Author: Editor

တကျော့ပြန် ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး ပြန်လည်အောင်မြင်လာရတဲ့အကြောင်းရင်း

ထက်ထက်မိုးဦးရဲ့ လိုက်ဖ် ကိုကြည့်ပြီး တချို့က စန်းထတယ်လို့ ပြောကြတယ်။ ကျနော်ကတော့ ကိုယ်လုပ်နေတဲ့အရာပေါ်မှာ ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ ပြောချင်ပါတယ် ။ ဘယ်အချက်တွေနဲ့ ပြောတာလဲ။ ၁။ ပရိသတ်ကို လေးစားတယ် – ထက်ထက်မိုးဦးဆိုတာ အရင်က လျှမ်းလျှမ်းတောက် ၊ မသိသူမရှိတဲ့ အောင်မြင်တဲ့ ကြော်ငြာမင်းသမီး၊ ခုနောက်ပိုင်း ခြေနေအရ လိုက်ဖ် လွင့်ရောင်းရတဲ့အခါမှာလဲ လိုက်ဖ် ကြည့်တဲ့ ပရိသတ် အပေါ်မှာ လေး‌လေးစားစား ဆက်ဆံတယ်။ ၂။ မာနမရှိ – ငါ မင်းသမီးပဲ။ ငါ ရောင်းပေးတဲ့ လိုက်ဖ် တွေမှာ အရောင်း အများကြီးရတယ်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ ဆိုပြီး မဆက်ဆံဘူး။ မာန မထားတတ်ဘူး။ ပရိတ်သတ်ချစ်ခြင်းကို အဲ့တချက်နဲ့ အပိုင်သိမ်းလိုက်တာပဲ။ […]

Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်းခဲ့သည့် EFD Group ကအိမ်ခြေ ၁၈၀၀ အတွက် စားသောက်ကုန်များလှူဒါန်း

Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်းခဲ့သည့် EFD Group ကအိမ်ခြေ ၁၈၀၀ အတွက် စားသောက်ကုန်များလှူဒါန်း————————————–အောက်တိုဘာ ၂၃ သာကေတမြို့နယ်ရှိ Fortune Plaza Expoခန်းမကို COVID-19 လူနာ၁၀၀၀အထိထားရှိနိုင်မည့် Fortune Covid Centre ဆေးရုံအဖြစ်လှူဒါန်းခဲ့သည့် EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက အိမ်ခြေ ၁၈၀၀ အတွက် စားသောက်ကုန်များ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက “များသောအားဖြင့် အလုပ်တွေကနေလည်း နားထားရပြီး အိမ်ထဲမှာပဲ နေကြရတာမို့ အစားအစာအတွက် တစ်ချို့သောသူတွေ အခက်အခဲ ဖြစ်နေကြမယ်ဆိုပြီး ကျွန်တော် ကိုယ်ချင်းစာတဲ့စိတ်နဲ့ တွေးမိပါတယ်။ ဒါကြောင့် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ နို့ဆီ ၊ ကော်ဖီမစ်နဲ့ […]

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာမည့် ကုန်းတွင်းမုန်တိုင်းငယ် နှင့်ပတ်သက်၍ မိုးဇလ သတိပေးချက်ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာမည့် ကုန်းတွင်းမုန်တိုင်းငယ် နှင့်ပတ်သက်၍ မိုးဇလ သတိပေးချက်ထုတ်ပြန်… (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်) “ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ” ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ဆာဂါ (Sagar) ကျွန်းနှင့် ခီပူပါရာ (Khepupara) မြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်(Depression)သည် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)အဖြစ် ရောက်ရှိခဲ့ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက် လက်ရွေ့လျားကာ၊ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်တွင် လေဖိအား နည်းရပ်ဝန်း (Low Pressure Area)အဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရ ပါသည်။ “သတိပေးနှိုးဆော်ချက်” အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ နောက်(၂၄)နာရီ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ […]

မနေ့ညက ကံစမ်းမဲမပေါက်သူတွေ နောက်ကံစမ်းမဲတွေ ဆက်မျှော်လင့်လို့ ရသေးကြောင်း ပြောလာတဲ့ စမိုင်းလ်

