အရမ်းကြောက်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကို အတင်းချုပ်ပြီး ဂုတ်ပေါ်မြွေတင်ပေးကာ ဆေးကြီးကြီးထိုး စနောက်ခဲ့တဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယို

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီး သက်မွန်မြင့်ဟာဆိုရင် သီချင်းဗီစီဒီတွေ ရိုက်ကူးရာကနေ လူသိများပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလို့တောင် တင်စားထားရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် အနုပညာလောကအတွက် တာဝန်ကျေသူတစ်ယောက်ဖြစ်တဲ့အပြင် မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက ပျော်ပျော်နေတတ်ပြီး သူများကို စနောက်ရတာ ဝါသနာပါတဲ့ သက်မွန်မြင့်က သူမရဲ့ အနီးအနားမှာရှိတဲ့ ဘယ်သူ့ကိုမဆို ဆေးကြီးကြီးထိုး စနောက်တတ်တာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။

ဒီကနေ့မှာလည်း သက်မွန်မြင့်က “ရှင်တို့ အေးတယ်ပြောတဲ့ ရှင်တို့ မင်းသမီး ဘယ်လောက်ဆိုးလဲ ကြည့်လိုက် Zoey by Ma Pont ရဲ့ ရှုတင်မှာ Stylist Putu ကို နှိပ်စက်ထားတာ” ဆိုပြီး

မြွေအရမ်းကြောက်တဲ့ လုပ်ဖော်ကိုင်ဖက်ကို ဂုတ်ပေါ်မြွေတင်ပေးပြီး ဆေးကြီးကြီးထိုး စနောက်ခဲ့တဲ့ အမှတ်တရလေးကို အခုလိုပဲ ချပြလာခဲ့ပါတယ်။

သက်မွန်မြင့်ကတော့ သူများကို စနောက်နေရရင် ပျော်နေတတ်တာ ပရိသတ်ကြီ မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thet Mon Myint’s fb
unicode

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီး သက်မွန်မြင့်ဟာဆိုရင် သီချင်းဗီစီဒီတွေ ရိုက်ကူးရာကနေ လူသိများပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလို့တောင် တင်စားထားရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် အနုပညာလောကအတွက် တာဝန်ကျေသူတစ်ယောက်ဖြစ်တဲ့အပြင် မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက ပျော်ပျော်နေတတ်ပြီး သူများကို စနောက်ရတာ ဝါသနာပါတဲ့ သက်မွန်မြင့်က သူမရဲ့ အနီးအနားမှာရှိတဲ့ ဘယ်သူ့ကိုမဆို ဆေးကြီးကြီးထိုး စနောက်တတ်တာကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ဒီကနေ့မှာလည်း သက်မွန်မြင့်က “ရှင်တို့ အေးတယ်ပြောတဲ့ ရှင်တို့ မင်းသမီး ဘယ်လောက်ဆိုးလဲ ကြည့်လိုက် Zoey by Ma Pont ရဲ့ ရှုတင်မှာ Stylist Putu ကို နှိပ်စက်ထားတာ” ဆိုပြီး မြွေအရမ်းကြောက်တဲ့ လုပ်ဖော်ကိုင်ဖက်ကို ဂုတ်ပေါ်မြွေတင်ပေးပြီး ဆေးကြီးကြီးထိုး စနောက်ခဲ့တဲ့ အမှတ်တရလေးကို အခုလိုပဲ ချပြလာခဲ့ပါတယ်။

သက်မွန်မြင့်ကတော့ သူများကို စနောက်နေရရင် ပျော်နေတတ်တာ ပရိသတ်ကြီ မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top