Author: Editor

‘မျက်စိတိမ်စွဲခြင်းကို လုံးဝပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံး နည်းလမ်းများ’

တိမ်စွဲခြင်းဟာ မျက်လုံး ဆိုင်ရာ ရောဂါတွေ ထဲမှာ အဖြစ် များဆုံး ရောဂါတစ်မျိုး ဖြစ်ပါတယ်။ များသော အားဖြင့် အသက် (၆၀) ကျေ်ာ် လူကြီးတွေ မှာ ပိုပြီး အဖြစ်များ တတ်ပါတယ်။ တိမ်စွဲခြင်းက မျက်လုံးကွယ်ခြင်းရဲ့ အဓိကအကျဆုံး အကြောင်းအရင်းလို့လည်း သိခဲ့ရပါတယ် ။ နေ့စဉ် မုန်လာဥနီဖျော်ရည် သောက်သုံးခြင်းက မျက်စိရောဂါတွေအတွက် အကောင်းဆုံး ကြိုတင်ကာကွယ်နည်း နှင့် ကုသနည်းဆိုတာ အားလုံးသိရှိပြီး ဖြစ်မှာပါ ။ တိမ်စွဲခြင်းအတွက် ခွဲစိတ်ကုသမှု ခံယူရလောက်တဲ့အထိ မဆိုးရွားသော အနေအထားမျိုးဆိုလျှင်တော့ အောက်ပါ အိမ်တွင်းကုထုံးတွေက ထိရောက်သက်သာစေမှာပါ။ ၁။ ဟင်းနုနွယ်အရည် ဟင်းနုနွယ်တွင်ပါဝင်သော lutein နှင့် zeaxanthin ခေါ် ဓါတ်တိုးဆန့်ကျင်ဓါတ်တွေဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး နေရောင်ခြည်ကြောင့် […]

တေဇိန္ဒာရာမပရိယတ္တိစာသင်တိုက်နှင့် ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသောပရဟိတဂေဟာအတွက် ဆန်(၁၀)အိတ်နဲ့အလှူငွေများလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

နိုင်ငံကျော်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခန့်စည်သူကတော့ လတ်တလောဖြစ်ပွားနေတဲ့ရောဂါနဲ့ပတ်သက်ပြီး ပါဝင်ကူဆောင်ရွက်ပေးနေသူတစ်ယောက်ပါ။ပြီးခဲ့တဲ့(၃-၅-၂၀၂၀)ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေး (ဘ/က) မူလွန်ကျောင်းရှိ ဆရာ၊ဆရာမများတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)စီနဲ့ကျောင်းသားတစ်ဦး၏ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၇၀၀၀)စီနှင့် ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်၊အာလူး၊ငါးခြောက်၊ကြာဆံ၊ခေါက်ဆွဲခြောက်ထုတ်၊ဆပ်ပြာတို့ကို စုစုပေါင်းအိမ်ထောင်စု (၂၅၂) စုစာအတွက်လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့(၅-၅-၂၀၂၀)ရက်နေ့မှာလည်း ခန့်စည်သူကသူ့မွေးနေ့တိုင်းမှာ(အပါတ်စဉ် ကြာသပတေးနေ့)တိုင်း ဆွမ်းဂျိုင့်ပို့နေကျဖြစ်သော တေဇိန္ဒာရာမပရိယတ္တိစာသင်တိုက်နှင့် ကျောင်းတိုက်ဝင်းအတွင်းဖွင့်လှစ်ထားသော ကုက္ကိုင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်ဆန်(၁၀) အိတ်၊ဆီ(၁၀)ပိဿာ၊ပဲ(၁၀)ပိဿာ၊ငါးပိကြော် အထုပ်(၁၀၀)၊ဆပ်ပြာမှုန့်ထုပ်များ၊ဗလာစာအုပ်များ၊ခေါက်ဆွဲခြောက်ထုပ်များ၊မုန့်များနှင့်ကလေးများအတွက် အလှူငွေများကိုလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပရဟိတဂေဟာမှလူငယ်များအတွက်လည်း အားပေးစကားများကို ခန့်စည်သူကိုယ်တိုင်ကပြောကြားပေးခဲ့ပါသေးတယ်။ အဆိုပါအလှူအကြောင်းကိုတော့ ခန့်စည်သူက နတ်လူသာဓုခေါ်လို့ရအာင်သူ့ရဲ့လူမှု့ကွန်ရက်မှာဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခန့်စည်သူရဲ့ မွန်မြတ်လှတဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်…။ Credit ################## နိုင်ငံကျော်ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခန့်စည်သူကတော့ လတ်တလောဖြစ်ပွားနေတဲ့ရောဂါနဲ့ပတ်သက်ပြီး ပါဝင်ကူဆောင်ရွက်ပေးနေသူတစ်ယောက်ပါ။ပြီးခဲ့တဲ့(၃-၅-၂၀၂၀)ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေး (ဘ/က) မူလွန်ကျောင်းရှိ ဆရာ၊ဆရာမများတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)စီနဲ့ကျောင်းသားတစ်ဦး၏ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၇၀၀၀)စီနှင့် ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်၊အာလူး၊ငါးခြောက်၊ကြာဆံ၊ခေါက်ဆွဲခြောက်ထုတ်၊ဆပ်ပြာတို့ကို စုစုပေါင်းအိမ်ထောင်စု (၂၅၂) […]

