ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ငွေမှုံရတီပဲ ဖြစ်ပါတယ်။ သူမဟာ ပြည်သူချစ် မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အချစ်ဆုံးညီမလေးပဲ ဖြစ်ပြီး အစ်မဖြစ်သူနဲ့အတူ ဇာတ်ကားများမှာလည်း အတူတူ သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်တွေ သိပ်မလုပ်တော့ဘဲ သီချင်းဘက်ကိုသာ ဦးစားပေးလုပ်ကိုင်ဖြစ်နေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း ခဲအိုဖြစ်သူ အဆိုတော် ရွှေထူးနဲ့အတူ ” ဖြေ ” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိထားပြီး ဒီသီချင်းလေးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးနားဆင်မှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း တစ်ခါတစ်ရံမှသာ တင်လေ့ရှိတာကြောင့်လည်း ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်အားပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ငွေမှုံရတီရဲ့Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ချစ်သူလေးရဲ့ ထူးထူးခြားခြားလက်ဆောင်လေးကြောင့် အတိုင်းထက်အလွန်ဝမ်းသာကျေနပ်နေတာပဲ ဖြစ်ပါတယ်။ ” Happy Monthsary “ လို့ ရေးသားထားတဲ့ ကိတ်မုန့်၊ ပန်းစည်းလေးနဲ့ တန်ဖိုးကြီး ဖိနပ်တစ်ရံကို လက်ဆောင်ရရှိထားတဲ့ ပုံလေးကို ငွေမှုံရတီက တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Swelsone News