်။ အွန်လိုင်း က ပိုဆိုးတယ်။ ခုဝယ်မယ်ပြောပြီး နောက်ဖုန်းဆက်ရင် အရူးကွက်နင်းတာမျိုးတွေက ပိုများတယ်။ အဲ့အပိုင်းကို သေချာ ပိုင်နိုင်တယ်။ Sales Closing သေချာလုပ်တယ်။ စရံ လွှဲဖို့ ကိစ္စတွေကအစ ငွေလွှဲပြီးတဲ့အထိ Sales Closing ကို ကောင်းကောင်းလုပ်သွားနိုင်တယ်။

၈။ ဝယ်သူကို ဝန်ဆောင်မှု ပေးခြင်း – ခု ကား လိုက်ဖ် လွင့်ရောင်းတော့ သူကိုယ်တိုင် မောင်းပို့ပေးမယ်တဲ့။ အိမ်အရောက်။ ဘယ်လောက် ကောင်းလိုက်တဲ့ ဝန်ဆောင်မှုလဲ။

၉။ အိုင်တီနည်းပညာ – နည်းပညာ အပြောင်းအလဲကို လိုက်နိုင်တယ်။ သူ့အသက်အရွယ် တချို့ မင်းသမီးတွေ အိုင်တီ ကိုမလုပ်တတ်တဲ့အချိန်မှာ နည်းပညာနဲ့ အကျွမ်းတဝင် ဖြစ်‌နေတယ်။

ခုအချက်တွေကြောင့် ထက်ထက်မိုးဦး စန်းထပြီး အောင်မြင်တာ မဟုတ်ပဲ အလုပ်ကို ပရော်ဖက်ရှင်နယ် ပီသစွာ လုပ်လို့ အောင်မြင်တယ်လို့ ယူဆမိပါတယ်။ သေချာတာကတော့ နောက်မျိုးဆက်တဆက်စာ ထက်ထက်မိုးဦးကို ကြော်ငြာ ဘုရင်မဆိုတာ ဒုတိယံမိ ထပ်သိစေမယ်လို့ ယုံကြည်မိပါကြောင်း။

RELATED POSTS

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top