တောင်ကိုရီးယားရောက် မြန်မာလုပ်သားများအတွက် ဝမ်းမြောက်ဖွယ် သတင်း

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာလုပ်သားများအနေနဲ့ ထပ်တိုး (၁)နှစ် ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်ကို တောင်ကိုရီးယားအစိုးရက ခွင့်ပြုပေးလိုက်တယ်လို့ ကိုရီးယားရောက် မြန်မာအလုပ်သမားများ ထံက သိရပါတယ်။

တောင်ကိုရီးယားအစိုးရရဲ့ အရေးပေါ် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်အရ အလုပ်လုပ်ခွင့် ကုန်ဆုံးတော့မယ့် ပြည်ပလုပ်သားတွေကို ဗီဇာသက်တမ်း ၁ နှစ် ထပ်မံတိုးပေးလိုက်တာ ဖြစ်ပါတယ်။

ဗီဇာသက်တမ်း ၃ နှစ်ပြည့်သူ ဒါမှမဟုတ် ၄နှစ် ၁၀ လပြည့်ပြီး အမိမြေကို ပြန်ကြရတော့မယ့် ပြည်ပလုပ်သားတွေကို ဒီဇင်ဘာလမှစပြီး နောက်ထပ် ၁နှစ် တိုးပေးမှာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ကြေညာလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ပြည်ပအလုပ်သမားတွေကို နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမူစနစ်နဲ့ ခေါ်ယူနေတာဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာလုပ်သား ၄၀၀၀၀ ကျော် တရားဝင်လုပ်ကိုင်နေပြီး အရည်ချင်းစစ် စာမေးပွဲအောင်မြင်ပြီး သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမား ၄၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi

Crd

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top