အိမ်တော်ရာစေတီနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျ

Unicodeအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဘုရားဝင်းအတွင်းရှိဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျခြင်းဖြစ်ပေါ်မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာအရှေ့ရပ်ကွက်၊၂၇x၂၈လမ်းကြား၊၈၈x၈၉လမ်းကြားရှိပုဂံမင်းတည်ထားကိုးကွယ်တော်မူခဲ့သောမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီဒီဇင်ဘာလ၂၉ရက်နေ့(နတ်တော်လပြည့်နေ့)မွန်းလွဲပိုင်းကအလင်းတန်းများထွက်ပေါ်ခြင်း၊ဝသုန္ဒြေနတ်ရုပ်တု၏ဆံပင်အဖျားမှရေစက်ရေပေါက်ကျခြင်းများထူးခြားတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

”ဂေါပကရုံးကလျှပ်စစ်အကူဝန်ထမ်းဦးရဲဝင်းအောင်ကထမင်းစားဖို့အိမ်ပြန်စဉ်မှာဝသုန္ဒြေနတ်ရုပ်တုအောက်ခြေမှာရေအိုင်နေလို့ကြည့်တဲ့အခါမှာရုပ်တုရဲ့ဆံပင်အဖျားကနေရေစက်ရေပေါက်တွေအောက်ကိုကျနေတာစတင်တွေ့ရှိလို့ကျွန်တော့်ဆီအကြောင်းကြားပါတယ်။

နောက်ပြီးဂေါပကအဖွဲ့ဥကကဋ္ဌကနေတဆင့်ဆရာတော်ကြီးများထံဆက်လက်လျှောက်ထားခဲ့ပါတယ်”ဟုဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးညွန့်မြိုင်ကပြောကြားသည်။အဆိုပါဝသုန္ဓြေရုပ်တုသည်ဘုရားဝင်းအတွင်းပွင့်တော်မူဘုရားအနီးတွင်လွန်ခဲ့သောနှစ်ပေါင်း၃၀ထက်မနည်းကတည်ရှိခဲ့ပြီးပြန်လည်မွမ်းမံထားရှိကာအမြင့်၃ပေခန့်ရှိအင်္ဂတေဖြင့်ထုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။”ရုပ်တုရဲ့အောက်ခြေမှာရေပိုက်ရှိတယ်လို့အရင်ဘုရားဝန်ထမ်းအချို့ကပြောတာရှိလို့ရုပ်တုတ်ဝန်းကျင်ကိုရှာကြည့်ပေမယ့်ရေပိုက်သွယ်တန်းထားမှုမတွေ့ရဘူး။

တကယ်လို့ရေပိုက်ကထွက်တယ်ဆိုလဲဘေးတွေပန်းထွက်ရမှာ။အောက်ကနေအပေါ်ကိုတက်သွားပြီးမှဆံပင်အဖျားကနေပြန်ကျဖို့ဆိုတာကမဖြစ်နိုင်ဘူး။ပြီးတော့ရုပ်တုနားမှာရေစင်တစ်ခုရှိတော့အဲဒီရေစင်ကလာတဲ့ပိုက်တွေထဲကနေများကျနိုင်သလားဆိုပြီးရေပိုက်ခေါင်းတွေပိတ်ကြည့်ပေမယ့်ရေစက်ကကျနေတုန်းပဲ။ရေစက်တွေကတောက်လျောက်ကျနေတာမျိုးမဟုတ်ဘူး။ရေစက်ရေပေါက်ကျတဲ့ပုံစံကအပေါ်ကနေအောက်ကိုဆံပင်အဖျားကနေရေစက်ချသလိုမျိုးတစ်စက်ချင်းကျနေတာ။ကျတဲ့ရေကဘာအမှုန်အမွှားမှမပါဘဲသန့်နေတာ။၁၅မိနစ်လောက်ကျလိုက်၂မိနစ်လောက်ရပ်သွားလိုက်။ပြီးတော့တစ်ခါပြန်ကျလိုက်ဖြစ်နေတာ။ရုပ်တုအပေါ်ပိုင်းမှာလည်းစိုနေတာမျိုးမရှိဘူး။ရေထွက်နိုင်လောက်တဲ့အပေါက်ရှိမလားဆိုပြီးသံချောင်းအသေးနဲ့ထိုးရှာသေးတယ်မတွေ့ရဘူး”ဟုဦးညွန့်မြိုင်ကဆက်လက်ပြောကြားသည်။ထို့ပြင်ရေစက်ရေပေါက်ကျကြောင်းတွေ့ရှိသည့်အချိန်နှင့်တိုက်ဆိုင်စွာမဟလောကရံသီအိမ်တော်ရာစေတီတေကြီး၏ငှက်မြတ်နားတော်နှင့်ဘုရားပရဝုဏ်အရှေ့မြောက်ထောင့်ရှိစလင်းမြို့စားမင်းသမီးတည်ထားခဲ့သောစေတီတော်၏စိန်ဖူးတော်တို့မှအလင်းတန်းများထွက်ပေါ်နေသည်ကိုဘုရားဝင်းပြင်ပရှိလူများနှင့်ဘုရားအတွင်းရှိဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများကဖူးတွေ့ခဲ့ရပြီးမှတ်တမ်းဗီဒီယိုရိုက်ကူးကာလူမှုကွန်ယက်ပေါ်တွင်တင်ထားကြောင်းလည်းသိရသည်။