မော်လမြိုင်မြို့ ကွမ်းသီးပွဲရုံမှ သိန်း(၁၀၀)ပေါက်တဲ့အလုပ်သမမှ ဘဝတူအလုပ်သမတွေကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

မော်လမြိုင် NWT ကွမ်းသီးပွဲရုံမှ သိန်း(၁၀၀)ပေါက်တဲ့ အလုပ်သမမှ အလုပ်ရှင်ရဲ့စီမံပေးမှုနဲ့ ဘဝတူ အလုပ်သမတွေကို ကူညီထောက်ပံ့ပေးပါပြီးအလုပ်ရှင်မိသားစုရဲ့စီမံပေးမှုနဲ့ ထီသိန်း(၁၀၀) ကံထူးခဲ့သည့် ကွမ်းသီးပွဲရုံအလုပ်သမ မော်လမြိုင်မြို့သီရိမြိုင်(၁၂)လမ်းနေ မစန်းစန်းနွယ် မိသားစုမှသူမနဲ့ အတူတူ အလုပ်လုပ်တဲ့ မော်လမြိုင် စမ်းကြီးရပ်ဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံမှ ဘဝတူ အလုပ်သမ(၄၀)ကျော်ကို တစ်ဦးချင်းစီအလိုက် တတ်နိုင်သလောက် အလှူအဖြစ် ဆန်/ဆီ/ကြက်သွန် ဖြူနီ/ငါးသေတ္တာ/ဆပ်ပြာမှုန့်/ ခေါင်းလျှော်ရည်/ကော်ဖီမစ်/ ခေါက်ဆွဲခြောက်စသည့် မီးဖိုးချောင်သုံး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ပါပြီး။ (၁)သိန်းဆုပေါက်တဲ့ မထက်နန္ဒာနဲ့ အလုပ်ရှင်မိသားစုမှလည်းလိုအပ်တာတွေကို ထပ်မံဖြည့်စွက် လှူဒါန်းပေးပါတယ်။ဒါအပြင် ပြည်သူလူထုအကျိုးကို ဘက်ပေါင်းစုံမှ အင်အားပြည့် ကူညီနေတဲ့ မော်လမြိုင်မြို့ခံပရဟိတအသင်း တသင်းဖြစ်တဲ့ မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ သို့လည်း အလှူငွေ (၁)သိန်းကျပ် ဆက်သွယ်လှူဒါန်းပေးခဲ့ပါသည်။သူမတို့ရဲ့ အလှူကို ဝမ်းသာပီတိဖြစ်ရသလို ဘဝတူချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓါတ်လေးတွေကို […]

