Author: Editor

အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှုအရေအတွက် တိုးလာ၊ မလေးရှားတွင် စံချိန်တင်

အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှုအရေအတွက် တိုးတက်လာ၊ မလေးရှားတွင် စံချိန်တင် မလေးရှားနိုင်ငံ တွင် အောက်တိုဘာ ၂၄ ရက်က ကိုဗစ်ကူးစက်ခံရသူအသစ် ၁,၂၂၈ ဦး တွေ့ရှိခဲ့ပြီး ယင်းမှာ ထိုနိုင်ငံတွင် ကပ်ရောဂါစတင် ပြီးနောက်ပိုင်း တစ်နေ့တည်း အများဆုံးကူးစက်မှုဖြစ်သည်။ စုစုပေါင်း ကူးစက်ခံရသူ ၂၅,၇၄၂ ဦး ရှိလာခဲ့သည်။ ကူးစက်သူအသစ် ၄၄၉ ဦး ဖြင့် ဆာဘားပြည်နယ်တွင် အများဆုံးတွေ့ရှိခဲ့ပြီး အခြားပြည် နယ်များဖြစ်သော ဆီလန်ဝေါ၊ ပီနန်၊ ပီရက်၊ နဂရီဆဘီလန်၊ ဆာရာဝက်၊ ကီဒါး၊ မလက္ကာ၊ ထရန်ဂန်နူနှင့် ပါဟန်းတို့တွင် လည်း ကူးစက်မှုများ တွေ့ရှိခဲ့ သည်။ လူခုနစ်ဦး ထပ်မံသေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားခဲ့ပြီးနောက် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် သေ […]

ယောက်ျားလေးများ အမြတ်တနိုးယူသင့်သော မိန်းမ (၁၀) မျိုး

ယောကျ်ားလေးများ ယူသင့်သော မိန်းမ (၁၀) မျိုး (၁). အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ (၂). မိဘ အား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး…. ကိုယ့်ထက် အငယ်များအား အရာရာနားလည် ထိန်းကျောင်းပေးတတ်သော မိန်းမ… (၃). ပုံမှန်အားဖြင့် ယောကျာ်း ဆို စိတ်မဝင်စားတတ်..ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြု ခြင်း လက်ထပ်ခြင်း အမှုကို စဉ်းစားဖြစ်သော မိန်းမ…. (၄). အရာရာကို လွယ်လွယ် မယုံ ဉာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ ထို အသိဉာဏ် အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီး များအား သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ…. (၅). ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း…. ရာထူး […]

ပရဟိတမင်းသားကြီး ကျော်သူ ထံတွင် ကိုဗစ်ပိုး မတွေ့ရတော့ (ဝမ်းသာလိုက်တာ)

ပရဟိတမင်းသားကြီး ကျော်သူ ထံတွင် ကိုဗစ်ပိုး မတွေ့ရတော့ (ဝမ်းသာလိုက်တာ) ပရဟိတမင်းသားကြီး ကျော်သူ ပထမအကြိမ်ကိုဗစ် စစ်ရာတွင် Negative အဖြေ ထွက်ပေါ်လာကြောင်း သိရပါတယ်။ စေတနာမှန်လို့ အကျိုးပေးပါပြီ။ မင်းသားကြီး ကျော်သူ ရေးထားတဲ့ ပို့စ်ကို ဖော်ပြ ပေးလိုက်ပါတယ်- N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး “N” ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် … ငါ ဒါလေးရေးပေးလိုက် တယ်။ ဝမ်းသာတယ်ဆိုပြီး အပျော်မကြူးကြနဲ့။ မပေါ့ကြနဲ့။ လွတ်လပ်ပြီဆိုပြီး လမ်းမထွက် ဆေးရိုးလှမ်းကြသလို ဖြစ်ကုန်တော့မယ်။ သတိ! အသိ! အျမဲ ရွိ! ကျော်သူ( ခေတ္တ ဝေဘာဂီ) Post Views: 20

