တူတူပုန်းတမ်း ကစားရင်း တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၄ နှစ်သမီးလေးကို ပြန်တွေ့ပြီ

တူတူပုန်းတမ်း ကစားရင်း တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၄ နှစ်သမီးလေးကို ပြန်တွေ့ပြီ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာတွင် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၈ ရက်ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ၄ နှစ်အရွယ် ရှိ ဉီးကျော်ဉီး၊ဒေါ်အေးစန်းတို့ရဲ့သမီးမပြည့်ပြည့်ဇွန်အမည်ရှိမိန်းခလေးတစ်ဦးပျောက်ဆုံးခဲ့ရာ ၉ရက်မြောက်၊ ဒီနေ့အောက်တိုဘာလ၂၆ရက်နေ့လည်ပိုင်းမှာသေဆုံးလျက်တွေ့ရှိရတယ်လို့ ရွှေတောင် မြို့မရဲစခန်းမှသိရသည်။

“ကျောက်ဖူးကျင်းကျေးရွာ မြောက်ဖက်၊ ကျောက်ဖူးကျင်းကျေးရွာနဲ့ ကန်သုံးဆင့်ကျေးရွာကြားက လယ်ကွင်းထဲမှာ သေဆုံးလျက် တွေ့ရတာပါ၊ ကလေးကို ဒီအတိုင်း အင်္ကျီ မပါဘဲ ပစ်ထားတာတွေ့ရပါတယ်” လို့ ရွှေတောင်မြို့နယ် လေးထပ်ရောင်ခြည်ပရဟိတဉက္ကဋ္ဌ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

မပြည့်ပြည့်ဇွန်သည် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄နာရီအချိန်ခန့်၌ ကလေးလေးယောက် ဆော့နေပြီး ရေဆာ၍ အိမ်တစ်အိမ်မှာ ရေတက်သောက်ကြရာမှ ပြန်အဆင်းအလာ ပျောက်ဆုံးသွားကြောင်း၊ ရွာတွင် အိမ်ခြေ ၂၂ အိမ်ဘဲရှိပြီး တစ်ဘက်ပိတ်ဖြစ်၍ တခြားဘက်တွင် လမ်းမရှိကြောင်း ကိုဗစ်ကာလဖြစ်၍ ရွာထိပ်တွင် မောင်းတံဂိတ်ရှိရာ အဆိုပါ မောင်းတံဂိတ်မှာလည်း အမြဲအစောင့်ရှိကြောင်း ပျောက်သွားသော ညနေ အချိန်အထိ မောင်းတံဂိတ်တွင် အစောင့်ရှိပြီး ကလေးကို မတွေ့ကြောင်းဒေသခံများထံက သိရပါတယ်။

“မပြည့်ပြည့်ဇွန် ပျောက်နေတာနဲ့ ပတ်သက်လို့ စခန်းမှာ လူပျောက်ဖွင့်ထားပါတယ် စခန်းကရော၊ ရွှေတောင်မြို့နယ်က ပရဟိတအဖွဲ့တွေရော လိုက်ရှာခဲ့ကြပါတယ်။ ရွာကအဝင်အထွက်က တစ်ပေါက်ဘဲရှိတယ် ၊အဲဒီနေ့က ကလေးက တူတူပုန်းတမ်းကစားတယ် ပြောကြတယ်။ ကျနော်တို့က အနီးပတ်ဝန်းကျင်ကို အသဲအသန် ရှာခဲ့ပါတယ်။ ရွာမှာက ချောင်းလည်းရှိတယ်။ ဒီနေ့ အောက်တိုဘာလ ၂၆ ရက်နေ့လယ်ပိုင်းမှာ ကျောက်ဖူးကျင်း ကျေးရွာရဲ့ မြောက်ဖက်၊ ရွာနှစ်ရွာကြားမှာ သေဆုံးလျက် တွေ့ရတာပါ” လို့ ရွှေတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဉီးက အတည်ပြုပြောပါတယ်။

ဉီးကျော်ဉီးနှင့် ဒေါ်အေးစန်းတို့၏ သမီး မပြည့်ပြည့်ဇွန် ပျောက်နေမှုအား လူပျောက်အမှတ်စဉ် (၄) ဖြင့် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

Post Views: 116

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top