ပေါက်စီစက်ရုံကိစ္စက ဆွဲထုတ်ပြလိုက်တဲ့ မြန်မာပြည် ကလေးလုပ်သားများ နောက်ကွယ်က အကြောင်းရငျး

ဒီပြသနာကိုရေးဖို့အစီအစဉ်မရှိပါဘူး ဒါပေမယ့် ကိုယ်နေတဲ့နားဖြစ်နေတာရယ် ဖြစ်စဉ်အ စအဆုံးသိနေတာရယ်တွေကြောင့်ပါ

ရန်ကုန်မှာ ကလေးလုပ်သားခိုင်းစေမူ့ဟာ အခုပေါက်စီမှရယ် မဟုတ်ပါဘူး နေရာစုံ လုပ်ငန်းစုံမှာ အများကြီးပါ အနီးစပ်ဆုံး လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဝင်ထိုင်ကြည့်လိုက် အသက်၁၂နှစ် ဝန်းကျင်ကလေးတစ်ယောက်ရောက်လာပြီး ဘာသောက်မလဲအကိုလို့ မေးပါလိမ့်မယ် ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး

အခုပေါက်စီပြသနာကလဲ အဲ့တာပါပဲ ကလေးက သူနဲ့သူ့ညီမဖြစ်သူကို အလုပ်ရှင်ကရိုက်တယ် မခံနိုင်တာရယ် ကြောက်လန့်တာရယ်ကြောင့် ပတ်ဝန်းကျင် အကူအညီတောင်း ကလေးက ရဲတိုင် အလုပ်ရှင်ကို စခန်းလာခေါ် ဒီဖြစ်စဉ်ထိက ပုံမှန်ပါပဲ

အရပ်ထဲမှာလဲ အလုပ်သမားကလေးတွေ အချိုးမပြေတာခိုင်းတာမလုပ်ရင် ဆူငေါက်နေတာပါပဲ တွေ့ နေရပါတယ် တစ်ခါသား ဝပ်ရှော့မှာ ပညာသင်က လေး ခိုင်းတဲ့အတိုင်းမလုပ်လို့ ဆရာက ဂွနဲ့ပစ်ပေါက် တာ နဖူးကွဲသွားလို့ ကိုယ်နဲ့စကားများဖူးပါတယ် သူတို့ချင်းက ပြသနာမဖြစ်ပါဘူး ဝပ်ရှော့ဆရာက ကိုယ့်ကို ခင်ဗျားတို့ စာသင်ခဲ့တုန်းကတောင် ဆရာက ရိုက်ခဲ့သေးတာပဲတဲ့

ပေါက်စီပြသနာက ဘယ်ကမှန်းမသိ ဆွတဲ့လူတွေ ရောက်လာတာ အိမ်ထဲရှိတဲ့ အလုပ်သမား ၁၈ယောက်ကို ရဲကခေါ်ပြီး စောင့်ရှောက်ပြီးပြီ ဒါကို အိမ်ထဲလှောင်ထားတယ် ရှိအုံးမယ် မြေအောက်ခန်းရှိမယ် ကလေးတွေကျန်အုံးမယ် အပုပ်နံတွေထွက်နေတယ် သွေးကွက်တွေ တွေ့ရတယ် စသဖြင့် လူတွေကြွလာအောင် တစ်ပြိုင်နက်ထဲဖွကြ တယ်

ရဲကထိန်းမရတော့ လူတစ်ချို့ခေါ် အိမ်ထဲအတူရှာကြ တယ် ဘာမှမတွေ့ဘူး ဒါကိုလူတွေနဲ့ မီဒီယာက မကျေနပ်ဘူး တစ်အိမ်လုံးဖြို မြေတူးရှာခိုင်းတယ် ပေါက်စီကပဲ လူသားထည့်ထားသလိုလို ဒီလောက် ဈေးကြီးမယ့်လူသား ဘယ်အလုပ်ရှင်ကထည့်မလဲဗျာ လူအုပ်ကများလာတယ် တကယ်တော့ စပ်စုကြတာ အော်ကြီးဟစ်ကျယ်လုပ်တာ ဘယ်ကရောက်လာမှန်း မသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီး နောက်တော့ ကားတွေ လှဲကြ ဂဲနဲ့ရဲတွေပေါက်ကြ ပြသနာဖန်တီး တော့တယ်