မြန်မာပြည် ကိုဗစ်လူနာများထဲတွင် ရောဂါအခံ မရှိသောသူများ သေဆုံးမှုနှုန်းမြင့်တက်လာ

ကိုဗစ် ရောဂါပိုးတွေ့ရှိသည့် လူနာများထဲတွင် ရောဂါအခံမရှိသောသူများ၏ သေဆုံးမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောပါသည်။ “ရောဂါအခံမရှိဘဲ သေဆုံးနှုန်းက ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိတက်လာတယ်။ အဓိကကတော့ အရောက် နောက်ကျတာပေါ့။ တချို့လူနာတွေမှာ တုံ့ပြန်မှု အရမ်းများတဲ့အတွက် ကိုယ်တွင်း အင်္ဂါပျက်စီးတာမျိုးတွေ ဖြစ်တယ်။ အဲဒီအခါ လူငယ်ဆိုပေမယ့်လည်း သေနိုင်ပါတယ်။ စောစောရောက်ရင်တော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးအများတာပေါ့။ တခြားလူတွေကြတော့လည်း ကုနေရင်း ရောဂါပြင်းထန်လာတာတွေရှိတယ်။ အဲဒါကြောင့် လူငယ်ဆိုတိုင်းလည်း ပေါ့ဆလို့မရပါဘူး” ဟု ၎င်းကပြောသည်။ ထို့အပြင် ဆေးရုံသို့သေဆုံးပြီးမှ ရောက်လာသူမှာ ၁၈ ရာခိုင်နှုန်းနှင့် ဆေးရုံသို့ရောက်ရှိပြီး တစ်ရက်အတွင်းသေဆုံးသူမှာ ၁၇ ရာခိုင်နှုန်း စုစုပေါင်း ၃၅ ရာခိုင်နှုန်းရှိသည့်အတွက် သုံးပုံတစ်ပုံခန့်သည် […]

အာဏာရှင်လက်ထက်က အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ချီလီပြည်သူတွေ တညီတညွတ်တည်း ထောက်ခံမဲပေး

အာဏာရှင်လက်ထက်က အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ချီလီပြည်သူတွေ တညီတညွတ်တည်း ထောက်ခံမဲပေး အာဏာရှင် ပီနိုချက်လက်ထက်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖို့ ပြင်ဆင်ရေးဆွဲဖို့ ချီလီပြည်သူတွေက တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့ကြပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး မဲ ၉၀ ရာခိုင်နှုန်းနီးပါး ရေတွက်ပြီးစီးချိန်မှာ ၇၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမြို့နဲ့ တခြားမြို့တွေမှာ ပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။ ဆန်တီယာဂိုမြို့လယ် အဆောက်အအုံတစ်ခုမှာတော့ ချီလီနိုင်ငံ ပြန်လည်မွေးဖွားခြင်း Rebirth ဆိုတဲ့ စကားလုံးကို ပရောဂျက်တာနဲ့ ထိုးပြခဲ့ပါတယ်။ ချီလီသမ္မတ ပင်နီရာက ငြိမ်းငြိမ်းချမ်းချမ်း မဲပေးမှုတွေကို ချီးကျူးစကားဆိုခဲ့ပြီး ဒါဟာ ချီလီပြည်သူအားလုံး အတူတကွလျှောက်လှမ်းရမယ့် လမ်းကြောင်းရဲ့လမ်းစဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ချီလီနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း […]

ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးရဲ့ သမိုင်းအစ

ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးရဲ့ သမိုင်းအစ… ၁။ ရဲတပ်ဖွဲ့၏ ပထမဆုံးသော ရဲချုပ်အမည်မှာ ဒုဗိုလ်မှူးကြီး ဟယ်မီလ်တန် ဖြစ်သည်။ ၂။ ရဲတပ်ဖွဲ့၏ ပထမဆုံးသော မြန်မာလူမျိုး ရဲချုပ်မှာ ဦးဘမောင် ဖြစ်သည်။ IGP(Inspector General of Police) ၃။ ရဲတပ်ဖွဲ့သည် ၂၈.၁၀.၁၈၈၇ ရက်နေ့တွင် ကျေးရွာ အက်ဥပဒေကို ပြဌာန်းပြီး ပုဒ်မ ၃ အရ ကျေးရွာ ပုလိပ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြင့် ပေါ်ပေါက်လာခဲ့သည်။ ၄။ ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းစဉ်က ပုလိပ်ရဲသားများ ပထမဆုံး ရရှိသော လစာမှာ ၉ကျပ် ၁၀ပဲ ဖြစ်သည်။ ၅။ ဆပ်ကျောင်းခေါ် ပုလိပ်အတတ်သင်ကျောင်းကို ၇.၄.၁၉၀၆ ရက်နေ့တွင် တောင်ငူမြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည်။ […]

အချစ်ဆုံးသူငယ်ချင်း ပွင့်နဒီမောင်ဆီက မင်္ဂလာလက်ဖွဲ့အဖြစ် နောက်ဆုံးပေါ် TV ကြီးလက်ဆောင်ရရှိခဲ့တဲ့ ဘုန်းလျှံ

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် ဘုန်းလျှံကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက လှုမှုရေးကိစ္စတစ်ခုကြောင့် ပရိသတ်တွေနဲ့ (၇)နှစ်ကျော် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပေမယ့် အခုဆိုရင်တော့ ပရိသတ်အားပေးမှုကို တစ်ကြော့ပြန်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းလျှံက သူ့ဘဝရဲ့ လက်တွဲဖော်ကိုလည်း ရှာတွေ့ခဲ့ပြီဖြစ်ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်တော့မှာပဲ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလအတွင်းမှာ လက်ထပ်ကြတော့မယ့် ဘုန်းလျှံတို့ ချစ်သူနှစ်ယောက်ကတော့ အခုကတည်းက ရင်းနှီးသူမိတ်ဆွေတွေဆီကနေ မင်္ဂလာအကြိုလက်ဖွဲ့တွေကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘုန်းလျှံက သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်း ပွင့်နဒီမောင်ဆီကနေ SONY smart TV တစ်လုံးကို မင်္ဂလာလက်ဖွဲ့ရရှိခဲ့ကြောင်း ပြောလာခဲ့ပါတယ်။ ဘုန်းလျှံနဲ့ ပွင့်နဒီမောင်တို့ကတော့ အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ခဲ့ဖူးသလို အပြင်မှာလည်း […]

ပရဟိတမင်းသားကြီး ကျော်သူ ထံတွင် ကိုဗစ်ပိုး မတွေ့ရတော့ (ဝမ်းသာလိုက်တာ)

ပရဟိတမင်းသားကြီး ကျော်သူ ထံတွင် ကိုဗစ်ပိုး မတွေ့ရတော့ (ဝမ်းသာလိုက်တာ) ပရဟိတမင်းသားကြီး ကျော်သူ ပထမအကြိမ်ကိုဗစ် စစ်ရာတွင် Negative အဖြေ ထွက်ပေါ်လာကြောင်း သိရပါတယ်။ စေတနာမှန်လို့ အကျိုးပေးပါပြီ။ မင်းသားကြီး ကျော်သူ ရေးထားတဲ့ ပို့စ်ကို ဖော်ပြ ပေးလိုက်ပါတယ်- N ကွ! ဆိုတော့ မင်းတို့နည်းတူ ငါလည်းဝမ်းသာမိတာပေါ့ကွာ။ ဒါပေမယ့် ဒါတစ်သက်လုံး “N” ဖြစ်သွားတာမဟုတ်ဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် … ငါ ဒါလေးရေးပေးလိုက် တယ်။ ဝမ်းသာတယ်ဆိုပြီး အပျော်မကြူးကြနဲ့။ မပေါ့ကြနဲ့။ လွတ်လပ်ပြီဆိုပြီး လမ်းမထွက် ဆေးရိုးလှမ်းကြသလို ဖြစ်ကုန်တော့မယ်။ သတိ! အသိ! အမြဲ ရှိ! ကျော်သူ( ခေတ္တ ဝေဘာဂီ) ############################### ပရဟိတမင်းသားကြီး ကျော်သူ […]