အိန္ဒိယမှာ တားဆီးပိတ်ဆို့မှုများ ဖြေလျှော့ခဲ့ပြီးနောက် ကူးစက်သေဆုံးမှုနှုန်း စံချိန်တင််

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးရေး ကန့်သတ်ပိတ်ဆို့မှုဖြေလျှော့ခဲ့ပြီးနောက် ၂၄-နာရီအတွင်း ၁၉၅-ဦး သေဆုံး၍ ကူးစက်ခံရသူ ၃,၉၀၀ -ဦးနီးပါးဖြစ်ပွားခဲ့ရာ ကပ်ရောဂါကျရောက်သည့် ကာလတလျှောက် အမြင့်ဆုံး စံချိန်တင် မှတ်တမ်းတင်စရာ ဖြစ်သွားသည်။ အိန္ဒိယနိုင်ငံအတွင်း သေဆုံး-ကူးစက်ဦးရေအများဆုံးသည် တနင်္လာနှင့် အင်္ဂါ (ယနေ့) တို့တွင် အများဆုံးဖြစ်ခဲ့ပြီး ယခုအခါ ကူးစက်ခံရမှု စုစုပေါင်း ၄၆,၄၃၃ နှင့်သေဆုံးသူ ၁,၅၆၈ ဦးဖြစ်လာကြောင်း၊ မဟာရဋ္ဌပြည်နယ်သည် လူနာပေါင်း ၁၄,၀၀၀ ကျော်ဖြင့် အဆိုးရွားဆုံးဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ မဟာရဌပြည်နယ်နှင့် ကပ်လျှက်တည်ရှိသော ဂူဂျာရတ်ပြည်နယ်နှင့် ဒေလီတို့သည် ဒုတိယအမြင့်မားဆုံးဖြစ်ကြပြီး အခြားသော ပြည်နယ် ၃-ခုတို့တွင်လည်း ယခုရက်ပိုင်းအတွင်း သေဆုံး-ကူးစက်အရေအတွက် ပြန်လည်မြင့်တက်လာခဲ့သည်။ သို့သော် တစ်နိုင်ငံတွင် ပြန်လည်နလံထလာသူ ၁၂,၇၀၀ ကျော်ရှိခဲ့ရာ ရောဂါပိုးစွဲကပ်ခြင်းခံရသူ […]

ရွှေပြည်သာ World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများကို အသိမပေးပဲ ပိတ်သိမ်း၊ လစာမရ

ရွှေပြည်သာရှိ World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများကို အသိမပေးပဲ ပိတ်သိမ်း၊ အလုပ်သမားများ လစာမရ… ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊အမှတ် ၁၃၆ ရှိ ကိုရီးယားနိုင်ငံသားပိုင် World Jin အထည်ချုပ်စက်ရုံမှအလုပ်သမားများသည် ယနေ့ (မေ ၅ ရက်) လစာထုတ်ရမည့်ရက်ဖြစ်သော်လည်း စက်ရုံပိတ်ထားသည့်အတွက် စုဝေးစောင့်ကြည့်နေရကြောင်း ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့မှ ကိုနိုင်ဌေးလွင်ကပြောသည်။ “အလုပ်သမားတွေက ၅ ရက်နေ့ဆို လစာထုတ်ရမှာလေ။ အဲဒါကြောင့် ဒီနေ့မနက်လစာထုတ်ဖို့ရောက်လာကြတော့ စက်ရုံက ပိတ်ထားတယ်။ ဘယ်သူမှမရှိဘူး။ အဲဒါကြောင့် အလုပ်သမားရုံးကို တိုင်တယ်။ အလုပ်သမားရုံးတာဝန်ရှိသူတွေက ညနေအထိစောင့်ကြည့်ပေးဖို့ပြောတယ်။ စက်ရုံရှေ့မှာ လူစုလူဝေးမလုပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့ အလရကလူစုခွဲပေးဖို့ ဒီနေ့လည်မှာလာပြောတယ်။ အလုပ်သမားတွေအတွက် ဖြေရှင်းပေးမယ့် စကားတစ်ခွန်းမှ မပြောသွားဘူး။ ညနေအထိစောင့်ကြည့်ပြီးတိုင်ခိုင်းပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ စက်ရုံအလုပ်သမားများသည် […]