ပရိသတ်တွေအတွက် မကြာခဏဆိုသလို ကံစမ်းမဲအစီအစဉ်တွေနဲ့ လက်ဆောင်တွေပေးနေသူ စ မို င်း လ်ကတော့ မနေ့ကညကလည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့မွေးနေ့ပါတီလေးအနေနဲ့ Facebook Live လွှင့်ပြီးဂိမ်းတွေကစားခဲ့တဲ့အပြင် တစ်သိန်းဆု ဆယ်ဆု၊ တစ်သိန်းခွဲတန် Gift Box ဆယ်ခုနဲ့ ဂဏန်းခန့်မှန်းခိုင်းပြီး ဆုချငွေ ဆယ်သိန်းတို့ကို မဲဖောက်ပေးခဲ့ပါတယ်။စမိုင်းလ်ရဲ့ ကံစမ်းမဲ Live ကိုတော့ ကြည့်ရှုသူပေါင်း တစ်သန်းကျော်ရှိခဲ့ကြသလို ကံစမ်းမဲပေါက် ဖို့ မျှော်လင့်ခဲ့ကြသူတွေလည်း အများကြီးပါ။ မနေ့ကညက Live မှာ ကံစမ်းမဲမပေါက်သွားတဲ့သူ တွေကိုတော့ စမိုင်းလ်က စိတ်မလျှော့ကြဖို့နဲ့ နောက်ထပ်ကံစမ်းမဲအစီအစဉ်တွေရှိသေးကြောင်း မျှဝေလာပါတယ်။မနေ့ကကံထူးသူများအားလုံး ဒီနေ့စတင်ဆက်သွယ်ပြီး ငွေများလွှဲပေးနေပါပြီ ရှင်။ ကံစမ်းမဲမပေါက်သူများလည်း နောက်အမြဲကံစမ်းမဲတွေပြုလုပ်အုန်းမှာဖြစ်လို့ နောက်အ ခေါ က် တွေမှာပေါက်ကြပါစေလို့ဆုတောင်းပေးပါတယ်။ အားလုံးပဲကျန်းမာချမ်းသာကြပါစေ ဆို ပြီး ရေးသားမျှဝေလာပါတယ်။နောက်ထပ်ကံစမ်းမဲအစီအစဉ်တွေအနေနဲ့ […]

ရွှေကုက္ကိုလောင်းကစားမြို့တော်တွင် နိုင်ငံခြားသား (၁၉၀၀) ကျော် ဗီဇာသက်တမ်းလွန်နေဟုဆို

ရွှေကုက္ကိုလောင်းကစားမြို့တော်တွင် နိုင်ငံခြားသား (၁၉၀၀) ကျော် ဗီဇာသက်တမ်းလွန်နေဟုဆို မြဝတီမြို့မှာ BGF အပါအဝင် NCA ထိုးထားတဲ့အဖွဲ့(၂)ဖွဲ့ပိုင်တဲ့ တရားမဝင်ကာစီနိုရုံနဲ့ လောင်းကစားဂိမ်းရုံတွေကို အမြန်ဆုံးဖျက်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးက သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂၃)ရက်နေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလိုပြောခဲ့တာပါ။ “မြဝတီကိုစစ်ကြည့်တော့ ကာစီနို(၃)ရုံ၊ လောင်းကစားရုံဂိမ်းရုံ(၁၁)ရုံတွေ့တယ်။ ဒါတွေက တရားမဝင်လုပ်ထားတာတွေဖြစ်တယ်။ အဲမှာ တချို့ BGF ကပါတယ်၊ တချို့ NCA ထိုးပြီးသား အဖွဲ့(၂)ဖွဲ့ပါတယ်၊ နာမည်တော့ ကျွန်တော်မပြောတော့ဘူး ကျွန်တော်တို့ သက်ဆိုင်ရာကတဆင့် ညွှန်ကြားထားတာတွေရှိတယ်။”လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ကာစီနိုရုံတွေ၊ ဂိမ်းရုံတွေဟာဥပဒေနဲ့မညီတာကြောင့် NCA ထိုးထားတဲ့ အဖွဲ့(၂)ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်ကတစ်ဆင့် အမြန်ဆုံးဖျက်သိမ်းပေးဖို့ ညွှန်ကြားထားပြီး နယ်ခြားစောင့်တပ် […]

ဂုတ်တွင်း တံတားကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လိုက်ပြီ

အောက်တိုဘာ ၂၃ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို- ကျောက်မဲ ကြားရှိ ဂုတ်တွင်း တံတားကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ အဆိုပါ တံတားဖွင့်လှစ်လိုက်ခြင်းကြောင့် ကုန်တင်ယာဉ်များအနေဖြင့် ကုန်ကဲ့ရန် မလိုအပ်တော့ဘဲ ယနေ့မှစတင်ကာ ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့က သောင်းကျန်းသူ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းကြောင်း ယင်းတံတားဟောင်း အနီးတွင် တံတားအသစ်ကို ပြန်လည် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ယခင်ယာယီဘေလီသံဘောင်တံတားသည် ကုန်+ယာဉ် ၄၈တန်သတ်မှတ်ထား ခဲ့တာကြောင့် ကုန်တင်ကားကြီးများဟာနောင်ချိုတိုးဂိတ်မရောက်ခင်နဲ့ကျောက်မဲတိုးဂိတ်မရောက်ခင်ကုန်ကဲ့ခြင်းများ ဆောင်ရွက် ရသော်လည်း ယခုအခါ တံတားသစ် ပြန်လည် ဖွင့်လှစ်လိုက်ခြင်းကြောင့် ကုန်ကဲ့ရန် မလိုတော့ဘူးလို့ ကုန်တင်ယာဉ်မောင်များက ပြောကြားထားပါတယ်။ […]

