Zawgyi
ကိုဗစ်ကာကွယ်ဆေး ဘယ်လောက် ပေးရ ပေးရ ပေးဝယ်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
နိုင်ငံတော်အနေဖြင့် COVID-19 ကာကွယ် ဆေးကို ဘယ်လောက် ပေးရ ပေးရ ပေးဝယ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
၎င်းက”ဒီကြားထဲမှာ သတိထားဖို့လိုတယ်။ တချို့တွေက ပေါ့သွားမှာကို စိုးရိမ်တယ်။ဆေးတွေရောက်လာပြီးရင် ချက်ချင်းပဲ အားလုံးရောက်လာမှာ မဟုတ်ဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံက ထုတ်တယ်ဆိုရင် တမျိုးပေါ့။ ကြိုက်သလောက်ထုတ်လို့ရတယ်။ ခုတော့ တခြားနိုင်ငံကနေ ပေးရတာ။ ကိုယ်လိုချင်သလောက်လည်း ချက်ချင်းရမှာ မဟုတ်ဘူး။ နိုင်ငံတော်ကတော့ ပေးမှာပဲ။ ဘယ်လောက်ပဲ ပေးရ ပေးရ ပေးပြီးဝယ်မှာပဲ”ဟု ဆိုသည်။
နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံ သူနာပြုသင်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနေမှုအား ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်သူများအား လက်ရှိအချိန်တွင် သတိထားပြီး နေစေချင်ကြောင်း၊ COVID ဖြစ်ပွားမှုနှုန်းမှာလည်း ကျဆင်းလာပြီး ယင်းအခြေအနေကို ဆက်ထိန်းထားစေချင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကာကွယ်ဆေးထိုးနှံမှုအပေါ် ပြည်သူအချို့၏ စိုးရိမ်မှုများနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က”ဘာမဆိုပေါ့နော်။ အတွေ့အကြုံမရှိတဲ့ကိစ္စဆိုတော့ နည်းနည်းပါးပါး စိုးရိမ်တာ သဘာဝကျပါတယ်။ နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိတတ်တယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။ သာမန်ကာကွယ်ဆေးထိုးရင်တောင်ဖြစ်တတ်တယ်။ တချို့တွေက အနာရင်းတာတို့ ဒါမှမဟုတ် ကိုက်တာခဲတာတွေ ဖျားချင်တာ အဲ့တာသာမန်ကာကွယ်ဆေးထိုးရင်တောင် ဖြစ်တတ်တယ်”ဟုဆိုသည်
အစိုးရအနေဖြင့် တနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများကို ယနေ့(ဇန်နဝါရီ ၂၇)မှ စတင်ကာ အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် Covishield အမည်ရ ကာကွယ်ဆေးများကိုထိုးနှံပေးနေခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံအခြေစိုက် Serum Institute of India ထုတ် Covishield ကာကွယ်ဆေး ၁ဒသမ၅သန်းကို လှူဒါန်းထားခြင်းဖြစ်သည်။
မြန်မာအစိုးရအနေဖြင့်လည်း အဆိုပါ Covishield ကာကွယ်ဆေး အလုံးသန်း ၃၀ ဝယ်ယူရေးအတွက် သဘောတူစာချုပ်ချုပ်ဆိုထားသည်။
ဝယ်ယူထားသည့် ကာကွယ်ဆေးများမှာ လာမည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ ၂သန်းခန့် ကနဦးရောက်ရှိလာမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အစိုးရအနေဖြင့် COVID ကာကွယ်ဆေး ဝယ်ယူရေးအတွက် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)
တွင် COVID-19ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ ဖွင့်လှစ်ထားပြီး ပြည်တွင်း၊ပြည်ပမှ အလှူရှင်များကလည်းထည့်ဝင် လှူဒါန်းလျက်ရှိသည်။
ဖူးဖူးအောင်
Unicode
ကိုဗစ်ကာကွယ်ဆေး ဘယ်လောက် ပေးရ ပေးရ ပေးဝယ်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
နိုင်ငံတော်အနေဖြင့် COVID-19 ကာကွယ် ဆေးကို ဘယ်လောက် ပေးရ ပေးရ ပေးဝယ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
၎င်းက”ဒီကြားထဲမှာ သတိထားဖို့လိုတယ်။ တချို့တွေက ပေါ့သွားမှာကို စိုးရိမ်တယ်။ဆေးတွေရောက်လာပြီးရင် ချက်ချင်းပဲ အားလုံးရောက်လာမှာ မဟုတ်ဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံက ထုတ်တယ်ဆိုရင် တမျိုးပေါ့။ ကြိုက်သလောက်ထုတ်လို့ရတယ်။ ခုတော့ တခြားနိုင်ငံကနေ ပေးရတာ။ ကိုယ်လိုချင်သလောက်လည်း ချက်ချင်းရမှာ မဟုတ်ဘူး။ နိုင်ငံတော်ကတော့ ပေးမှာပဲ။ ဘယ်လောက်ပဲ ပေးရ ပေးရ ပေးပြီးဝယ်မှာပဲ”ဟု ဆိုသည်။
နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံ သူနာပြုသင်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနေမှုအား ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်သူများအား လက်ရှိအချိန်တွင် သတိထားပြီး နေစေချင်ကြောင်း၊ COVID ဖြစ်ပွားမှုနှုန်းမှာလည်း ကျဆင်းလာပြီး ယင်းအခြေအနေကို ဆက်ထိန်းထားစေချင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကာကွယ်ဆေးထိုးနှံမှုအပေါ် ပြည်သူအချို့၏ စိုးရိမ်မှုများနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က”ဘာမဆိုပေါ့နော်။ အတွေ့အကြုံမရှိတဲ့ကိစ္စဆိုတော့ နည်းနည်းပါးပါး စိုးရိမ်တာ သဘာဝကျပါတယ်။ နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိတတ်တယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။ သာမန်ကာကွယ်ဆေးထိုးရင်တောင်ဖြစ်တတ်တယ်။ တချို့တွေက အနာရင်းတာတို့ ဒါမှမဟုတ် ကိုက်တာခဲတာတွေ ဖျားချင်တာ အဲ့တာသာမန်ကာကွယ်ဆေးထိုးရင်တောင် ဖြစ်တတ်တယ်”ဟုဆိုသည်။