သိမ်းထားသင့်သည့် အရေးပေါ် ဖုန်းနံပါတ်လေးများ…

အရေးကြီး ဖုန်းနံပါတ်များ သမ္မတရုံး 067-409077, 067-590009, 067-590008 အထူး စုံံစမ်းရေး ဦးစီးဌာန NPT 067-431374, 067-431396,067-431383, 067-431399 မီးသတ်ဦးစီးဌာန NPT 067-420005,067- 420017 မြန်မာနိုင်ငံရဲတပ်ဖွဲ့ 067-412006, 067-412047, 067-412036 မီးသတ်ဦးစီးဌာန YGN 01-384420 မီးသတ်ဦးစီးဌာနချုပ် 01-666912, 01-666913 မြန်မာနိုင်ငံရဲတပ်ဖွဲ့ 01-217502, 01-217503 အကျဉ်းဦးစီးဌာန 01-431414, 01-431420 မူး/ယစ် ဖမ်းဆီးတပ်ဖွဲ့ 01-412136 မှုခင်း (ဦးစီးရုံး) 01-412503 ယာဉ်ထိန်းရဲ တပ်ဖွဲ့ 01-550126 ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး 01-412493 အလုပ်သမားဥပဒေ စစ်ဆေးရေး 01-430112~4 information Call Center 1212, 1876 အရေးပေါ်ကား – […]

ဂီတလောကက စက်အဖွဲ့သားတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ အိမ့်ချစ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ ဒီနေ့ မေလ(၅)ရက်နေ့မှာ ဂီတလောကက စက်အဖွဲ့သားတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အခုလို Covid-19 ကြောင့် လူတိုင်းနီးပါးအလုပ်အကိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စာရေးသောက်ရေးအခက်အခဲဖြစ်နေကြတာလည်း လတ်တလော ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ပါ။ ဖခင်ဖြစ်သူ ဦးချစ်ကောင်း၊ မောင်ဖြစ်သူ ဂျူနီယာချစ်ကောင်းနဲ့ အိမ့်ချစ် ကိုယ်တိုင်ကလည်း အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတဲ့ ဂီတအလုပ်လုပ်ကိုင်နေတဲ့ သူတွေပီပီ ဂီတလောကမှာ လုပ်ကိုင်နေတဲ့ စက်အဖွဲ့ကလုပ်သားတွေအတွက်ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ တခြား အခြေခံစားသောက်ကုန်တွေအပြင် အလှူငွေတွေပါ အိမ်ချစ်တို့မိသားစုက လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို လိုအပ်နေချိန်မှာ လိုအပ်တာတွေကို လှူဒါန်းပေးတဲ့ အိမ့်ချစ်တို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ ကာလဒါနကုသိုလ်လေးကို အိမ့်ချစ်ရဲ့ ပရိသတ်တွေ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။ပရိသတ်ကြီးတွေလည်း အိမ်ချစ်ရဲ့ အလှူလေးအတွက်ကို […]

အားကောင်းလာနိုင်ခြေ မရှိတော့သည့် လေဖိအားနည်းရပ်ဝန်းနှင့် အပူချိန်တိုးလာမည့် ဒေသများ

နောက် (၃) ရက်အတွင်း အားကောင်းလာနိုင်ခြေ မရှိတော့သည့် လေဖိအားနည်းရပ်ဝန်းနှင့် အပူချိန်တိုးလာမည့် ဒေသများ… ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၃)ရက်အတွင်း သိသိသာသာ အားကောင်းလာနိုင်သည့် အခြေအနေ မရှိကြောင်း ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ် အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။မနက်ဖြန်နံနက်အထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့်ရှမ်း ပြည်နယ် (မြောက်ပိုင်း)တို့တွင်နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် […]

