သန်လျင်မြို့မှာစွန့်ပစ်ခံခဲ့ရတဲ့ သမီးငယ်လေးတစ်ယောက်ကို ထပ်မံမွေးစားဖို့စီစဉ်နေတဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ခိုင်နှင်းဝေက လတ်တလောမှာတော့ သူမရဲ့ ဂေဟာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရပြီး ဒီကနေ့မှာလည်း သန်လျင်မြို့မှာစွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်လေးတစ်ယောက်ကို ခေါ်ယူမွေးစားဖို့ဖြစ်လာကြောင်း အခုလိုပဲပြောလာပါတယ်။

“ဒီမနက် သန်လျင်ဘက်မှာ စွန့်ပစ်သွားတဲ့ သမီးငယ်လေးပါ..ခေါ်ယူ စောင့်ရှောက်ဘို့ လိုအပ်တာများ ဆက်လက် စုံစမ်းထားပါတယ်ရှင်..ရှေ့ဆက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ ကလေးရယ်..” ဆိုပြီး သန်လျင်မြို့မှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ကို ခေါ်ယူစောင့်ရှောက်မယ့်အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ဂေဟာကို အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာတဲ့ ကလေးငယ်တွေကို ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးရသလို မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

Source: Khine Hnin Wai ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Crd to Myanmar Celebrities

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top