အဆိုတော်သားငယ် က လက်ရှိမှာအောင်မြင်တဲ့ ဂီတအနုပညာရှင်တစ်ယောက်ဖြစ်သည့်တိုင် အရင်က ပဲကြော်ရောင်းခဲ့တဲ့ သားငယ်ဘဝကို မစွန့်လွှတ်ပဲစီးပွားရေးတစ်ခုအနေနဲ့ ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး သားငယ်က သူ့ရဲ့ပဲကြော်နဲ့ပတ်သက်ပြီး စားသုံးသူတွေနဲ့ ချစ်တဲ့ပရိသတ်တွေကို live လွှင့်ပြီး ရောင်းပေးရမလား၊ Delivery နဲ့ပို့ပေးရမလား”ဆိုကာ အကြော်ရောင်းတဲ့လုပ်ငန်းမှာပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားပါသေးတယ်။
အဆိုတော်သားငယ် အနေနဲ့ လတ်တလော ကိုဗစ်ကာလကြောင့်ဂီတလှုပ်ရှားမှုတွေကို ရပ်နားထားကာ စီးပွားရေးကိုခြေစုံပစ်ဝင်နေတာဖြစ်သလို အခြေအနေတွေပြန်ကောင်းတဲ့နောက်ပိုင်းမှာ ဂီတဖက်တွင်ပြန်ပြီး လှုပ်ရှားမှုရှိမရှိ ကိုလည်းချစ်တဲ့ပရိသတ်တွေကစိတ်ဝင်စားလျက်ရှိနေပါတယ်။
Entertainment News
###########################