မစွန့်လွှတ်နိုင်လို့ခွင့်လွှတ်လိုက်ပေမယ့်လဲ အရင်လိုပြန်ယုံကြည်နိုင်ဖို့တော့ ခက်တယ် …

အမှားတစ်ခုကို ခွင့်လွှတ်လိုက်တယ်ဆိုတာ အဲ့ဒီအမှားတွေကို သင်ပုန်းချေလိုက်တာမျိုးမဟုတ်ပဲ တစ်ခါတစ်ရံ ကိုယ်က မစွန့်လွှတ်နိုင်လို့ခွင့်လွှတ်လိုက်ရတဲ့အခါတွေရှိပါတယ် ဒါပေမယ့် ဘယ်လောက်ပဲ ကတိတွေပေးနေပေးနေ အရင်လို ယုံကြည်ဖို့တော့ ခက်လွန်းတယ် …

နောက်တစ်ခါသာထပ်ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးတွေက ညတွေနက်စေခဲ့သလို တစ်ခါသေဖူးတဲ့သူက နောက်တစ်ခေါက်ပြန်သေရမှာ ကြောက်နေတဲ့ခံစားချက်ကြီးလေ… ဖြစ်နိုင်ရင် သူပြောင်းလဲလာပါလားဆိုတဲ့ အသိနဲ့ကျွန်မ ယုံကြည်ချင်မိတယ် …

ခက်တာက ယုံကြည်မှုဆိုတာ လွယ်လွယ်လေးပြန်တည်ဆောက်လို့ရတာ မဟုတ်ဘူးလေ … အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့မရဘူးလားတဲ့ ကျွန်မက ပိုလို့တောင် မမှတ်မိချင်သေးတယ် အဲ့ဒီအတိတ်ကို ပြန်မှတ်မိတဲ့အခါတိုင်း အခုဖြစ်နေသလိုမျိုးကို ထပ်ပြီးနာကျင်ရတာလေ …

နောက်တစ်ကြိမ်သာဆိုရင်ဆိုတဲ့အတွေးဟာ သူအနားမှာရှိနေပေမယ့် သူ့ကို မယုံရဲတော့ပါပဲ … ကတိတွေပေးနေပေမယ့် အရင်ကလဲ ကတိတွေပေးဖူးတာပဲဆိုတဲ့ အသိတွေက ကြီးစိုးနေတယ် မယုံကြည်တော့ရင် တစ်ယောက်နဲ့ တစ်ယောက် ရှေ့ဆက်ဖို့ခက်တယ်တဲ့

ကျွန်မ မစွန့်လွှတ်နိုင်လို့ခွင့်လွှတ်ခဲ့ပေမယ့်လဲ အတိတ်ကို တွေးမိတဲ့အခါတိုင်း နောက်တစ်ခေါက်ပြန်နာကျင်ရမှာကြောက်နေမိတယ် တောင်းပန်တယ် ကျွန်မ ရှင့်ကို သိပ်ချစ်တာပေါ ဖြစ်နိုင်ရင် အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံယုံကြည်ကြည် ဖြတ်သန်းချင်ပါတယ်

ဒါပေမယ့် ခွင့်လွှတ်ဖို့ လွယ်ပေမယ့်လဲ ပြန်ယုံကြည်ဖို့က သိပ်ခက်တယ်လေ အရိုးသားဆုံးဝန်ခံရရင် နောက်တစ်ခေါက် ထပ်ပြီး နာကျင်ရမှာကျွန်မကြောက်နေခဲ့တာပါ

မိန်းမသားတို့အတွက်
သျှင်ယွန်း

မစွန့်လွှတ်နိုင်လို့ခွင့်လွှတ်လိုက်ပေမယ့်လဲ အရင်လိုပြန်ယုံကြည်နိုင်ဖို့တော့ ခက်တယ် …

အမှားတစ်ခုကို ခွင့်လွှတ်လိုက်တယ်ဆိုတာ အဲ့ဒီအမှားတွေကို သင်ပုန်းချေလိုက်တာမျိုးမဟုတ်ပဲ တစ်ခါတစ်ရံ ကိုယ်က မစွန့်လွှတ်နိုင်လို့ခွင့်လွှတ်လိုက်ရတဲ့အခါတွေရှိပါတယ် ဒါပေမယ့် ဘယ်လောက်ပဲ ကတိတွေပေးနေပေးနေ အရင်လို ယုံကြည်ဖို့တော့ ခက်လွန်းတယ် …

နောက်တစ်ခါသာထပ်ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးတွေက ညတွေနက်စေခဲ့သလို တစ်ခါသေဖူးတဲ့သူက နောက်တစ်ခေါက်ပြန်သေရမှာ ကြောက်နေတဲ့ခံစားချက်ကြီးလေ… ဖြစ်နိုင်ရင် သူပြောင်းလဲလာပါလားဆိုတဲ့ အသိနဲ့ကျွန်မ ယုံကြည်ချင်မိတယ် …

ခက်တာက ယုံကြည်မှုဆိုတာ လွယ်လွယ်လေးပြန်တည်ဆောက်လို့ရတာ မဟုတ်ဘူးလေ … အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့မရဘူးလားတဲ့ ကျွန်မက ပိုလို့တောင် မမှတ်မိချင်သေးတယ် အဲ့ဒီအတိတ်ကို ပြန်မှတ်မိတဲ့အခါတိုင်း အခုဖြစ်နေသလိုမျိုးကို ထပ်ပြီးနာကျင်ရတာလေ

နောက်တစ်ကြိမ်သာဆိုရင်ဆိုတဲ့အတွေးဟာ သူအနားမှာရှိနေပေမယ့် သူ့ကို မယုံရဲတော့ပါပဲ … ကတိတွေပေးနေပေမယ့် အရင်ကလဲ ကတိတွေပေးဖူးတာပဲဆိုတဲ့ အသိတွေက ကြီးစိုးနေတယ် မယုံကြည်တော့ရင် တစ်ယောက်နဲ့ တစ်ယောက် ရှေ့ဆက်ဖို့ခက်တယ်တဲ့

ကျွန်မ မစွန့်လွှတ်နိုင်လို့ခွင့်လွှတ်ခဲ့ပေမယ့်လဲ အတိတ်ကို တွေးမိတဲ့အခါတိုင်း နောက်တစ်ခေါက်ပြန်နာကျင်ရမှာကြောက်နေမိတယ် တောင်းပန်တယ် ကျွန်မ ရှင့်ကို သိပ်ချစ်တာပေါ ဖြစ်နိုင်ရင် အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံယုံကြည်ကြည် ဖြတ်သန်းချင်ပါတယ်

ဒါပေမယ့် ခွင့်လွှတ်ဖို့ လွယ်ပေမယ့်လဲ ပြန်ယုံကြည်ဖို့က သိပ်ခက်တယ်လေ အရိုးသားဆုံးဝန်ခံရရင် နောက်တစ်ခေါက် ထပ်ပြီး နာကျင်ရမှာကျွန်မကြောက်နေခဲ့တာပါ

မိန်းမသားတို့အတွက်
သျှင်ယွန်း

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top