အိပ်ရာပေါ်က ကလေးဘေးမှာ တိတ်တိတ်လေး ခိုးအိပ်ရတာနှစ်သက်တဲ့ အိမ်မွေးငါး

တိရစ္ဆာန်ချစ်သူတွေဟာ အိမ်မွေးတိရစ္ဆာန် ကြောင်လေးခွေးလေးတွေကို သိပ်ချစ်လွန်းရင် ကိုယ့်အိပ်ရာထဲထိတောင် ခေါ်သိပ်တတ်ကြပါတယ်။ အချို့ဆိုရင် ကလေးတွေအိပ်တဲ့အိပ်ရာထဲထိတောင် သူတို့ိကိုခေါ်ထားကြပါတယ်။ အကြောင်းရင်းက ခွေးလေးကြောင်လေးတွေဟာ ညအချိန်မှာ ကလေးတွေကို အကောင်းဆုံးစောင့်ကြည့်ပေးနိုင်တဲ့ လုံခြုံရေးအစောင့်လေးတွေဖြစ်နေလို့ပါပဲ။


facebook/iskandarbaieesya

facebook/iskandarbaieesya
Worldofbuzz သတင်းအရ မလေးရှားနိုင်ငံက မိခင်တစ်ဦးဖြစ်တဲ့ Baiesyah ဟာ သူမရဲ့ကလေးနဲ့ သူမအိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေရဲ့သံယောဇဉ်ကို ဖေ့စ်ဘုတ်ပေါ်မှာဖော်ပြခဲ့ပါတယ်။ Baiesyah က အိပ်ရာပေါ်မှာ သူမရဲ့သားလေးနဲ့ အိမ်မွေးကြောင်လေးတို့ အတူအိပ်ပျော်နေတဲ့ပုံကိုတင်ခဲ့တာပါ။ ဒါပေမဲ့ သားဖြစ်သူနဲ့ နောက်ထပ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်တို့ အတူအိပ်နေတဲ့ပုံကို တွေ့မြင်ရတဲ့အခါမှာတော့ လူတွေက အံ့သြသွားခဲ့ကြပါတယ်။ ထူးထူးဆန်းဆန်း ကလေးဘေးမှာ အတူငြိမ်ပြီးရှိနေတာက ငါးတစ်ကောင်ပါပဲ။

facebook/iskandarbaieesya
လူတွေကတော့ ရေထဲမှာနေတဲ့ငါးကထွက်လာပြီး ခုလို အိပ်ရာပေါ်ရောက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ငြင်းကြပါတယ်။ Baiesyah ကတော့ ငါးဟာ တကယ်ပဲ အသက်ရှင်နေတာဖြစ်ပြီး ဒီငါးကို အိပ်ရာပေါ်မှာ ကလေးနဲ့အတူတွဲရက်တွေ့ရတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူးဆိုပြီး ပြန်ရှင်းပြခဲ့ပါတယ်။ တွေ့ရတဲ့ ငါးဟာ ငါးရံ့အမျိုးအစားဖြစ်ပါတယ်။ မလေးတွေကတော့ ikan haruan လို့ခေါ်ပါတယ်။

ဒီလို ငါးရံ့အမျိုးအစားတွေဟာ ရေထဲကနေထွက်ပြီး အပြင်မှာ နာရီအတန်ကြာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ Baiesyah ကတော့ ငါးထည့်တဲ့ကန်ဟာ သူမသားဖြစ်သူရဲ့ အိပ်ရာနဲ့ ၂မီတာ ၃ မီတာလောက်သာ ဝေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း ငါးဟာ ကန်ထဲကနေ ဆိုဖာပေါ်ခုန်ထွက်ပြီး ဆိုဖာကနေမှတဆင့် ကလေးအိပ်တဲ့ဘေးကို ရောက်ရောက်လာတာဖြစ်ပါတယ်။

Baiesyah ဟာ ရထားလမ်းဘေးတစ်နေရာမှာ ခုန်နေတဲ့ငါးတစ်ကောင်ကို တွေ့ရှိခဲ့တာဖြစ်ပြီး အိမ်မှာခေါ်မွေးခဲ့တာဖြစ်ပါတယ်။ အောက်မှာတော့ အိပ်ရာပေါ်မှာအိပ်ရတာနှစ်သက်တဲ့ ငါးကို ပထမဆုံးဖမ်းဖို့ကြိုးစားခဲ့တဲ့ Baiesyah ရဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

Video Player

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top