ရေစက်ရေပေါက်များကျသည်ဆိုသည့်အတိတ်နိမိတ်သည်အေးချမ်းခြင်း၊ကြည်လင်သန့်ရှင်းခြင်းဟူသည့်သဘောကိုဆောင်သည့်အတွက်မန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံတော်တစ်ခုလုံးအေးချမ်းမည့်အတိတ်နိမိတ်အဖြစ်ယူဆကြောင်းလည်းပြောကြားသည်။ယင်းသို့ထူးခြားမှုများဖြစ်ပေါ်ရာသို့စေတီတော်ဩဝါဒါစရိယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမိုးကောင်းတိုက်၊အလယ်ရွှေကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မဒီပတျာလင်္ကာရနှင့်စေတီတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်များ၊ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းအေး၊အတွင်းရေးမှူးဦးဝင်းအောင်၊တွဲဖက်အတွင်းရေးမှူးဦးအောင်နိုင်ဦးတို့နှင့်အဖွဲ့ဝင်များလာာက်၍ကြည့်ရှုစစ်ဆေးခဲ့သည်။လက်ရှိအချိန်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များအရဘုရားဝင်းအတွင်းသို့တာဝန်ရှိသူမှအပမည်သူ့ကိုမျှဝင်ခွင့်မပြုကြောင်းသိရသည်။(Ah Lin Nge)

Zawgyiအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဘုရားဝင်းအတွင်းရှိဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျခြင်းဖြစ်ပေါ်မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာအရှေ့ရပ်ကွက်၊၂၇x၂၈လမ်းကြား၊၈၈x၈၉လမ်းကြားရှိပုဂံမင်းတည်ထားကိုးကွယ်တော်မူခဲ့သောမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှဒီဇင်ဘာလ၂၉ရက်နေ့(နတ်တော်လပြည့်နေ့)မွန်းလွဲပိုင်းကအလင်းတန်းများထွက်ပေါ်ခြင်း၊ဝသုန္ဒြေနတ်ရုပ်တု၏ဆံပင်အဖျားမှရေစက်ရေပေါက်ကျခြင်းများထူးခြားတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

”ဂေါပကရုံးကလျှပ်စစ်အကူဝန်ထမ်းဦးရဲဝင်းအောင်ကထမင်းစားဖို့အိမ်ပြန်စဉ်မှာဝသုန္ဒြေနတ်ရုပ်တုအောက်ခြေမှာရေအိုင်နေလို့ကြည့်တဲ့အခါမှာရုပ်တုရဲ့ဆံပင်အဖျားကနေရေစက်ရေပေါက်တွေအောက်ကိုကျနေတာစတင်တွေ့ရှိလို့ကျွန်တော့်ဆီအကြောင်းကြားပါတယ်။နောက်ပြီးဂေါပကအဖွဲ့ဥကကဋ္ဌကနေတဆင့်ဆရာတော်ကြီးများထံဆက်လက်လျှောက်ထားခဲ့ပါတယ်”ဟုဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးညွန့်မြိုင်ကပြောကြားသည်။

