Category: ပြည်တွင်းသတင်း

ငယ်ငယ်တုန်းက ဘယ်သူ့ကို အချစ်ဆုံးလဲမေးတော့ အမေ့ကိုအချစ်ဆုံးဆို အမေ့ကိုညာခဲ့တဲ့ သမီးနဲ့သားများသိစေရန်

မိဘမေတ္တာဆိုတာ စုန်ရေသာရှိပြီး ဆန်ရေမရှိဘူးဆိုတာ သိပ်မှန်တာ။မိဘတွေကသားသမီးကို ပြစ်ရိုးထုံးစံမရှိပေမဲ့ သားသမီးများကအချိန်တန်အရွယ်ရောက်လာတဲ့အခါ အသက်အရွယ်ရလာတဲ့ မိဘတွေကိုစွန့်ပြစ်တတ်ကြပါတယ်။ မိဘတွေကလေ သားသမီးအပေါ် မေတ္တာပေးသလောက် သားသမီးတွေက မိခင်အပေါ်ပေးတဲ့မေတ္တာသိပ်ကိုနည်းပါးကြတယ်။ သားမေ့မေ့ကို ညာခဲ့တယ်နော်။ငယ်ငယ်တုန်းက ဘယ်သူ့ကိုအချစ်ဆုံးလဲလို့ မေးတဲ့အခါ မေ့မေ့ကိုအချစ်ဆုံးတဲ့။ သားမေ့မေ့ကို ညာခဲ့တယ်နော်။ သားကြီးလာရင် အလုပ်လုပ်ပြီးမေ့မေ့ကို ပြန်လုပ်ကြွေးမယ်တဲ့။ သားစကားကြားတုန်းက မေ့မေ့မှာ ပိတိဖြစ်ပျော်ခဲ့လိုက်ရတာသားရယ် ခုထိအမှတ်ရနေဆဲပါ။ အော်လောကကြီးရယ် မတရားလိုက်တာကွာ မင်းတို့အလှည့်တုန်းကတော့တော့ အဖေ့အမေတွေမှာ သားသမီးလေးယောက်ကို လူ့ကြားထဲ မျက်နှာတစ်စက်လေးမငယ်ရအောင် ပင်းပန်ကြီးစွာကြိုးစား ပြုစုပျိုထောင်ပေးခဲ့ ကြပေမဲ့ မိအိုကြီးရဲ့ နောင်ဆုံးနေဝင်ချိန်လေးမှာ အထီးကျန် သိမ်ငယ်အားငယ်မှု့တွေနဲ့ တစ်ယောက်တည်း ဖြတ်သန်းနေရပါလားကွာ။ ဧရာဝတီတိုင်းပုသိမ်မြို့ ပဒဲကောရွာလေးမှ အမေအိုကြီး သူနာမည်ကမမြရင် သူ့ယောကျ်ားက ဆုံးသွားတာ ၆နှစ်လောက်ရှိပြီး အရင်ကတော့ သားသမီးလေးယောက်ရှိပါတယ် သား၃ယောက် သမီးတစ်ယောက် သားအကြီးက […]

သိန်း(၁၅၀၀၀)ပေါက်တဲ့သူဟာ ထီမပေါက်ခင်ကတည်းက တောင်သူများအပေါ် ရစရာရှိတဲ့ အကြွေးတွေကို လျှော်ပေးခဲ့သူ တစ်ဦးပါ

