Author: Editor

ရန်ကုန်စည်ပင်က သံစုံတီးဝိုင်းဖိုး ငွေကျပ် ၁၃၇ သန်းကျော်သုံးမည့်ကိစ္စ အန်အယ်လ်ဒီ အမတ်များ အပြင်းအထန် ကန့်ကွက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သံစုံတီးဝိုင်းအတွက် ငွေကျပ် ၁၃၇ သန်းကျော်အသုံးပြုဖို့ ရန်ုကုန်တိုင်းဒေသကြီး လွှတ်တော်မှာတင်ပြလာတာကို အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လာမယ့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်မှာ သံစုံတီးဝိုင်းတစ်ခု အတွက် ငွေကျပ် ၁၃၇ သန်းကျော်အသုံးပြုဖို့ ဇွန်လ ၄ ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ဘတ်ဂျက်တောင်းခံထားတာပါ။ ဒီသံစုံတီးဝိုင်းဟာ ရန်ကုန်စည်ပင်ရဲ့ ဧည့်ခံပွဲအခမ်းအနားတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ စည်ပင်က ဆိုပါတယ်။ ပြည်သူတွေအတွက် လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့အချိန်မှာ သံစုံတီးဝိုင်းအတွက် သုံးသင့်မသုံးသင့်စဉ်းစားဖို့နဲ့ စည်ပင်တာဝန်ရှိသူတွေက ငွေကြေးတောင်းခံရာမှာ အဆင့်ဆင့် စိစစ်ပြီးမှ လွှတ်တော်ကိုတင်သင့်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာနဲ့ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းတို့က ဝေဖန်လိုက်ပါတယ်။ ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ပိုသုံးစွဲမယ်ဆိုပေမယ့် ရန်ကုန်တိုင်းအတွင်း […]

စံချိန်မမီတဲ့ ရန်ကုန်က တိုက်ခန်းများနှင့် ချိန်ကိုက်ဗုံးတွေလို ဖြစ်နေတဲ့ အဝိစီတွင်းတွေ

ပြီးခဲ့ တဲ့ အပါတ်က ရန်ကုန်ကို ခန ပြန်ရောက်တယ်။ တောင်ဥက္ကလာပက သူငယ်ချင်းတစ်ယောက်ဆီ သွားလည်တယ်။ သူနဲ့ စကားပြောရင်း သူ့အိမ်ဘေးက တစ်ထပ်အိမ်တအိမ်ရဲ့ ခြံဝင်းထဲက အိမ်ရှေ့မြေကွက်လပ်မှာ အဝီစိတွင်း တူးနေတာ တွေ့လိုက်တယ်။ သူ့ကို အဲဒီအိမ်က အဝီစိတွင်းတူးတာ ပါမစ် ရှိလားဆိုတော့ သူမသိဘူးတဲ့။ သွားမမေးဘူးလားဆိုတော့ လည်း သူနဲ့မဆိုင်လို့ မမေးဘူးတဲ့။သူ့ကို ပြောလိုက်တယ်။ မင်း နေတဲ့ ၈ ထပ်က အခန်းကို ရောင်းပြီး တခြားမှာ သွားနေတော့ဆိုတော့ သူက လန့်ဖြတ်သွား ပြီး ဘာဖြစ်လို့လဲတဲ့။ ကျနော်က ပြောလိုက်တယ်။ ဘေးအိမ်က အဝီစိတွင်းက နေ့စဉ်ရေတွေ စုပ်နေတာ တချိန်မှာ မြေအောက်မှာ ရှိတဲ့ ရေထုနည်းလာမယ်။ မြေဂလှိုင်ကြီးတွေ ဖြစ်လာမယ်။ မြေအောက်မှာ မြေပြိုမှု […]

YBS ၄၀ နှင့်တိုက်မိပြီး သေဆုံးခဲ့သည့် မောင်နှမအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့လှူဒါန်း

YBS ၄၀ ဘတ်စ်ကားနဲ့တိုက်မိပြီး သေဆုံးခဲ့တဲ့ မောင်နှမ နှစ်ယောက်အတွက် ကျပ်သိန်း ၄၀ လှူဒါန်းထားတယ်လို့ YRTA တာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ကမ်းနားလမ်း၊ သင်္ဘောကျင်း မှတ်တိုင်နားမှ YBS ၄၀နဲ့ အငှားယာဉ်တိုက်မိခဲ့ရာက အငှားယာဉ်ပေါ် ပါလာတဲ့သူ ၃ ယောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ မောင်နှမရဲ့ ကျန်ရစ်သူမိသားစုအတွက် ကူညီပံ့ပိုးမှု အလှူငွေ ကျပ်သိန်း ၄၀ ကို ဒီနေ့မနက် YRTA တာဝန်ရှိသူတွေက သေဆုံးသူမိဘတွေထံကို ပေးအပ်ခဲ့တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ YBS ယာဉ်မောင်းဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ယာဉ်မောင်းဖြစ်တာကြောင့် ပြစ်မှုအတွက် YUPT ကုမ္ပဏီကလည်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး […]