ဆိုပါဝသုန္ဓြေရုပ်တုသည်ဘုရားဝင်းအတွင်းပွင့်တော်မူဘုရားအနီးတွင်လွန်ခဲ့သောနှစ်ပေါင်း၃၀ထက်မနည်းကတည်ရှိခဲ့ပြီးပြန်လည်မွမ်းမံထားရှိကာအမြင့်၃ပေခန့်ရှိအင်္ဂတေဖြင့်ထုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။”ရုပ်တုရဲ့အောက်ခြေမှာရေပိုက်ရှိတယ်လို့အရင်ဘုရားဝန်ထမ်းအချို့ကပြောတာရှိလို့ရုပ်တုပတ်ဝန်းကျင်ကိုရှာကြည့်ပေမယ့်ရေပိုက်သွယ်တန်းထားမှုမတွေ့ရဘူး။တကယ်လို့ရေပိုက်ကထွက်တယ်ဆိုလဲဘေးတွေပန်းထွက်ရမှာ။အောက်ကနေအပေါ်ကိုတက်သွားပြီးမှဆံပင်အဖျားကနေပြန်ကျဖို့ဆိုတာကမဖြစ်နိုင်ဘူး။ပြီးတော့ရုပ်တုနားမှာရေစင်တစ်ခုရှိတော့အဲဒီရေစင်ကလာတဲ့ပိုက်တွေထဲကနေများကျနိုင်သလားဆိုပြီးရေပိုက်ခေါင်းတွေပိတ်ကြည့်ပေမယ့်ရေစက်ကကျနေတုန်းပဲ။ရေစက်တွေကတောက်လျောက်ကျနေတာမျိုးမဟုတ်ဘူး။

ရစက်ရေပေါက်ကျတဲ့ပုံစံကအပေါ်ကနေအောက်ကိုဆံပင်အဖျားကနေရေစက်ချသလိုမျိုးတစ်စက်ချင်းကျနေတာ။ကျတဲ့ရေကဘာအမှုန်အမွှားမှမပါဘဲသန့်နေတာ။၁၅မိနစ်လောက်ကျလိုက်၂မိနစ်လောက်ရပ်သွားလိုက်။ပြီးတော့တစ်ခါပြန်ကျလိုက်ဖြစ်နေတာ။ရုပ်တုအပေါ်ပိုင်းမှာလည်းစိုနေတာမျိုးမရှိဘူး။ရေထွက်နိုင်လောက်တဲ့အပေါက်ရှိမလားဆိုပြီးသံချောင်းအသေးနဲ့ထိုးရှာသေးတယ်မတွေ့ရဘူး”ဟုဦးညွန့်မြိုင်ကဆက်လက်ပြောကြားသည်။ထို့ပြင်ရေစက်ရေပေါက်ကျကြောင်းတွေ့ရှိသည့်အချိန်နှင့်တိုက်ဆိုင်စွာမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီး၏ငှက်မြတ်နားတော်နှင့်ဘုရားပရဝုဏ်အရှေ့မြောက်ထောင့်ရှိစလင်းမြို့စားမင်းသမီးတည်ထားခဲ့သောစေတီတော်၏စိန်ဖူးတော်တို့မှအလင်းတန်းများထွက်ပေါ်နေသည်ကိုဘုရားဝင်းပြင်ပရှိလူများနှင့်ဘုရားအတွင်းရှိဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများကဖူးတွေ့ခဲ့ရပြီးမှတ်တမ်းဗီဒီယိုရိုက်ကူးကာလူမှုကွန်ယက်ပေါ်တွင်တင်ထားကြောင်းလည်းသိရသည်။ရေစက်ရေပေါက်များကျသည်ဆိုသည့်အတိတ်နိမိတ်သည်အေးချမ်းခြင်း၊ကြည်လင်သန့်ရှင်းခြင်းဟူသည့်သဘောကိုဆောင်သည့်အတွက်မန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံတော်တစ်ခုလုံးအေးချမ်းမည့်အတိတ်နိမိတ်အဖြစ်ယူဆကြောင်းလည်းပြောကြားသည်။

ယင်းသို့ထူးခြားမှုများဖြစ်ပေါ်ရာသို့စေတီတော်ဩဝါဒါစရိယမြို့နယ်သံဃနာယကအ့ဥက္ကဋ္ဌမိုးကောင်းတိုက်၊အလယ်ရွှေကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မဒီပတျာလင်္ကာရနှင့်စေတီတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်များ၊ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းအေး၊အတွင်းရေးမှူးဦးဝင်းအောင်၊တွဲဖက်အတွင်းရေးမှူးဦးအောင်နိုင်ဦးတို့နှင့်အဖွဲ့ဝင်များလာရောက်၍ကြည့်ရှုစစ်ဆေးခဲ့သည်။

လက်ရှိအချိန်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များအရဘုရားဝင်းအတွင်းသို့တာဝန်ရှိသူမှအပမည်သူ့ကိုမျှဝင်ခွင့်မပြုကြောင်းသိရသည်။(Ah Lin Nge)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top