ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက်ဖြစ်ရမည်ဟု မိန့်ဆိုခဲ့တဲ့ ပညာမင်းကြီး ဦးကောင်း

၁၉၅၅ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ ထိုစဉ်က အမေရိကန် တစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့်ညီမျှသည်l

မည်သည့်နိုင်ငံကိုသွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကို ယူသွားပြီး သုံးစွဲနိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency)အဖြစ် ရပ်တည်ခဲ့ဖူးသည်။ ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေ ကြေးဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း စံလင်းဟူသော

လက်မှတ်များကို တွေ့ရမည်ဖြစ်သည်။ မောင်ကောင်းဆိုသည်မှာ ပညာမင်းကြီး၊ ပထမဆုံးမြန်မာ့သမိုင်းကော်မရှင် ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည့် စည်သူ ဦးကောင်းဖြစ်ပါသည်။ ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ်မျိုးမင်းကြီး ဦးဘသော်နှင့်

ဒေါ်ကြင်မြိုင်တို့က မြင်းခြံမြို့၌ ဖွားမြင်ခဲ့သည်။ အသက် ငါးနှစ်အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့ပါသည်။ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးနောက် ကူရှင်အထက်တန်း ကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)

ဗိုလ်တထောင်)တွင် ပညာဆက်လက် ဆည်းပူးခဲ့ပါသည်။ ၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ပြည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School, Somerset)၌ ပညာဆက်လက်

ဆည်းပူးခဲ့သည်၊ ၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ်စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ကြာသင်ယူပြီးနောက်

၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့ (အင်္ဂလိပ်စာ ဂုဏ်ထူး)၊ ၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ

လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့ပါသေးသည်။ ထို့နောက်အစိုးရအထက်တန်းကျောင်းအုပ် လက် ထောက်ပညာဝန်၊ ပညာဝန်၊ ရန်ကုန်အစိုးရအထက် တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး

ပညာရေးအရာရှိချုပ် စသည်ဖြင့် ပညာရေးနယ်ပယ်မှ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက်လက်ထောက်ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် ထပ်မံ အမှုထမ်းခဲ့ရသည်။

ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ ငွေစက္ကူ များပေါ်တွင် `မောင်ကောင်း´ဟူ၍

လက်မှတ်ရေးထိုးခဲ့ရပါသည်။ ၁၉၅၁ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပညာမင်းကြီးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရပါသည်။ ဦးကောင်းသည် ပညာရေး ဝန်ထမ်းတဦးအနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ်ဖွဲ့စည်းရေးကော်မတီ အတွင်းရေးမှူး(၁၉၄၆-၄၇)

ယူနက်စ်ကို ပညာရေးမစ်ရှင်အဖွဲ့ အကြံပေးအရာရှိ (၁၉၅၀-၅၁)အဖြစ်ပါ တာဝန်ယူခဲ့ရပါသည်။ ရာထူးနေရာအမျိုးမျိုးတွင် ထူးချွန်စွာထမ်းဆောင်နိုင်ခဲ့သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား ‘စည်သူ’ဘွဲ့

ပေးအပ်ခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် သမိုင်းကော်မရှင်အား ဖွဲ့စည်းပြီးနောက် ပထမဆုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြန်သည်။ ဦးကောင်းရေးသားခဲ့သည့် စာအုပ်များအနက် ဗြိတိသျှတို့မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေးသမိုင်း”

“မြန်မာကျောင်းများတွင် စာစီစာကုံး သင်ကြားနည်း”၊ “မြန်မာနိုင်ငံ တက္ကသိုလ်ဖွဲ့စည်းရေးကော်မတီ အစီရင်ခံစာ(၁၉၄၇)”၊ “မြန်မာနိုင်ငံ ပညာရေးရှစ်နှစ်(၁၉၄၇-၅၅) အစီရင်ခံစာ”စသည်တို့မှာ ထင်ရှားခဲ့၏။ ၁၉၅၇ခုနှစ်တွင်ကျင်းပမည့် သတ္တမတန်းစာမေးပွဲမေးခွန်းများကို

လုံခြုံစိတ်ချမှုရှိစေရန်အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ပုံနှိပ်ရေးကိစ္စကို ပညာရေးမင်းကြီးဦးကောင်းက တာဝန်ယူဆောင်ရွက်ခဲ့ရ၏။ သို့ဖြစ်၍ ပညာမင်းကြီးဦးကောင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။ ၁၉၅၇ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့တွင်

ယူနက်စကို ဒါရိုက်တာတစ်ဦး၏ ကားဖြင့် ပညာမင်းကြီးဦးကောင်း ကာလကတ္တားမြို့တွင်းသို့ လိုက်ပါသွားစဉ် မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာကျရောက်နေမှုကြောင့် ကားက လမ်းဘေးသံတိုင်အား အရှိ.န်ပြ.င်းစွာ ဝင်ရောက်တ.ိုက်မ.ိသွား၏။

ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒ.ဏ်ရ.ာအနည်းငယ်သာရရှိသော်လည်း ပညာမင်းကြီးဦးကောင်းမှာမူ ဒ.ဏ်ရ.ာပြ.င်းထ.န်စွာ ရရှိသွားခဲ့သည်။ န.ံရို.းသုံးချောင်း ကျို.းသွားသဖြင့် ကာလကတ္တားဆေးရုံသို့ တက်ရောက်ကုသခဲ့ရ၏။ ဒ.ဏ်ရ.ာမှာ ပြ.င်းထ.န်လှသည့်အလျောက်

၁၉ဖေဖော်ဝါရီ ၁၉၅၇တွင် ပညာမင်းကြီးဦးကောင်း ကာလကတ္တားမြို့၌ က.ွယ်လ.ွန်သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရု.ပ်ကလ.ာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့်သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သ.ဂြ.ိုလ်ခဲ့၏။ ပညာမင်းကြီး ဦးကောင်းက.ွယ်လ.ွန်စဉ်

ဇနီးဒေါ်သိန်းသား ဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ခဲ့ကြပါသည်။ ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး)သော်ကောင်းမှာ ဖူကူအိုကာဆုရ

စာကြည့်တိုက် ပညာရှင်တဦးဖြစ်ပါသည်။ ပညာမင်းကြီးဦးကောင်းသည် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ ဥက္ကဋ္ဌဖြစ်ခဲ့သကဲ့သို့ သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်းမှာလည်း ၁၆ဇန်နဝါရီ ၂၀၀၂မှစ၍ မြန်မာနိုင်ငံ သမိုင်းကော်မရှင် အချိန်ပြည့်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ စာအုပ်စာပေနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့အရေး ကြိုးပမ်းနေသည် ဒေါက်တာ သန့်သော်ကောင်းမှာ

ဦးကောင်း၏ မြေး ဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာရေးလောကတွင် ထူးခြားသော အယူအဆတစ်ရပ် ရှိသူဖြစ်သည်။ ဦးကောင်း၏ ပညာရေးအယူအဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုးမဟုတ်ဘဲ အသိပညာကြွယ်ဝမှုနှင့်

ဘက်စုံပညာတတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။ လေးစားစွာဖြင့် ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်

တစ်ချိန်က မြန်မာငွေစက္ကူပေါ်က မောင်ကောင်းဆိုတာ။ ၁၉၅၅ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ ထိုစဉ်က အမေရိကန် တစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့်ညီမျှသည်။

ဘက်စုံပညာတတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top