Zawgyi ဖြင့်ဖတ်ရန် သိန်း(၁၅၀၀၀)ပေါက်တဲ့သူဟာ ထီမပေါက်ခင်ကတည်းက တောင်သူများအပေါ် ရစရာရှိတဲ့ အကြွေးတွေကို လျှော်ပေးခဲ့သူ တစ်ဦးပါ စေတနာရောင်ပြန်ဟပ်တယ်လို့ဘဲဆိုရမလား။ COVID ကာလ တောင်သူဦးကြီးများ၏ အခက်အခဲကို စာနာသောအားဖြင့် ကျွန်တော်များ ပဲခူးမြို့ အရောင်းဆိုင်မှ ကိုယ်ပိုင်အကြွေးရောင်းချထားသော လယ်ယာသုံးထွန်ကိုင်းဒီဇယ် / ဓာက်ဆီအင်ဂျင်အပိုပစွည်းများအတွက် ပဲခူးဆိုင်သို့ ပေးသွင်းရန် ကြွေးမြီများအား လုံး လုံးဝ( လုံးဝ)ပေးသွင်းရန် မလိုတော့ပါကြောင်းနှင့် မရှိမဖွစ်လိုအပ်သော အရည်အသွေးကောင်း စက်နှင့် အပိုပစ္စည်းများကိုလဲ စက်ဆရာများ တောင်သူဦးကြိးများအား အမျိုးမှန် ဈေးမှန်စွာဖြင့် ပြန်လည် ဝယ်ယူအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်(ကြွေးဟောင်းဆပ်ရန်မလိုတော့ပါ) Source : Soe Oo (FB)ကျော်ဇော Unicode ဖြင့်ဖတ်ရန် သိန်း(၁၅၀၀၀)ပေါက်တဲ့သူဟာ ထီမပေါက်ခင်ကတည်းက တောင်သူများအပေါ် ရစရာရှိတဲ့ အကြွေးတွေကို လျှော်ပေးခဲ့သူ တစ်ဦးပါ စေတနာရောင်ပြန်ဟပ်တယ်လို့ဘဲဆိုရမလား။ […]

ပုသိမ်သို့ ခိုးဝင်လာသည့် ရန်ကုန်ပြန်တဦးတွင် ပိုးတွေ့၊ ကားအတူစီးခဲ့သူ (၁၂) ဦးကို လိုက်လံ ရှာဖွေနေ

ရန်ကုန်ပြန် ခိုးဝင်လာသူတစ်ဦးနှင့်အတူ ပုသိမ်ကို ဝင်လာခဲ့သူများအနေဖြင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံထား ရန်ကုန်မှ ပုသိမ်မြို့ကို ခိုးဝင်လာပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ဖြစ်ခဲ့သူတစ်ဦးနှင့်အတူ ပုသိမ်မြို့ကို ဝင်လာသူများအနေဖြင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဠ်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတဆင့် မေတ္တာရပ်ခံထားပါတယ်။ ပိုးတွေ့အတည်ပြုလူနာ အမျိုးသားသည် လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်း စားတော်ပွဲ စားသောက်ဆိုင်မှ စားဖိုမှုးအလုပ် လုပ်နေသူဖြစ်ပြီး facebook ပေါ်တွင် တင်ထားသော ကားနံပါတ်ကို စုံစမ်းပြီး ပုသိမ်မြို့တွင်းသို့ ခိုးဝင်လာသူဖြစ်ကာ လှိုင်သာယာမှ Light Truck ကားတစ်စီးဖြင့် ပြန်လာခဲ့ပြီး ပုသိမ်မြို့အဝင် ကိုးဆူဂိတ်အနီးတွင် ကားသမား စီစဉ်ပေးသော ဆိုင်ကယ်ပြောင်းစီးကာ တောလမ်းမှ ပတ်ဝင်ပြီး မြို့ထဲသို့ ရောက်လာသူ ဖြစ်ကြောင်းသိရပါတယ်။ ပိုးတွေ့လူနာနှင့်အတူ ရန်ကုန်မှ […]

မန္တလေးပြည်ကြီးတံခွန်က အနှိပ်ခန်းကို ဝင်ဖမ်း၊ ဖောက်သည်များကိုပါ ဖမ်းဆီးထား

မန္တလေးပြည်ကြီးတံခွန်က အနှိပ်ခန်းကို ဝင်ဖမ်း၊ ဖောက်သည်များကိုပါ ဖမ်းဆီးထား ကိုဗစ် ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး တရားဝင်ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ တရားမဝင် အနှိပ်ခန်း ဖွင့်လှစ် လုပ်ကိုင်နေသူများကို နိုဝင်ဘာ(၂၇)ရက် ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၆၃ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်ရှိ နေအိမ်တွင် တရားမဝင် အနှိပ်ခန်း ပြုလုပ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ဆိုင်မန်နေဂျာ အပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသား(၃)ဦး၊ အနှိပ်ခန်းဝန်ထမ်း အမျိုးသမီး (၁၂)ဦးနှင့် လာရောက်အနှိပ်ခံသူ အမျိုးသား(၆)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါတယ်။ ထို့အပြင် အနှိပ်ခန်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ် […]