ရဲကလဲ သူ့လုပ်ထုံးနည်းအတိုင်း လုပ်မှာပါပဲ ရာဘာကျည်နဲ့ပစ်ရှင်းတယ် မရှင်းရင်လဲ အိမ်ရောကားရော မီးရိူ့တော့မှာ ရဲက အပြစ်ရှိသူကို အရေးယူ ဖို့ခေါ်သွားပြီး ဥပဒေအတိုင်းဆက်လုပ်တယ် ဒါကို နည်းမျိုးစုံနဲ့ဖွ ပြသနာကြီးအောင် မတည်ငြိမ်အောင် အစီစဉ်တကျလုပ်ဆောင်နေတာ ဘယ်ကဒေါသထွက်နေတဲ့ လူတွေပါလဲ

ကလေးလုပ်သားတွေ ရန်ကုန်နေရာအနှံမှာရှိပါတယ် အိမ်ဖော် စားပွဲထိုး အလုပ်ရုံလုပ်သား နယ်ပယ်စုံမှာ ပါ အခုပေါက်စီက အိမ်မဲကခေါ်ထားတဲ့ ကလေးလုပ်သားလေးတွေပါ ပြသနာဖြစ်လာတော့မှ ဟိုလူ့အပြစ် တင် ဒီလူ့အပြစ်ပြော ပြသနာရှာကြ ဖြစ်လာတာပါ။

ကလေးလုပ်သားပပျောက်ရေး အသံကုန်ဟစ် ကမ္ဘာပတ် အလှူခံစားနေသူတွေက လက်ဖက်ရည်ဆိုင်က ၁၂ နှစ်အရွယ် စားပွဲထိုးလေးလာချတဲ့ လက်ဖက်ရည်ကို အရသာခံသောက်ရင်း စီးကရက်သောက်ဖို့ မီးညှိ ခိုင်းနေတာကရော တရားမျှတရဲ့လား ပြသနာတစ်ခုအစထွက်ရင် ဥပဒေအတိုင်း ဖြေရှင်းဖို့ထက် ကားတွေတွန်းလှဲ ဂဲတွေ ဂွ တွေနဲ့ပစ် ရမ်းကားတာကရော တရားမျှတမူ့လား ဘယ်အရာမဆို တရားမျှမျှတတတွေးကြပါ အလုပ်ရှင်ဘက်က မျှတမူရှိအောင် အနိုင်မကျင့်အောင် မျှတအောင် ခိုင်း စေဖို့ ဥပဒေတွေနဲ့ချုပ်ကိုင်ပါ။

ကလေးလုပ်သားဆိုတာလဲ မိဘက အဆင်မပြေလို့ မကျွေးနိုင်လို့ စတဲ့ အခက်အခဲစုံကြောင့် လာလုပ်ရတာမို့ မဖြစ်မနေ လုပ်ရတဲ့အခါ အကာကွယ်ပေးဖို့ ဥပဒေသာလျှင် အသင့်တော်ဆုံးပါ။ မြန်မာပြည်မှာ ပြသနာဖြစ်လာရင် ဘယ်နေရာမဆို အချိန်နဲ့တပြေးညီရောက်ရောက်လာတတ်တဲ့ ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးကိုလဲ တားဆီးဖို့ ဥပဒေသာ လျှင် စွမ်းဆောင်နိုင်ပါမယ်လို့ ထင်မိပါတယ်ဗျာ…

မုဆိုးလက္

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top