ကျောက်ကပ်လို ရောဂါ ဆိုးများ သာမက ခန္ဓာကိုယ်ထဲမှ အဆိပ်တွေကို ဖယ်ရှားပေးမည့် ကဒက်ဥ

ကင်ဆာဆဲများ သေစေပြီး ကျောက်ကပ်လို ရောဂါ ဆိုးများ သာမက ခန္ဓာကိုယ်ထဲမှ အဆိပ်တွေကို ဖယ်ရှားပေးမည့် ကဒက်ဥ တစ်လောက မန္တလေးမိတ်ဆွေ တစ်ယောက်က ပြောပါတယ်။ မြန်မာပြည်မှာ ကျောက်ကပ်ပျက်စီးကြတဲ့ သူတွေ တစ်နေ့ထက်တစ်နေ့ပိုပိုများလာ ပါတယ်တဲ့။ မန္တလေးတစ်မြို့ထဲမှာ တင်ကျောက်ကပ်ပျက်စီးသူတွေ အများကြီးပါ ပဲတဲ့။ တစ်ချို့ဆိုရင် ကျောက်ကပ် က ၁၀% လောက်ပဲ အလုပ်လုပ်တော့တဲ့ အတွက် မကြာခဏ ကျောက်ကပ်ဆေး နေရလို့ ပိုက်ဆံ အရမ်းကုန် ပါတယ်တဲ့။ ဒါကြောင့်သဘာဝနည်းနဲ့ ကျောက်ကပ်ပြန်လည် ကောင်းမွန် လာစေနိုင်တဲ့ နည်းလမ်းကို အများပြည်သူ အကျိုးအတွက်ရှာကြံပြီး ဝေမျှပေးပါလို့ တောင်းဆို လာပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော့် အမျိုးသမီးနဲ့ပတ်သက်ပြီး တရုတ် ဆရာဝန်မကြီး တစ်ယောက်နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ […]

COVID-19 ပိုးတွေ့ စစ်သည်နှင့်ဆက်စပ်သည့် တပ်မတော်သား ၃၀၀ ကျော် ရောဂါကူးစက်မှုမရှိ

နေပြည်တော်တိုင်းစစ်ဌာချုပ်က စစ်သည်တစ်ဦးမှာ COVID-19 ပိုးတွေ့ရှိခဲ့ရတာကြောင့် သူနဲ့ ဆက်စပ်တဲ့ စစ်သည် ၃၀၀ ကျော်ကို ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာမှာ ပိုးတွေ့သူမရှိဘူးလို့ တပ်မတော်က ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပိုးရှိတဲ့ သူနဲ့ ပတ်သက်တဲ့ရုံးဌာနက စစ်သည် ဦးရေ ၃၀၀ ကျော် စစ်ဆေးပြီးသွားပြီ၊ မနေ့က ညနေပိုင်းမှာ စစ်ပြီးသွားပြီ။ အဲ့ဒီမှာလည်း ပိုးတွေ့တဲ့ သူမရှိပါဘူး။”လို့ ပြောပါတယ်။ ပိုးတွေ့ရှိတဲ့ စစ်သည်ရဲ့ ခရီးသွားရာဇဝင်ကိုစစ်ဆေးရာမှာလည်း သူဟာ တစ်လအတွင်း ခရီးသွားလာခဲ့တာမရှိလို့ တစ်လကျော်အချိန်က သူ ခရီးသွားလာခဲ့မှုတွေကိုပါ စစ်ဆေးနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ “သူက ဘယ်မှ သွားတဲ့သူလည်း မဟုတ်ဘူး။ တစ်လအတွင်း ခရီးသွားရာဇဝင်လည်းမရှိဘူး။ အဲ့တော့ ကျနော်တို့က […]

Back To Top