ဝမ်းရေးနဲ့ သေရေးရှင်ရေးက လွဲရင် အားလုံး အိမ်ထဲနေသင့်တဲ့ အချိန်ကာလ

ဆေးရုံအပေါက်မှာ သားရေစာ လာရောင်းသူတွေ မရှိသလောက်ကို နည်းသွားချိန်မှာ ဒီမနက် ပြောင်းဖူးပြုတ်ကို ခေါင်းရွက်ဗန်း နဲ့ လာရောင်းနေသူ အမျိုးသမီး တစ်ဦးကို တွေ့လိုက်ပါတယ်။ ကားကို နှေးလိုက်ပြီး မှန်လေး ချလို့ “ခု ချက်ခြင်း Mask တပ်စမ်း” ဆိုပြီး ၆ ပေ အကွာက လှမ်းငေါက်လိုက်ရတယ်။ သူ့ အိပ်လေးထဲ ဖြဲပြီး Mask ကို အသည်းအသန် လိုက်ရှာနေလေရဲ့။

မရှိဆင်းရဲသားဆိုတော့ ဒါလေး ရောင်းချပြီး ရတဲ့ အမြတ်လေးနဲ့ တစ်နေ့စာ ဝမ်းစာရှာရတာ။ ဒီလို လူမျိုးတွေ အိမ်ထဲမှာ Stay Home ထိုင်နေရုံနဲ့ ဘယ်သူကမှ ထမင်းလာကျေွးမှာ မဟုတ်ဘူး။ ဒီတော့ အိမ်မှာ ထိုင်နေလည်း ထမင်းမရှားတဲ့ လူတန်းစားကတော့ တတ်နိုင်သမျှ အပြင် မထွက်ပေးကြမှ လမ်းပေါ်မှာ လူနည်းမယ်။

တတ်နိုင်သူတွေက ကိုယ်ဝယ်စရာ ရှိတာတွေကို တစ်ပါတ် ၂ ပါတ်စာ တခါထည်း ထွက်ဝယ်သင့်တယ်။ နေ့ တိုင်း ထွက်မဝယ်သင့်။ မထွက်ရင် ထမင်းငတ်မယ့်သူတွေကြတော့ အခြေခံကာကွယ်ရေး အပြည့်အစုံကို လိုက်နာသင့်တယ်။ ဒါမှ မဟုတ်ရင် ဒီထက်ပိုတင်းကျပ်လိုက်ရရင် စီးပွားရေး ပိုကျပ်တည်းဖို့ပဲ ရှိတယ်။ ဒီလို လူတန်းစားတွေကလည်း ဖဘ တက်ပြီး ဒီစာတွေ ဖတ်မိမှာ မဟုတ်ဘူး။ ဒီတော့ ကိုယ့်နီးစပ်ရာတွေကို လူတိုင်းက ဒီအိုင်ဒီယာကို ဝါဒဖြန့်ပေးမှ ကျနော်တို့ အောင်မြင်မယ်ထင်တယ်။

မန္တလေး အခြေအနေ သိသာရန် ပုံတင်ပေးလိုက်ပါတယ်။ မြင်တဲ့အတိုင်း စပြီး ထောင်တက်လာပါပြီ။ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး Mask တပ် လက်ဆေး ဝေးဝေးနေကြရုံပါ။ Stay Home ဆိုတာက Lock down မဟုတ်ဘူး။ မဖြစ်သာမှ အပြင်ထွက်ကြပါလို့ ပြောတာ။ ပျင်းလွန်းလို့ အိမ်ပြင်ထွက်လည်တာမျိုးတွေ ရှောင်ကြပါလို့ ပြောတာ။ သေရေးရှင်ရေး ဝမ်းရေး ကလွဲပြီး တတ်နိုင်သူတွေ အိမ်ထဲ နေပေးကြပါ။

Maung Maung Oo

##############################

ဝမ်းရေးနဲ့ သေရေးရှင်ရေးက လွဲရင် အားလုံး အိမ်ထဲနေသင့်တဲ့ အချိန်ကာလ

ဆေးရုံအပေါက်မှာ သားရေစာ လာရောင်းသူတွေ မရှိသလောက်ကို နည်းသွားချိန်မှာ ဒီမနက် ပြောင်းဖူးပြုတ်ကို ခေါင်းရွက်ဗန်း နဲ့ လာရောင်းနေသူ အမျိုးသမီး တစ်ဦးကို တွေ့လိုက်ပါတယ်။ ကားကို နှေးလိုက်ပြီး မှန်လေး ချလို့ “ခု ချက်ခြင်း Mask တပ်စမ်း” ဆိုပြီး ၆ ပေ အကွာက လှမ်းငေါက်လိုက်ရတယ်။ သူ့ အိပ်လေးထဲ ဖြဲပြီး Mask ကို အသည်းအသန် လိုက်ရှာနေလေရဲ့။

မရှိဆင်းရဲသားဆိုတော့ ဒါလေး ရောင်းချပြီး ရတဲ့ အမြတ်လေးနဲ့ တစ်နေ့စာ ဝမ်းစာရှာရတာ။ ဒီလို လူမျိုးတွေ အိမ်ထဲမှာ Stay Home ထိုင်နေရုံနဲ့ ဘယ်သူကမှ ထမင်းလာကျွေးမှာ မဟုတ်ဘူး။ ဒီတော့ အိမ်မှာ ထိုင်နေလည်း ထမင်းမရှားတဲ့ လူတန်းစားကတော့ တတ်နိုင်သမျှ အပြင် မထွက်ပေးကြမှ လမ်းပေါ်မှာ လူနည်းမယ်။

တတ်နိုင်သူတွေက ကိုယ်ဝယ်စရာ ရှိတာတွေကို တစ်ပါတ် ၂ ပါတ်စာ တခါထည်း ထွက်ဝယ်သင့်တယ်။ နေ့ တိုင်း ထွက်မဝယ်သင့်။ မထွက်ရင် ထမင်းငတ်မယ့်သူတွေကြတော့ အခြေခံကာကွယ်ရေး အပြည့်အစုံကို လိုက်နာသင့်တယ်။ ဒါမှ မဟုတ်ရင် ဒီထက်ပိုတင်းကျပ်လိုက်ရရင် စီးပွားရေး ပိုကျပ်တည်းဖို့ပဲ ရှိတယ်။ ဒီလို လူတန်းစားတွေကလည်း ဖဘ တက်ပြီး ဒီစာတွေ ဖတ်မိမှာ မဟုတ်ဘူး။ ဒီတော့ ကိုယ့်နီးစပ်ရာတွေကို လူတိုင်းက ဒီအိုင်ဒီယာကို ဝါဒဖြန့်ပေးမှ ကျနော်တို့ အောင်မြင်မယ်ထင်တယ်။

မန္တလေး အခြေအနေ သိသာရန် ပုံတင်ပေးလိုက်ပါတယ်။ မြင်တဲ့အတိုင်း စပြီး ထောင်တက်လာပါပြီ။ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး Mask တပ် လက်ဆေး ဝေးဝေးနေကြရုံပါ။ Stay Home ဆိုတာက Lock down မဟုတ်ဘူး။ မဖြစ်သာမှ အပြင်ထွက်ကြပါလို့ ပြောတာ။ ပျင်းလွန်းလို့ အိမ်ပြင်ထွက်လည်တာမျိုးတွေ ရှောင်ကြပါလို့ ပြောတာ။ သေရေးရှင်ရေး ဝမ်းရေး ကလွဲပြီး တတ်နိုင်သူတွေ အိမ်ထဲ နေပေးကြပါ။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top