အဆုပ််မကောင်းခြင်း အတွက် ကြိတ်မှန်ရွက် ဆေးတစ်ခွက်

( ကြိတ်မှန်ပင်+ပျားရည် =ဆေးစွမ်းတခွက် ) ကြိတ်မှန်ပင်ကို အမျိုးသမီးရောဂါဖြစ်တဲ့ မီးယပ်ရောဂါများတွင် အသုံးပြုခဲ့ကျတာ ခုထိပါဘဲ ဆရာဖြစ်သူရဲ့အတွေး သုတေသနများဖြင့်လည်း တိုးချဲ့ အသုံးပြုနေကျပါတယ် •••••• လွန်ခဲ့သော လပိုင်းကပေါ့ ထွန်းမင်းအောင်ရေ ထွန်းမင်းအောင် …ဗျာ သြော် အမ လာလေ ဘာဖြစ်လို့လည်း အမနီ နင်နဲ့လာတိုင်ပင်တာ ဟ အင်းဘာဖြစ်လို့လည်း ? အိမ်က ကိုဇော် TBဖြစ်လို့ ဆေးသောက်နေတာ၂ လကြာပြီ ခု ဗိုက်ကြီးလည်းပူဖေါင်းလာသလို ခြေထောက်တွေလည်း ပြည့်ပြီးထမင်းလည်းစားမရဘူး လူလည်းသေးသေးဘဲကျန်တယ် ပြီးတော့ တအားလည်းမောတယ် အဲ့ဒါ နဲ့ ဆေးခန်းတွေ လိုက်ပြနေတာ လည်း မထူးခြားဘူးအဲ့ဒါ တိုင်းရင်းဆေးနဲ့ကုမယ်လို့စိတ်ကူးမိပြီး နင့်ဆီလာအကူအညီ တောင်းတာဟ … … … ဒါနဲ့ လူနာအကြောင်းကို ပြည့်စုံအောင်မေးပြီးတော့ […]

မိန်းမသားတန်မဲ့ ညနက်သန်းခေါင် တစ်ယောက်တည်း ကိုဗစ်ကာကွယ်ရေး လိုက်နှိုးဆော်ပေးတဲ့ သူနာပြုဆရာမလေး

ပရိသတ်ကြီးရေ ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါကူးစက်မှာ မကြောက်ဘဲ ရှေ့တန်းကနေကုသမှုတွေ လုပ်ပေးနေကြတာပါ… ဒါ့အပြင် ကိုဗစ်မကူးစက်ဖို့ ကျန်းမာရေးအသိပညာပေးမှုတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်… ခုပြောပြချင်တာကတော့ ရွာလေးတစ်ရွာက သူနာပြုဆရာမလေးဟာ ညနက်သန်းခေါင် အကြောက်တရားကိုဖယ်ပြီး ပြည်သူတွေအတွက် အသိပညာပေးမှုတွေ လိုက်လံနှိုးဆော်ပေးနေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်… “မြန်မာနိုင်ငံ မြို့လေးတစ်မြို့ ရွာလေးတစ်ရွာ ဆရာမတစ်ဦး ရဲ့ပုံရိပ်..Covid 19 အသိပညာပေးတာပါ။ တောရွာ ဓလေ့ဆိုတော့ ညအခါမှာပဲ လူစုံတာဆိုတော့ စေတနာ မေတ္တာရှေ့ထား ပညာပေးနေတဲ့ဆရာမလေး… နှစ်တွေ ဘယ်လောက်ကြာပါစေ… ရှားပါးဓာတ်ပုံလေးကို မှတ်တမ်းတင်မိပါသည်။” Source ; Saw Min Min via ဉာဏ္လႈိင္ ######################## Unicode ပရိသတ်ကြီးရေ ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါကူးစက်မှာ မကြောက်ဘဲ ရှေ့တန်းကနေကုသမှုတွေ လုပ်ပေးနေကြတာပါ… […]