ဆေးရုံပေါ်မှာ နောက်ဆံမတင်းပဲနေနိုင်အောင် အစစအရာရာတာဝန်ကျေကြတဲ့ နာကူအသင်းသားတွေကြောင့် ပီတိမျက်ရည်ကျမိတယ်ဆိုတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ ကိုယ်ကျိုးကို မငဲ့ကွက်ပဲ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရင်းနဲ့ Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျော်သူက လက်ရှိမှာတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး စိတ်ရောလူပါ ပြည့်ပြည့်ဝဝ အနားယူနေရတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ဆေးရုံပေါ်မှာ နောက်ဆံမတင်းပဲနေနိုင်အောင် အစစအရာရာတာဝန်ကျေကြတဲ့ နာကူအသင်းသားတွေကြောင့် ပီတိမျက်ရည်ကျမိကြောင်း အခုလိုပဲ ပြောလာပါတယ်။ “ဒီလိုအချိန်မှာ ဒီလိုစာမျိုးတက်လာတာ တွေ့မိတော့ ဝမ်းသာမိတယ်၊ ပီတိဖြစ်မိတယ်၊ မျက်ရည်ကျမိတယ် သားတို့ရေ…။ “ပြီးခဲ့တဲ့ ၁၈ရက်နေ့ ည၁၂ခွဲက ကျွန်မအဒေါ်ကဖျားပြီးဗိုက်ထဲကနေလို့မရဘူးလို့အော် တကိုယ်လုံးလည်းတုန်နေတော့ အရေးပေါ် Ambulance ကိုဖုန်းဆက်ပါတယ်။ ကျွန်မ ဆက်တဲ့ ph list တွေလည်း ss ပြလို့ရပါတယ်။ မြို့နယ်ကြက်ခြေနီဖုန်းတွေ မကိုင်ပါဘူး။ အဲ့တာနဲ့ ကိုယ်ဖုန်းနံပတ်သိတဲ့ ကူညီပေးနိုင်မယ်လို့ထင်တဲ့ လူကြီးတချို့ကိုလည်းဆက်ပါ။ […]

ပြည်သူတွေကို နိုင်ငံတော်မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား

ပြည်သူတွေကို နိုင်ငံတော်မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်————————အောက်တိုဘာ ၂၃ ပြည်သူတွေကို နိုင်ငံတော်မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်ထည့်သွင်း ပြောကြား လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့်ခွန်းမှ ကောက်နုတ်ချက်အချို့ကို ဖော်ပြ လိုက်ပါတယ်။– Stay At Home မြို့နယ်တွေရဲ့သတ်မှတ်ချက်တွေက မပြီးသေးပါဘူး။ စီးပွားရေးအရ စက်ရုံတွေ ဖွင့်ထားပေမယ့် Stay Home က မပြီးသေးပါဘူး။ သည်းခံပြီးနေပေးကြပါအုံး။– ရန်ကုန်မှာ စပြီးတော့ ထိန်းနိုင်ပြီ။ […]

ယနေ့မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ တစ်စက္ကန့်သီချင်းကို သီဆိုခဲ့တဲ့ အဆိုတော်စိုးမိုးမင်း

