အာဏာရှင်လက်ထက်က အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ချီလီပြည်သူတွေ တညီတညွတ်တည်း ထောက်ခံမဲပေး

အာဏာရှင် ပီနိုချက်လက်ထက်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖို့ ပြင်ဆင်ရေးဆွဲဖို့ ချီလီပြည်သူတွေက တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့ကြပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး မဲ ၉၀ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးစီးချိန်မှာ ၇၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမြို့နဲ့ တခြားမြို့တွေမှာ ပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။ ဆန်တီယာဂိုမြို့လယ် အဆောက်အအုံတစ်ခုမှာတော့ ချီလီနိုင်ငံ ပြန်လည်မွေးဖွားခြင်း Rebirth ဆိုတဲ့ စကားလုံးကို ပရောဂျက်တာနဲ့ ထိုးပြခဲ့ပါတယ်။

ချီလီသမ္မတ ပင်နီရာက ငြိမ်းငြိမ်းချမ်းချမ်း မဲပေးမှုတွေကို ချီးကျူးစကားဆိုခဲ့ပြီး ဒါဟာ ချီလီပြည်သူအားလုံး အတူတကွလျှောက်လှမ်းရမယ့် လမ်းကြောင်းရဲ့လမ်းစဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ချီလီနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဆင်းရဲမွဲတေမှုပမာဏက သိသိသာသာ ကျဆင်းသွားခဲ့ပြီး တစ်ဦးချင်း ပျမ်းမျှအချိုးအစားချကြည့်ရင် တောင်အမေရိကရဲ့ အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူတန်းစားမညီမျှမှု အဆိုးရွားဆုံးဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲပါပဲ။

ပြီးခဲ့တဲ့နှစ်ကစပြီး ချီလီနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေရဲ့ အဓိကတောင်းဆိုချက်တစ်ခုကတော့ လူ့အဖွဲ့အစည်းထဲမှာ ခိုင်မာစွာ အမြစ်တွယ်နေတဲ့ လူတန်းစားမညီမျှမှုတွေကို ပြင်ဆင်ပြောင်းလဲပေးဖို့ အခြေခံဥပဒေသစ် ရေးဆွဲပေးရေးပါပဲ။ ” အခုအချိန်မတိုင်ခင်အထိ အခြေခံဥပဒေက ကျွန်တော်တို့ကို ခွဲခြားထားခဲ့တယ်။ အခြေခံဥပဒေသစ်က စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အနာဂတ်အတွက် အဓိကမူဘောင်တစ်ရပ်ဖြစ်လာအောင် ဒီနေ့ကစပြီး ကျွန်တော်တို့အားလုံး အတူတကွလုပ်ဆောင်ရမယ်”လို့ ချီလီသမ္မတ ပင်နီရာက ပြောပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးသူတွေကို အခြေခံဥပဒေသစ် ပြင်ဆင်ရေးဆွဲချင်သလား၊ အခြေခံဥပဒေသစ် ရေးဆွဲဖို့ ဘယ်အဖွဲ့ကို တာဝန်ပေးချင်သလဲဆိုတဲ့ မေးခွန်း ၂ ခု မေးခဲ့ပါတယ်။ မဲပေးသူအများစုကတော့ လွှတ်တော်အမတ်တွေ ပါဝင်လာမှာကို မလိုလားကြဘဲ ရွေးကောက်ခံပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကိုပဲ တာဝန်ပေးဖို့ မဲပေးခဲ့ကြပါတယ်။ အဖွဲ့ဝင် ၁၅၅ ဦးပါဝင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ မဲပေးရွေးချယ်ရမှာဖြစ်ပြီး အဲဒီအဖွဲ့က တစ်နှစ်အတွင်း အခြေခံဥပဒေသစ်ကို မူကြမ်းရေးဆွဲပြီး ပြည်သူတွေကို မဲပေးဆုံးဖြတ်ခိုင်းမှာပါ။
…………..

Ref: BBC ” Jubilation as Chile votes to rewrite constitution”
Nz (ရိုးရာလေး)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top