ကိုဗစ်ကာလ ကျိုက်မရော ပိန်န္နဲကုန်းစျေးမီးလောင် ဆိုင်ခန်း ၁၈၅ ခန်း ဆုံးရှုံး

နိုဝင်ဘာလ (၂၁) ရက်နေ့ ညဦးပိုင်းက မွန်ပြည် နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းရွာလယ်စျေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၁၈၅ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အခုလို မီးလောင်ကျွမ်းခဲ့တဲ့အတွက် ဆိုင်ရှင်စုစုပေါင်း ၈၅ဦး နစ်နာခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် သိန်း ၉၈၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ခန်းတစ်ခုရဲ့ မိန်းဘုတ်ကနေ ဝါယာလျော့ဖြစ်ပြီးလောင်တာပါ၊ လမ်းကျဥ်းလို့ ခက်ခက်ခဲခဲဝင်ခဲ့ရပါတယ်။ စျေးကတော့ တစ်စျေးလုံးကုန်သွားပါတယ်၊ မီးက (၃) နာရီကျော်မှာငြိမ်းပါတယ်၊ လောင်ချိန်က (၂) နာရီလောက်ကြာပါတယ်”လို့ ကျိုက်မရောမြို့နယ် မီးသတ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အိမ်မှာ ပိုက်ဆံမထားရဲလို့ ဆိုင်မှာ ပိုက်ဆံသိမ်းထားတာ ခုမီးထဲပါသွားပြီ။ ခုလို အခက်ခဲဖြစ်နေတဲ့ကာလမှာ မီးကထပ်လောင်တယ် ဆိုတော့ ဒုက္ခအရမ်းရောက်သွားပါပြီ” လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်စဥ်အပေါ် ကျိုက်မရောမြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ နဲ့အမှုဖွင့်လှစ်ထားတာရှိပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ကျိုက်မရောမြို့မရဲစခန်းကနေသိရပါတယ်။ ကျိုက်မရောမြို့မှာ ပိန္နဲကုန်းစျေးအပြင် ကျိုက်ပရံကျေးရွာမှာလည်း မနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသေးတယ်။

Photo – Bo Bo Win

#############################

နိုဝင်ဘာလ (၂၁) ရက်နေ့ ညဦးပိုင်းက မွန်ပြည် နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းရွာလယ်ဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၁၈၅ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အခုလို မီးလောင်ကျွမ်းခဲ့တဲ့အတွက် ဆိုင်ရှင်စုစုပေါင်း ၈၅ဦး နစ်နာခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် သိန်း ၉၈၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ခန်းတစ်ခုရဲ့ မိန်းဘုတ်ကနေ ဝါယာလျော့ဖြစ်ပြီးလောင်တာပါ၊ လမ်းကျဉ်းလို့ ခက်ခက်ခဲခဲဝင်ခဲ့ရပါတယ်။ ဈေးကတော့ တစ်ဈေးလုံးကုန်သွားပါတယ်၊ မီးက (၃) နာရီကျော်မှာငြိမ်းပါတယ်၊ လောင်ချိန်က (၂) နာရီလောက်ကြာပါတယ်”လို့ ကျိုက်မရောမြို့နယ် မီးသတ်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အိမ်မှာ ပိုက်ဆံမထားရဲလို့ ဆိုင်မှာ ပိုက်ဆံသိမ်းထားတာ ခုမီးထဲပါသွားပြီ။ ခုလို အခက်ခဲဖြစ်နေတဲ့ကာလမှာ မီးကထပ်လောင်တယ် ဆိုတော့ ဒုက္ခအရမ်းရောက်သွားပါပြီ” လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်စဉ်အပေါ် ကျိုက်မရောမြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ နဲ့အမှုဖွင့်လှစ်ထားတာရှိပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ကျိုက်မရောမြို့မရဲစခန်းကနေသိရပါတယ်။ ကျိုက်မရောမြို့မှာ ပိန္နဲကုန်းဈေးအပြင် ကျိုက်ပရံကျေးရွာမှာလည်း မနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသေးတယ်။

Photo – Bo Bo Win

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top