တစ်မိုးအောက်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ စုပေါင်းနေထိုင်လာသည် မမေ့ပျောက်စေဖို့ ပြည်ထောင်စုနေ့ကျင်းပမည်ဖြစ်ကြောင်း စိုးဝင်း ပြော

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတုအခမ်းအနား ကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း စိုးဝင်းက ပြောသည်။

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီ ကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ စိုးဝင်းက

(၇၅)နှစ်မြောက်ဆိုသည့်အတိုင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့သည် စိန်ရတု အခမ်းအနားဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးခြားခမ်းနားပြီး

စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောသည်။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ရောက်ရှိခဲ့မှု သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

ပြန်လည်ရရှိရေးတို့အတွက် တိုင်းရင်းသားများနှင့်စုစည်းကာ တောင်တန်းနှင့် ပြည်မ ပြန်လည်ပေါင်းစည်း၍ တစ်သွေးတစ်သားတည်းဖြစ်အောင် ၁၉၄၇ဖေဖော်ဝါရီလ ၁၂ရက်တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ပင်လုံ ညီလာခံကျင်းပကာ လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ

ရယူမည်ဆိုသည့် တစ်ညီတစ်ညွတ်တည်း စိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီး ထွက်ပေါ်လာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။ သမိုင်းအစဉ်အဆက်နှင့် ယနေ့အချိန်ကာလအထိ ကြည့်မည်ဆိုလျှင် လက်ရှိ မိမိတို့နိုင်ငံတွင် လူဦးရေစာရင်းအရ

သန်း(၅၀)ကျော်ရှိကြောင်း၊ အဆိုပါ သန်း(၅၀)ကျော်သည် ကချင်၊ကယား၊ ကရင်၊ချင်း၊ ဗမာ၊မွန်၊ ရခိုင်နှင့်ရှမ်းဟူသည့် တိုင်းရင်းသားလူမျိုးစု (၈)ခုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော်တို့သည် ပြည် နယ်နှင့် တိုင်းဒေသကြီး (၁၄) ခု၌ အေးအတူပူအမျှ တိုင်းရင်းသား လူမျိုးပေါင်းစုံ

စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတုအခမ်းအနားကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း စိုးဝင်းက ပြောကြားခဲ့သည်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတုအခမ်းအနား ကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း စိုးဝင်းက ပြောသည်။

၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ စိုးဝင်းက

(၇၅)နှစ်မြောက်ဆိုသည့်အတိုင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ လ ၁၂ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့သည် စိန်ရတု အခမ်းအနားဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးခြားခမ်းနားပြီး

စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောသည်။ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ရောက်ရှိခဲ့မှု သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

ပြန်လည်ရရှိရေးတို့အတွက် တိုင်းရင်းသားများနှင့်စုစည်းကာ တောင်တန်းနှင့် ပြည်မ ပြန်လည်ပေါင်းစည်း၍ တစ်သွေးတစ်သားတည်းဖြစ်အောင် ၁၉၄၇ဖေဖော်ဝါရီလ ၁၂ရက်တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ပင်လုံ ညီလာခံကျင်းပကာ လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားဘဲ

ရယူမည်ဆိုသည့် တစ်ညီတစ်ညွတ်တည်း စိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီး ထွက်ပေါ်လာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။ သမိုင်းအစဉ်အဆက်နှင့် ယနေ့အချိန်ကာလအထိ ကြည့်မည်ဆိုလျှင် လက်ရှိ မိမိတို့နိုင်ငံတွင် လူဦးရေစာရင်းအရ

သန်း(၅၀)ကျော်ရှိကြောင်း၊ အဆိုပါသန်း(၅၀)ကျော်သည် ကချင်၊ကယား၊ ကရင်၊ချင်း၊ ဗမာ၊မွန်၊ ရခိုင်နှင့်ရှမ်းဟူသည့် တိုင်းရင်းသားလူမျိုးစု (၈)ခုနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော်တို့သည် ပြည် နယ်နှင့် တိုင်းဒေသကြီး (၁၄)ခု၌ အေးအတူပူအမျှ တိုင်းရင်းသားလူမျိုးပေါင်းစုံ

စုစည်း၍ တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်ထဲတွင် နေထိုင်လာခဲ့ကြသည်ကို မမေ့မပျောက်စေဘဲ ပြည်ထောင်စုနေ့ ဦးတည်ချက် ၅ ရပ်နှင့်အညီ စိန်ရတုအခမ်းအနားကြီးကို ကျင်းပသွားရမည်ဖြစ်ကြောင်း စိုးဝင်းက ပြောကြားခဲ့သည်။ လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top