ပရိသတ်ကြီးရေ လွန်ခဲ့တဲ့နှစ်တွေက အရမ်းကိုအောင်မြင်လူကြိုက်များခဲ့တဲ့ “မင်းလက်ကလေး ကိုင်ချင်လို့ တစ်စက္ကန့်လောက် ခွင့်ပြုပါ” ဆိုတဲ့ သီချင်းလေးကိုတော့ ပရိသတ်တွေ ယနေ့အချိန်ထိ စွဲမြဲစွာ အမှတ်ရနေကြဦးမှာပါနော်။ “တစ်စက္ကန့်”သီချင်းလေးကို Rဇာနည်၊ ကျော်သူစိုးနဲ့အတူ တွဲဖက်ပြီးသီဆိုခဲ့တဲ့ Rapper အဆိုတော် စိုးမိုးမင်းကတော့ ယနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။ Rap ဂီတကို ရူးသွပ်ကာ အနုပညာရှင်အချင်းချင်းကတောင် လေးစားအားကျခဲ့ရ Zero အဖွဲ့မှ Rapper အဆိုတော် စိုးမိုးမင်းဟာ အသည်းရောဂါနဲ့ ချင်းမိုင်မြို့မှာ ကွယ်လွန်သွားတာပါ။ အကြွေစောလွန်းတဲ့ စိုးမိုးမင်းရဲ့ စိတ်မကောင်းစရာသတင်းကတော့ ဂီတအနုပညာရှင်တွေကို အတော်လေး အံ့သြသင့်စေခဲ့ပြီး မယုံနိုင်လောက်အောင် စိတ်မကောင်းဖြစ်နေတာလည်း တွေ့ရပြီး ဝမ်းနည်းစကားလေးတွေလည်း ဆိုထားကြပါတယ်နော်။ “သူငယ်ချင်းတို့ ငါတို့ကောင်ကြီး ” စိုးမိုးမင်း” ဆုံးသွားပြီ.. ကျော်သူစိုး လှမ်းပြောတာ ကောင်းရာမွန်ရာရောက်ပါစေကွာ..” […]

ရန်ကုန်ဆေးရုံကြီးရဲ့ လက်ရှိ အခြေအနေမှန် နှင့် ဖြစ်ရင် အိမ်မှာပဲ ကြိတ်မကုကြပါနဲ့

ရန်ကုန်ဆေးရုံကြီးရဲ့ လက်ရှိ ပကတိ အခြေအနေမှန် နှင့် ဖြစ်ရင် အိမ်မှာပဲ ကြိတ်မကုကြပါနဲ့… ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရကြားနေရတာ တကယ်ပဲစိတ်မကောင်းလို့ ဒီပို့စ်လေးကို တင်တာဖြစ်ပါတယ် လူတွေတချို့အထင်မှားနေကြတာလေးကိုလည်း အမှန်သိစေချင်လို့ပါ ခုချိန်မှာ လူတော်တော်များများ ကိုဗစ် ဖြစ်နေကြပါတယ် ဒါပေမဲ့လည်းတော်တော်များများဟာ ဖြစ်နေချိန်ဆေးရုံမသွားပဲ အိမ်မှာပဲ ကျိတ်ကုနေကြပါတယ် ဒါကတကယ့်ကိုမှားနေပါတယ်၊ တချို့ကပြောတယ် ဆေးရုံရောက်တာနဲ့သေတယ်တဲ့ သေမှာပေါ့အချိန်အရမ်းနောက်ကျပြီးမှ သွားမှတာ့ ဘယ်ဆရာဝန်ကကုပေးနိုင်မှာလည်း ဘုရားမှမဟုတ်တာလေနော် သူတို့မှာလည်း သူတို့ကုပေးနိုင်လောက်တဲ့အခြေနေမှပဲကုပေးမှာလေ ဘာဖြစ်လို့ခုလိုပြောလည်းဆိုတော့ ကိုယ်တွေလက်တွေ့မို့ပါနော် အိမ်ကအမေ ဒီရောဂါကိုစတင်ခံရချိန်မှပဲကိုယ်လည်းသိတာပါ အမေကဒီရောဂါစဖြစ်တာ စစချင်းမသိပါဘူး ပထမနှစ်ရက်ဖျားပါတယ် ကိုယ်တွေဒီတိုင်းရာသီဖျားတယ်ထင်ပါတယ်၊ ဘာလို့လည်းဆိုတော့ သူကတစ်နှစ်တစ်ခေါက်တောင် အိမ်ပေါ်ကနေအောက်မဆင်းတဲ့သူပါ၊၊ နောက်ရက်ကျတော့အဖျားသက်သာလာပါတယ်၊ ဒါပေမဲ့ချောင်းဆိုးလာပါတယ် အဲ့ထိလည်းမသိသေးပါဘူး ချောင်းက (၃)ရက်လောက်အဆက်မပြတ်ဆိုးလာပါတယ်၊ အဲ့အချိန်နည်းနည်းသံသရဝင်ပါတယ်၊ ဒါပေမဲ့လည်းမဟုတ်လောက်ပါဘူးဆိုပြီး ဒီတိုင်းပိုးသတ်ဆေးသောက် ချောင်းဆိုးပျောက်ဆေးသောက်ပြီးနေပါတယ်၊ အခြေနေပိုဆိုးလာပါတယ်၊ နောက်ရက်ကြတော့ဝမ်းစလျောလာပါပြီ အဲ့ချိန်လည်းပိုးသတ်ဆေးကြောင့် […]

Back To Top