မြိတ်မြို့က ပရဟိတ ညီအကိုတွေ ဒူးထောက် တောင်းပန်ရကျိုး နပ်ပါပြီ

မြိတ်တွင် ကျန်မာရေးအထောက်အကူပြုယာဉ်နှင့် တိုက်မိသည့် ဆိုင်ကယ်မောင်းနှင်သူမှာ မြိတ်မြို့ သူဌေးကြီး တစ်ဦး၏ သားဖြစ်ပြီး အမှုကို ကျေအေးပေးသွားမည် ဟုဆို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ကျန်းမာရေးအထောက်အကူပြုယာဉ်နှင့် တိုက်မိ၍သေဆုံးခဲ့သည့် ဆိုင်ကယ်မောင်းနှင်းသူမှာ မြိတ်မြို့သူဌေးကြီးတစ်ဦး၏ သားဖြစ်ပြီး ယာဉ်တိုက်မှုအပေါ် ကျေအေးပေးသွားမည်ဟု ပြောဆိုကြောင်း မိခင်အရေးပေါ်လူနာတင်ယာဉ် ပရဟိတအသင်းခရိုင် ဥက္ကဌ ဦးဇော်မျိုးဦးက ပြောသည်။

နိုဝင်ဘာလ ၁၉ရက်၊ နံနက်ပိုင်းက မြိတ်မြို့နယ်၏ မိခင်ကျန်းမာရေး အထောက်အကူပြု ပရဟိတအသင်းမှ ကဘင်း ကျေးရွာရှိ အနံ့ပျောက်လူနာအား သွားရောက်ခေါ်ယူရန် ယာဉ်မောင်း အောင်ကိုက ကျန်း မာရေးအ ထောက်အကူပြုယာဉ်ကို မောင်းနှင်ထွက်သွားခြင်း ဖြစ်သည်။

ယင်းယာဉ်မှာ ကြံတောလမ်းဆုံအရောက်တွင် ဗန္ဓုလလမ်းဘက်မှ ကြံတောလမ်းဘက်သို့ မျိုးမြင့်ကျော် မောင်းနှင်ပြီး နောက်တွင် ရဲဇင်မျိုးအောင် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်းသူ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စမှာ ဘယ်သူလွန်တယ်လို့ မပြောကြပါဘူး၊ သေဆုံးသွားတဲ့ ကလေးရဲ့ အဖေက မြိတ်မြို့က သူဌေးကြီးတစ်ယောက် ဖြစ်နေတယ်၊ အဲဒါကြောင့် ဒီကိစ္စအပေါ်မှာ ပရဟိတ လုပ်ဆောင်ပေးနေတဲ့သူ ဖြစ်တာကြောင့် ကာယကံရှင်က ကျေအေးပေးမှာပါ၊ဒီမှာရှိတဲ့ သူဌေးတော်တော်များများကလည်း အာမခံတယ်၊ ကျွန်တော့်တပည့်ကိုလည်း ရဲနဲ့ချိတ်ဆက်ပြီး သေချာ ထိန်းသိမ်း ထားပါတယ်၊ တစ်ဖက်က အမှုစွဲလာဆိုတော့ လူသေမှုဖြစ်သွားတဲ့အတွက် အမှုတော့သွားမှရမယ်၊ တရားရုံးရောက်တာနဲ့တရားသူကြီးထံမှာ တရားတင်စွဲပြီးတာနဲ့ ကျေအေးလွှာတင်မှာပါ”ဟု ၎င်းကဆိုသည်။

ယနေ့ နိုဝင်ဘာလ၂၁ရက်၊ မွန်းလွဲပိုင်းက သေဆုံးသူ၏ ရုပ်အလောင်းကို သြင်္ဂုဟ်ရန် စီစဉ်ဆောင်ရွက်ရာတွင် မြိတ်ခရိုင် မိခင်အရေးပေါ်လူနာတင်ယာဉ် ပရဟိတအသင်းအဖွဲ့သားများက ယာဉ်တိုက်သေဆုံးခဲ့သည့် သေဆုံးသူအပေါ် ဝန်ချတောင်းပန်ခြင်းအခမ်းအနားကိုလည်း (ပုံတွင်မြင်တွေ့ရသည့်အတိုင်း) လုပ်ဆောင် ခဲ့ကြောင်းသိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top