ထန်းတစ်ပင်မြို့ တစ်ဘက်ကမ်း ကုက္ကိုလ်ဝတံတားအဆင်း ဘောလည်ကျွန်း လမုတန်းကျေးရွာအနီး မြေဧက ၂၀၀၀ကျော်ပေါ်တွင် ထန်းတစ်ပင်စက်မှုဥယျာဉ်တစ်ခု တည်ထောင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏သတင်းရေးသားဖော်ပြမှု၊ဒေသဆိုင်ရာလွှတ်တော်အမတ်များ၏ ပြောကြားချက်အရသိရသည်။
ထန်းတစ်ပင်စက်မှုဥယျာဉ်တွင် အခြေခံအဆောက်အဦများအပါအဝင် စက်ရုံ ၂၀၀၊ရေဆိုးသန့်စင်စက်ရုံ၊အလုပ်သမားများနေမည့် အဆောက်အအုံ၊လုံးချင်းအိမ်ယာ၊စာသင်ကျောင်း၊ပန်းဥယျာဉ် စသည်တို့ပါသည့်အပြင် မှော်ဘီကို ဆက်သွယ်နိုင်မည့် တံတားတစ်စင်းလည်းပါသည်ဟု သိရသည်။
နိုင်ငံပိုင်မီဒီယာက ထန်းတပင်စက်မှုဇုန် တည်ဆောက်မှုပြီးစီးပါက စက်ရုံလုပ်သား တစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည်ဟု ဆိုထားသည်။ ယင်းစီမံကိန်းကို ၂၀၁၈ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်ဟု သိရသည်။ ထန်းတပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးထွန်းက “စက်မှုဥယျာဉ်တည်ထောင်မယ့်ကိစ္စကို ကြိုဆိုရမယ့်ကိစ္စပဲဗျ။
တောင်သူလယ်သမားတွေကလည်း ကြိုဆိုကြတယ်။ကျွန်တော်တို့ ထန်းတပင်မြို့ဟာ ရန်ကုန်တိုင်းထဲက မြို့တစ်မြို့ ဖြစ်ပေမယ့် မသိသူ အချို့တောင်ရှိကြတယ်။ ဒီစက်မှုဥယျာဉ်ပြီးသွားရင် ဒေသလည်း ပိုဖွံ့ဖြိုးမယ်၊အလုပ်အကိုင်တွေလည်း ရကြမယ်။
လှိုင်သာယာမှာ ပြည့်နှက်နေတာတွေက ထန်းတပင်ကို ဆင်းလာကြမှာပေါ့။ပြန့်ဆင်းလာမယ့် သဘောပေါ့။ကျွန်တော်သိရသလောက် ဒီစီမံကိန်းက စနေတာ ၂၀၁၈ထဲက ။ ကိုဗစ်ကြောင့် ခဏရပ်သွားတာပေါ့။တောင်သူတွေကို ဘယ်လိုခေါ်မလဲ မြေသိမ်းတာမဟုတ်ဘူး။ ဒီလယ်မြေကို စက်မှုမြေဖြစ်အောင်အကောင်အထည်ဖော်မယ်။ပြီးရင် စက်မှုမြေပြန်ပေးမယ်။ အချိုးအစားတစ်ခုသတ်မှတ်ပြီးတော့ပေါ့။
နောက်ပြီးလုပ်ငန်းအကောင်အထည်မဖော်မချင်း သီးနှံလျော်ကြေးလည်းပေးအုံးမယ်လို့ သိရတယ် ။ တော်တော်ကောင်းတဲ့ အစီအမံပဲ။ စက်မှုမြေဖြစ်သွားရင် ဒီလယ်တွေက တန်ဖိုးအများကြီးတက်သွားမှာ။
တင်ဒါပြန်ခေါ်ဖို့လည်း ရှိတယ်လို့ သိရတယ်”ဟု ပြောသည်။ ထန်းတပင် တက်ခ်လော်ဂျီကုမဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးဝေက စီမံကိန်းကိုအကောင်အထည်ဖော်ရန်အတွက် ရေနက်ကွင်းတွင်ရှိသည့် တောင်သူများက သဘောတူကြောင်း၊၎င်းတို့ တစ်ဦးတည်းဖြစ်နေသည့်အတွက် အများပြိုင်ဖြစ်အောင် ပိုလုပ်နိုင်မည့် သူကို သတင်းစာမှတဆင့် ကြေညာပြီး ခေါ်ယူရန်ရှိသည်ဟုသိရကြောင်း၊
တတိယအဖွဲ့အစည်းတစ်ခုက စိစစ်ပြီး ကျေနပ်ပါက တိုင်းအစိုးရအဖွဲ့က တင်ဒါခေါ်မည်ဖြစ်ကြောင်း၊၎င်းတို့ထက် ပိုလုပ်နိုင်သူမရှိပါက ၎င်းတို့ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာကိုပြောဆိုထားသည်။ အဆိုပါ စီမံကိန်းသည် ရန်ကုန် ၁၁မြို့နယ်တွင် ပေါ်ထွန်းလာမည့် စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်ဟု သိရသည်။
Crd -ဇော်မျိုး/Myanmar Harp
Unicoad