အောင်လအန်ဆန်ကို Brand Ambassador အဖြစ်ခန့်အပ်ခဲ့တဲ့ Food Panda

အောင်လအန်ဆန်က ဖေ့ဘွတ်ခ်စာမျက်နှာကတဆင် အသိပေးခဲ့တာပါ။မြန်မာပြည်တွင်းမှာလည်း Food Delivery လုပ်ငန်းတွေ တိုးပွားလာခဲ့ပြီး Food Panda ကလည်း တစ်ခုအပါအဝင်ဖြစ်ကာ အခုအခါမှာတော့ နာမည်ကျော်တိုက်ခိုက်ရေးသမားအောင်လအန်ဆန်နဲ့ပါ လက်တွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ONE Championship ရဲ့ နာမည်ကျော် MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်က သူဟာ Food Panda ရဲ့ Brand Ambassador တစ်ဦးအဖြစ် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ Food Panda ကတော့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အောင်လအန်ဆန်ရဲ့ ပြောဆိုခဲ့မှုမှာတော့ မြန်မာပြည်ကို လွမ်းဆွတ်နေကြောင်းနဲ့ ပရိသတ်တွေအားလုံးလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ချီးကျူးစကားဆိုသွားခဲ့ပါတယ်။ […]

ကိုယ့်ကို စိတ်ဒုက္ခအမျိုးမျိုးပေးနေတဲ့လူကိုဖြတ်လိုက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူးများ

တစ်ယောက်တည်းနေရတာ အထီးကျန်တယ်လို့ လူအများကပြောတတ်ကြပါတယ်။ တကယ်တမ်းတော့ တစ်ယောက်တည်းနေရတာဟာ ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်နဲ့အတူရှိနေရတာထက်တော့ အများကြီးကောင်းပါသေးတယ်။ကိုယ့်ကို စိတ်ဒုက္ခအမျိုးမျိုးပေးတတ်တဲ့လူကိုဖြတ်ပစ်ပြီး တစ်ယောက်တည်းနေလိုက်တဲ့အချိန်ကစလို့ အခုလိုအကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။ (၁) ကိုယ့်ကိုယ်ကိုအာရုံပိုစိုက်နိုင်လာမယ် နှစ်ယောက်ရှိတုန်းက နှစ်ယောက်စာအကြောင်းတွေခေါင်းထဲထည့်ရပေမယ့် တစ်ယောက်တည်းဖြစ်သွားတော့ တစ်ယောက်စာအကြောင်းတွေပဲ ခေါင်းထဲထည့်ဖို့လိုပါတော့တယ်။ ကိုယ့်ကို ပျော်အောင်မထားတဲ့သူကို ဖြတ်လိုက်တဲ့အခါ သူ့အတွက် ခေါင်းရှုပ်ခံပြီးစဉ်းစားစရာမလိုတော့ဘဲ ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ့်ကိုယ်ကိုအတွက်ပဲအာရုံပိုစိုက်နိုင်တာကြောင့် ကိုယ့်အတွက်ကောင်းတာတွေကို ပိုသိနားလည်လာပါလိမ့်မယ်။ freepik(၂) ကိုယ့်အချိန်တွေအားလုံးကို ကိုယ်ပဲပိုင်လာမယ် ရည်းစားရှိနေတဲ့အခါ ကိုယ့်ရဲ့အချိန်တွေကို သူများကိုခွဲပေးရပါတယ်။ အထူးသဖြင့် ကိုယ့်ကိုချုပ်ကိုင်ချင်တဲ့၊ စိတ်ဒုက္ခပေးချင်တဲ့သူမျိုးနဲ့ တွဲတဲ့အခါ ပိုတောင်ဆိုးပါသေးတယ်။ ကိုယ့်ဘဝတိုးတက်ရာ၊တိုးတက်ကြောင်းကိုအချိန်မပေးနိုင်ဘဲ ကိုယ့်အချိန်တွေအားလုံး သူ့အတွက်ပေးခဲ့ပေမယ့် ကိုယ့်အပေါ်မှာမကောင်းတဲ့သူကို ဖြတ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့အချိန်တွေအားလုံးကို ကိုယ်ပဲပိုင်လာပါလိမ့်မယ်။ (၃) အနှောက်အယှက်ကင်းကင်းနေရလို့စိတ်ပိုချမ်းသာလာမယ် အိပ်ရာထ၊အိပ်ရာဝင်၊ အစားစားတာ၊ အပြင်သွားတာကအစ အကုန်လုံးကို report တင်သလိုတင်နေရတာတွေမရှိတော့ဘူး။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ၊ ဟိုမသွားရ၊ […]

လက်ကိုင်ဖုန်းကို အိပ်ယာဘေးမှာ ချထားပြီး အိပ်တတ်သူများ ရရှိလာမည့် ကျန်းမာရေး ဆိုးကျိုးများ…