မန္တလေးမြို့တွင် လူတစ်‌ထောင်လျှင် COVID-19 အတည်ပြုလူနာလေးဦးခန့် တွေ့ရှိနေရသဖြင့် ကုသရေးစင်တာ၊ ဆေးရုံများ ထပ်မံတိုးချဲ့နေ

မန္တလေးမြို့တွင် လူတစ်‌ထောင်လျှင် COVID-19 အတည်ပြုလူနာလေးဦးခန့် တွေ့ရှိနေရပြီး ကုသရေးစင်တာ၊ ဆေးရုံများ ထပ်မံတိုးချဲ့ရန်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ “မန္တလေးခရိုင် ခုနစ်မြို့နယ်မှာ ၄၇၀၀ ကျော်လောက်ဖြစ်နေပြီ။ မန္တလေးမြို့ လူဦးရေ အနေနဲ့ ၁ ဒသမ ၂ သန်းကျော် ၃ သန်းလောက်ရှိတယ်။ လူဦးရေနဲ့ အချိုးချကြည့်လိုက်တော့ ဒသမ ၄ ပါစင့်လောက်ရှိတယ်။ လူတစ်ထောင်မှာ လေးယောက်ဖြစ်နေတယ်။ အဲဒီတော့ ဒီအရေအတွက်ဟာ ကျွန်တော်တို့ ပြောရလို့ရှိရင် များတယ်လို့ ပြောလို့မရဘူး။ နည်းသလားဆိုတော့လည်း မနည်းပါဘူး။ ကိုဗစ်နဲ့ပတ်သက်ပြီး တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးပါတယ်။ မန္တလေးဆေးရုံကြီးမှာလည်း COVID Ward လုပ်ဖို့ ဆွေးနွေးပါတယ်။ COVID က လက်ရှိဖြစ်နေတဲ့ ရောဂါ၊ Non-COVID ဆိုတဲ့ […]

တောင်ဒဂုံ (၅၇) ရပ်ကွက်ရှိ ရေမြောင်းအတွင်းမှ ငန်းတော်ကြားမြွေ (၁) ကောင်တွေ့ရှိ

တောင်ဒဂုံ (၅၇) ရပ်ကွက်ရှိ ရေမြောင်းအတွင်းမှ ငန်းတော်ကြားမြွေ (၁) ကောင်တွေ့ရှိ ၁.၁၂.၂၀၂၀ ရက်နေ့၊ (၁၉း၂၇)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၇)ရပ်ကွက်၊ ရွှေစင်လမ်းရှိ ရေမြောင်းအတွင်း ငန်းတော်ကြားမြွေ (၁)ကောင် တွေ့ရှိကြောင်း သတင်းရရှိသဖြင့် တောင်ဒဂုံမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီး ပေးခဲ့ပါသည်။ ပြီးခဲ့တဲ့ လက ရန်ကုန်မြို့ထဲမှာ မြွေတွေ့မှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီး များသောအားဖြင့် စပါးအုံးမြွေ အမျိုးအစားသာ တွေ့ရှိရမှ ယခုတကြိမ်တွင်တော့ အဆိပ်ပြင်းမြွေ အမျိုးအစား ဖြစ်သည့် မြွေဘုရင် ငန်းတော်ကြား မြွေကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ######################### တောင်ဒဂုံ (၅၇) ရပ်ကွက်ရှိ ရေမြောင်းအတွင်းမှ ငန်းတော်ကြားမြွေ (၁) ကောင်တွေ့ရှိ ၁.၁၂.၂၀၂၀ ရက်နေ့၊ (၁၉း၂၇)အချိန်ခန့်၊ […]

