မိန်းကလေးတွေ ဖတ်ပေးကြပါ အရေးကြုံရင် အသုံးဝင်ပါတယ် – Han Nyein Oo

မိန်းကလေးတွေ ဖတ်ပေးကြပါ အရေးကြုံရင် အသုံးဝင်ပါတယ်

Self defense tip နည်းနည်းပေးပါ့မယ်။ ဒီနည်းတွေသုံးဖို့ အားကောင်းဖို့မလိုပါဘူး။

——-

1. လက်သီးနဲ့ မေးစေ့/ပါးကို မထိုးပါနဲ့။

လက်သီးမဆုပ်တတ်ရင် လက်ကျိုးတတ်ပါတယ်။

လက်ချောင်းကြားထဲ သော့ထည့်ဆုပ်တာမျိုးလည်း မလုပ်သင့်ပါဘူး။

2. လက်ထဲက တခုခုကို ကိုင်မယ်ထုမယ်ဆို လက်သီးဆုပ်ပြီးကိုင်ပါ။ (လှံပစ်ရင် လှံကိုကိုင်တဲ့ပုံမျိုး)

3. နောက်တခုက လက်သီးဆုပ်နည်းပါ။

——

လက်မကို အပြင်ထုတ်ပြီး ဆုပ်ရပါတယ်။

လက်သီးဆုပ်ပြီး လက်ကောက်ဝတ်နဲ့ တစ်တန်းတည်းထားရပါတယ်။

လက်သီးဆုပ်ရင် လက်ချောင်းလေးတွေ ညီနေရပါ့မယ်။

လက်ညိုးလက်ခလယ်က ကြွနေရင် ကျိုးတတ်တာမို့ လက်သူကြွယ်နဲ့ လက်သန်းကိုပါ

အပေါ်နည်းနည်းမြှောက်ပြီး ညီနေအောင်ထားပါ။

အဲ့လို လက်ဆစ်ညီညီ ထိုးလိုက်တဲ့အခါ လက်ဆစ်လေးခုလုံးက

ပစ်မှတ်အပေါ်ကျသွားတာမို့ ထိတဲ့လူပိုနာပါတယ်။

——-

4. နားထင်ကို လက်ဖနောင့်နဲ့ရိုက်ပါ။ အားပြင်းလေကောင်းလေပါပဲ။

5. လည်ပင်းကို ထိုးပါ။ မေးစေ့ကို လက်ဖနောင့်နဲ့ လှန်တွန်းပါ။ တံတောင်တွတ်ပါ။

6. လူတွေက များသောအားဖြင့် ခြေထောက်ပိုသန်ကြပါတယ်။ တစ်ခုခုဆို ကန်ပါ ဒူးကောက်ကွေးနောက်ကို ကန်ပါ။

ဖနောင့်ရယ်၊ ဒူးရယ်၊ တံတောင်ရယ်ကို ပိုသုံးပါ။

7. လက်သီးထိုးရင် လက်သီးဆုပ်နဲ့ လက်ကောက်ဝတ်ကိုတောင့်ပြီး လက်မောင်းအားနဲ့ လွှဲထိုးပါ။

8. တစ်ခုကျန်ခဲ့လို့ …ဘောကိုပါ ကန်ပါ .. ပေါင်ကြားကန်တာ အလွယ်ဆုံးနဲ့ အထိဆုံးပါ ..

မိမိလက်ကို ချုပ်ကိုင်ထားတာမျိုးဆို ဘာဖြစ်ဖြစ် အထိနာအောင် ပေါင်ကြားကို ကန်တာအထိနာပြီး ကိုယ့်ကိုချုပ်ထားသူ နာစေပါတယ်။

9. မျက်နှာ အကာကွယ်မပါသူတယောက် လာချုပ်ပါက လက်သီးသို့ တံတောင်နဲ့ နှာခေါင်း နှာနုကို ထိုးပါ။

10. ကိုယ့်ကိုလာ ထိခိုက်သူက အမျိုးသမီးဆိုပါက ရင်သား လည်ပင်း သို့ အရှိုက်နေရာမျိုးအား တံတောင် သို့ လက်သီးနဲ့ ခုခံနိုင်ပါသည် ..

မိမိဘာသာ ခုခံဖို့ကို လက်ဖဝါးမကာပါနဲ့ လက် ၂ ဖက်လုံး cross ပုံစံမျိူးလုပ်၍ မိမိခေါင်းနဲ့ မျက်နာကိူ ကာကွယ်ပေးပါ။ တခုခုဆို ထိုင်ချပစ်ပါ

လက်နှက်မပါတဲ့ မိန်းကလေးများးအတွက် ရုန်းကန်တုန်း ပြုမူလို့ရတာလေးတွေမို့ ပြန်တင်ပေးလိုက်တယ်။ ..

Be safe celeupdatenews

celeupdatenews

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top