လက်ကိုင်ဖုန်းနဲ့ပတ်သက်ပြီး အရေးကြီးသည့် ကျန်းမာရေးဗဟုသုတတစ်ခုကို မိတ်ဆွေများအတွက် မျှဝေပေးချင်ပါတယ်… ဒီခေတ်မှာ ဟန်းဖုန်းများ ပေါများစွာ ပေါ်ပေါက်လာပြီးအရွယ်ရောက်ပြီးသူ လူတိုင်းနီးပါး အသုံးပြုလာနေကြပါပြီ။ လူအများဟာ အိပ်ယာဝင်ခါနီးမှာအများဆုံး အသုံးပြုနေကြပြီး ခေါင်းအုံးအနားမှာပဲချထားကာ အိပ်ပျော်သွားတတ်ကြပါတယ်။ လက်ကိုင်ဖုန်းအတွင်းမှာပါတဲ့ နည်းပညာနဲ့ပြုလုပ်ထားပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုကြိမ်နှုန်းထုတ်လွတ်ပေးပြီး ရေဒီယိုလှိုင်း ချုံ့၊ ချဲ့လုပ်ပေးတဲ့ လှိုင်းများဟာ လူတွေရဲ့ ဦးနှောက်သွေးကြောများကို ထိခိုက်စေနိုင်ပါတယ်။ pA IC ,rf IC တို့ဟာ ဖုန်းကို ပါဝါပိတ်ထားသည့်တိုင် အထဲမှာ ဆက်ပြီး အလုပ်လုပ်နေပါသေးတယ်။ ခေါင်းအုံးနားမှာ အချိန်ကြာမြင့်စွာ ချထားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ချက်ချင်းကြီး မသိသာပေမယ့် အစပိုင်းမှာ သတိလက်လွတ်ဖြစ်ခြင်း၊ မကြာခဏ မေ့လွယ်ခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများကိုဖြစ်စေတတ်ပြီး ရေရှည်မှာတော့ ဦးနှောက်ကင်ဆာအထိ ဖြစ်ပွါးစေနိုင်ကြောင်း လေ့လာသူများက ဆိုထားပါတယ်။ […]

ဇွန်လ(၁၅)ရက်နောက်ပိုင်းကစပြီး ချောင်းသာ၊ငွေဆောင်အပါအဝင် ကမ်းခြေတွေပြန်ဖွင့်မယ်

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေနဲ့ ကမ်းခြေက ဟိုတယ်တွေကို စစ်ဆေးမှုပြုလုပ်နေပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါပြီ။ လက်တလောမှာတော့ အစိုးရက ကိုဗစ် – ၁၉ ကာလ အမိန့် ညွှန်ကြားမှုအချို့ကို ဇွန်လ ၁၅ ရက်နေ့အထိ သက်တမ်းတိုးမြင့်ထားတာကြောင့် ဒီ ၁၅ ရက်အတွင်း တော့ ကမ်းခြေတွေနဲ့ ကမ်းခြေက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဖွင့်လှစ်ပေးဖို့မရှိဘူးလို့သိရပါတယ်။ ” ချောင်းသာ၊ ငွေဆောင် ဂေါ်ရန်ဂျီစတဲ့ ကမ်းခြေဒေသတွေက ဟိုတယ်နဲ့ တည်းခိုခန်းတွေကို စစ်ဆေးမှုတွေ မလုပ်ရသေးပါဘူး။တကယ်လို့ စစ်ဆေးမှုတွေပြီးစီးသွားရင်တော့ ကမ်းခြေတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အစီအမံတွေ ရေးဆွဲလုပ်ဆောင်နေပါတယ်။”လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာဆိုရင် အများပြည်သူ အပန်းဖြေရန် သွားလာမှုအများဆုံးဖြစ်တဲ့ချာင်းသာကမ်းခြေ၊ ငွေဆောင်၊ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံစသဖြင့် ကမ်းခြေတွေရှိနေပါတယ်။ကမ်းခြေတွေကို […]

မုဒိတာအိမ်ရာတွင် နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦးကို မူးယစ်ဆေးဝါးနှင့်အတူဖမ်းမိ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာထဲမှာ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးတွေအပေါ် နှောင့်ယှက်နေတဲ့ကိစ္စ တိုင်းအစိုးရတာဝန်ရှိသူတွေက အရေးမယူတာကြောင့် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမယ်လို့ ရန်ကုန်တိုင်းလွှတ်တော် မရမ်းကုန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောဆိုခဲ့တဲ့အကြောင်း ဇွန်လ ၃ ရက်မှာ ဒီဗွီဘီကလည်း သတင်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒီသတင်းတွေထွက်လာပြီးနောက် ဒီနေ့မနက်မှာတော့ မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝက အစရှိတဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလိုစစ်ဆေးရာမှာ အိမ်ရာဝင်းအတွင်းမှာရှိတဲ့ အမျိုးသမီးတစ်ဦးငှားရမ်းနေထိုင်တဲ့ တိုက်ခန်းမှာ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်ပြီး သူတို့နှစ်ယောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အမှုဖွင့်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သူက […]

Back To Top