ကိုဗစ်ကာလမရှောင် လုပ်နေတဲ့ ပခုက္ကူက နာမည်ကြီး ကြက်တိုက်ဝိုင်းကို ဖမ်းပြီ

ကိုဗစ်ကာလမရှောင် လုပ်နေတဲ့ ပခုက္ကူက နာမည်ကြီး ကြက်တိုက်ဝိုင်းကို ဖမ်းပြီ..

ကိုဗစ် ကူးစက်ရောဂါကာလ၌ မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း ရောဂါပြန့်ပွားမှုတားဆီးရေးအတွက် လုပ်ငန်းများဆောင်ရွက်စဉ် ကြက်တိုက်လောင်းကစားသည့် အဖွဲ့ကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူခဲ့ကြောင်း အောက်တိုတာ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် ပခုက္ကူမြို့၊ မကျီးပင်ပုအုပ်စု၊ နှောကုန်း ကျေးရွာအပိုင် ကိုဝင်းမြင့်၏ ယာခင်းအနီး ဇီးပင်အောက်တွင် လူအုပ်စုလိုက်ဖြင့် ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပခုက္ကူခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ကြက်တိုက်လောင်းကစားဝိုင်းဖြစ်နေကြောင်း သိရသည်။

လောင်းကစားမှုကျူးလွန်သည့် အောင်ကိုမြင့် ပါ(၇)ဦးတို့ကို တိုက်ကြက်ဖ (၃) ကောင်၊ လက်ကိုင်ဖုန်း (၅) လုံး၊ ဆိုင်ကယ် (၃၂) စီး၊ ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ စက္ကူရောရာ (၂၃၈၀၀) ကျပ်တို့နှင့်အတူ ရဲတပ်ဖွဲ့က ကြက်တိုက်လောင်းကစားစဉ်ဖမ်းဆီးရမိခဲ့သည်။

ယင်းအတွက်ကြောင့် ကိုဗစ် ကူးစက်ရောဂါကာလ၌ အုပ်စုဖွဲ့လောင်းကစားမှုကျူးလွန်ကြသူ ၇ ဦးတို့ကို ထိုက်သင့်ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ပခုက္ကူမြို့မရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြက်ဝိုင်းလုပ်သည့်နေရာ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top