မိခင်ဂုတ်ချိုးသတ်မယ့်ကလေးလေးကိုခေါ်ယူစောင့်ရှောက်ခဲ့တဲ့ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေ ကတော့ နိုဝင်ဘာလ(၃၀)ရက်နေ့ က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ မွေးကင်းစ ကလေး တစ်ယောက်ကို ထပ်မံခေါ်ယူစောင့်ရှောက်ခဲ့တာပဲ ဖြစ်ပါတယ်။

သူကတော့ အခုလို ကလေးခေါ်ယူမွေးစားဖြစ်ပုံနဲ့ပတ်သက်ပြီး “ခြင်ကိုက်ရာတွေနဲ့စွန့်ပစ်ခံ(၈)ရက် သမီးလေးကို အမေက ဂုတ်ချိုးသတ်ခိုင်းပီး အမှိုက်ပုံးထဲ ပစ်ခိုင်းသော်လည်း စာနာစိတ်ရှိတဲ့ အဘွားမှ ခေါ်ယူစောင့်ရှောက်ထားကာ ရပ်ကွက်မှ ကျွန်မဆီ ဆက်သွယ် ပေးခဲ့ပါတယ်။

ကျွန်မတို့ “ခိုင်” မိသားစုရဲ့ (၃၈)ယောက်မြောက် သမီးလေးကို ကျွန်မအခက်အခဲတွေကြား မှ လူသားချင်းစာနာသော အားဖြင့် ကျွန်မခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေ ကတော့ အဆင်မပြေတဲ့မိသားစုမှမွေးဖွားလာသော ကလေးငယ်များ နှင့် စွန့်ပစ်ခံ ရသော ကလေးငယ်များကို ခေါ်ယူမွေးစားပြီး ပြုစုစောင့်ရှောက်ပေးသလို ယခုလို ကိုဗစ်ကာလတစ်လျှောက်လုံးတွင်လည်း လိုအပ်ချက်ရှိသောနေရာတွေကို လှူဒါန်းမှုတွေ များစွာပြုလုပ်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

##########################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top