စွန့်ပစ်ခံနေရတဲ့ ပလောင်တိုင်းရင်းသား လူနာကိုရင်နှင့် အတူနေ ကိုရင်လေးနှစ်ပါးအတွက် အလှူခံပါရစေ

အလှူခံပို့စ်ပါ 😌🙏🙏🙏

ကျေးဇူးပြု၍ အချိန်ပေးပြီး ဖတ်ပေးစေချင်ပါတယ်ရှင့်🙏🙏🙏

စွန့်ပစ်ခံနေရတဲ့ ပလောင်တိုင်းရင်းသား လူနာကိုရင်နှင့်
အတူနေ ကိုရင်လေးနှစ်ပါးအတွက် အလှူခံပါရစေ🙏

ဝေးလံခေါင်သီလွန်းတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း
ကျေးသီးမြို့နယ် ကျွန်းတောင်ရွာမှ မန္တလေးမြို့က
ဘုန်းကြီးကျောင်းတစ်မှာ ပညာသင်ကြားနိုင်ဖို့အတွက်
ကိုရင်ဝတ်နဲ့ရောက်လာခဲ့တဲ့ ပလောင်ကိုရင်လေးဟာ
ဆွမ်းစားရင်း ရုတ်တရက်လေဖြတ်သလိုဖြစ် သတိမေ့ပြီး ဆေးရုံတင်လိုက်ရပါတယ်။

အခန်းအတူနေ ကိုရင် ၂ပါးနှင့်အတူ မန္တလေးဆေးရုံကြီး ၉ထပ်ဆောင် ၅လွှာ ကုတင်နံပါတ် ၂၈မှာ
ဆေးကုသမှူခံယူနေရပါတယ်။
ကိုရင်လေးအခြေအနေက စကားသာပြောနိုင်ပြီးတစ်ကိုယ်လုံးက အကြောများသေသွားသလို ပျော့ဖတ်ပြီး
မလှူတ်ရှားနိုင်တော့ပါဘူး။

ကိုဗစ်ရောဂါတွေနဲ့ကြောင့် ဝေဒနာရှင်ကိုရင်နှင့်အတူ
အခန်းဖော် ကိုရင် ၂ပါးကိုပါကိုရင်တို့နေခဲ့တဲ့ဘုန်းကြီးကျောင်းက လုံးဝပြန်မလာရလက်မခံတော့ပါဘူးလို့
ကျောင်းထိုင်ဆရာတော်ကမိန့်လိုက်ပါတယ်တဲ့။

ယခု ဘာသာစကားမကျွမ်းကျင်တဲ့ကိုရင်လေး ၃ပါးမှာ
ဆေးကုသစရိတ်မပြောနဲ့ ဆွမ်းစားဖို့တောင်ခက်ခဲနေပါတယ်။ပိုက်စံလည်း မရှိပါဘူးတဲ့။
လူနာကိုရင်အတွက် ပါလာတဲ့ငွေလေး အန်ရှူးဝါးထုပ်
၂၄၀၀တန်၁ထုတ်ဝယ်ထားပါတယ်တဲ့။၂နာရီခြားတစ်
ကြိမ်နှာခေါင်းပိုက်ကနေအစာသွင်းပေးဖို့ ဆေးရုံကညွှန်
ကြားထားပေမယ့် နောက်ထပ်ဝယ်ဖို့ မရှိပါဘူးတဲ့။

နေစရာမရှိတော့တာကနောက်မှရှင်းပေးလို့ရပေမယ့်
ဆေးကုသစရိတ်နဲ့ဆွမ်းစားဖို့အတွက်က အရေးပေါ်
လိုအပ်နေပါတယ်လို့ကျမတို့ဆီကို ဆက်သွယ်
အကူညီတောင်းခံလာပါတယ်။
မိဘဆွေမျိုးမရှိ ဘာသာစကားနားမလည် အားကိုးရာ
မဲ့နေကြတဲ့ ကိုရင်လေး ၃ပါးအတွက်
ကျမတို့လည်း တတ်နိုင်သလောက်ကူပေးပါ့မယ်။
အလှူရှင်များလည်းဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံ
ပါစေ🙏🙏🙏

ကိုယ်တိုင်ဆေးရုံကိုတိုက်ရိုက်သွားကူညီပေးလို့လည်း
ရပါတယ်။
ကျမတို့ကတစ်ဆင့်လှူဒါန်းပေးပါဆိုလျှင်လည်း ကူညီ
ပေးပါ့မယ်။

#အဖြူရောင်နှင်းဆီပရဟိတလူငယ်အဖွဲ့
09455390571 kpay
WaveAcc

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top