မလေးရှားလူမျိုးတိုင်း လိုချင်တပ်မက်ကြသည့် ဒါတိုဆရီဘွဲ့အား ပရဟိတလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ဦးဇော်ဇော်အား မလေးရှားအိမ်ရှေ့မင်းသားကိုယ်တိုင်ချီးမြှင့်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်ဥက္ကဋ္ဌ ဦးဇော်ဇော် မလေးရှားနိုင်ငံ၏ ဒါတိုဆရီ ဘွဲ့တံဆိပ် ချီမြှင့်ခြင်းခံရ မလေးရှားနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် Dato’ Sri ဒါတိုဆရီဘွဲ့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံသို့ ယနေ့မွန်းလွဲပိုင်းက မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် အိမ်ရှေ့စံမင်းသား Tengku Abdullah Ibni Sultan Ahmad Shah ကချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါဆုသည် လူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက် ခြင်းအတွက် ချီးမြှင့်ခြင်း ဖြစ်ပြီး (FIFA) ဖီဖာ ဒုဥက္ကဋ္ဌများ အပါအဝင် ထင်ရှားကျော်ကြားသူအချို့လည်း ရရှိခဲ့ဖူးသည်။ unicode မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်ဥက္ကဋ္ဌ ဦးဇော်ဇော် မလေးရှားနိုင်ငံ၏ ဒါတိုဆရီ ဘွဲ့တံဆိပ် ချီမြှင့်ခြင်းခံရ မလေးရှားနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် Dato’ Sri ဒါတိုဆရီဘွဲ့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် […]

ကွယ်လွန်သွားတဲ့ ညီမလေးမီးမီးခဲအတွက်ရည်စူးပြီး တတ်စွမ်းသလောက် ကောင်းမှုအလှူဒါနတွေပြုပေးလိုက်တဲ့ ကော်နီနဲ့မီမီဝင်းဖေ

ကော်နီကတော့ ဝါရင့်အဆိုတော်တစ်ဦးအဖြစ် အားလုံးရဲ့ချစ်ခင်လေးစားခြင်းကို ခံယူရရှိထားသူပဲ ဖြစ်ပါတယ် ။ သီချင်းတွေကို အားအင်အပြည့်နဲ့ သီဆိုတတ်တဲ့ ကော်နီက အောင်မြင်မှုတွေကိုလည်း ဆွတ်ခူးရရှိနေဆဲ ဖြစ်ပါတယ် ။ ကော်နီရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားပြီး လူကြိုက်များအောင်မြင်နေတာ ဖြစ်ပါတယ် ။ မနေ့ကတော့ ကော်နီက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မီးမီးခဲအတွက် ကောင်းမှုတစ်ခုပြုပေးခဲ့ကြောင်း တင်ထားတာ ဖြစ်ပါတယ် ။ ကော်နီနဲ့ မီမီဝင်းဖေတို့သူငယ်ချင်းနှစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ ညီမလေးမီးမီးခဲအတွက် သူတို့တတ်နိုင်တဲ့ဘက်ကနေ အလှူဒါနတွေ ပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကော်နီနဲ့မီးမီးခဲဟာဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ လက်တွဲကာလျှောက်လှမ်းခဲ့ကြတဲ့အပြင် ဖျော်ဖြေပွဲတွေမှာလည်း အတူတူပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကော်နီက “ချစ်ရတဲ့ညီမလေး မီးမီးခဲအတွက် ရည်စူးလို့တတ်စွမ်းနိုင်သလောက် မမီနှင့်မကော် အလှူဒါနပြု အမျှဝေခဲ့ပါတယ်ရှင် ကုသိုလ်အမျှအမျှအမျှရောက်လေရာဘုံဘဝမှာအေးချမ်းသာယာ ရှိပါစေ သမီးမီးမီးခဲရေ” […]

Back To Top