ယခုလ သိန်းတသောင်းခွဲဆုရှင် လွန်ခဲ့တဲ့ (၆) လကတည်းက အဓိဌာန်ဝင်၍ ထီထိုးခဲ့ဟု သိရ

ယခုလ သိန်းတသောင်းခွဲဆုရှင် လွန်ခဲ့တဲ့ (၆) လကတည်းက အဓိဌာန်ဝင်၍ ထီထိုးခဲ့ဟု သိရ ၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို ဂ – ၄၇၇၄၀၆ နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ကံထူးရှင်အမျိုးသမီးက ဘာသာရေး အလွန်လိုက်စားသူဖြစ်ကာ လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်ကာ ထီထိုးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ “ပေါက်တာက ကျွန်တော့်အမျိုးသမီးပါ။ မင်္ဂလာစုံတွဲကနေ ပေါက်တာ။ သူက ဘုရားတရား အရမ်းလုပ်တယ်တယ်။ ကံကောင်းတာပေါ့။ ကျွန်တော်ဆို လတိုင်း ထီ (၄)-(၅)သိန်းဖိုးထိုးတယ်။ ဆုကြီးဆိုတာ မပေါက်ဖူးဘူး။ အမျိုးသမီးကလွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်လာတာ။ အခုလည်း တရားထိုင်နေတယ်။ သူလုပ်တဲ့ ကုသိုလ်တွေက သူ့ကိုအကျိုးပေးတယ် ပြောရမလားမသိဘူး”လို့ ကံထူးရှင်ရဲ့ အမျိုးသားဖြစ်သူ ဦးစိုးဦးက ပြောပါတယ်။ ကံထူးရှင် မိသားစုက မိသားစု(၆)ဦးရှိကာ အိမ်ထောင်ဦးစီးဖြစ်သူ […]

အဂတိကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်အငြိမ်းစားကို သမ္မတက နုတ်ထွက်ခွင့်ပေးလိုက်ပြီ

အဂတိကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်အငြိမ်းစားကို သမ္မတက နုတ်ထွက်ခွင့်ပေးလိုက်ပြီ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်တင်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကို ရာထူးသက်တမ်းမကုန်ခင် နိုင်ငံတော်သမ္မတရုံးက ဒီနေ့ ဒီဇင်ဘာလ(၁)ရက်နေ့မှာ ခွင့်ပြုလိုက်ပြီလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သိရပါတယ်။ အန်အယ်လ်ဒီ အစိုးရပထမသက်တမ်းဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာ ဦးအောင်ကြည် ဦးဆောင်တဲ့ ကော်ရှင်အဖွဲ့ကို တာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး ရာထူးနုတ်ထွက်ခွင့်အတွက် နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် သမ္မတဆီပေးပို့ခဲ့တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။ “ကော်မရှင်ဥက္ကဌကြီးကိုယ်တိုင်က သူကျန်းမာရေးကောင်းတုန်းမှာ သံသရာခရီးအတွက် ပြင်ဆင်ချင်တယ် ဆိုတဲ့အကြောင်းလေး ကျွန်တော်တို့နဲ့ တွေ့ဆုံတိုင်းပြောတယ်ပေါ့နော်။ မကြာခဏပြောတယ်။ ဒီအကြောင်း တွေကြောင့် ဒီသက်တမ်းမကုန်ခင်မှာ လအနည်းငယ်စောပြီး နုတ်ထွက်ခြင်းဖြစ်ပါတယ်။”လို့ ဦးကျော်စိုးက ပြောပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ဥပ‌ဒေပုဒ်မ(၁၂)မှာတော့ ကော်မရှင်အဖွဲ့ဝင်ကနေ ရပ်စဲနိုင်တဲ့ အချက်တွေကိုဖော်ပြထားပြီး […]

မိသားစုနဲ့ မတွေ့ရ၊ သရဏဂုံလည်း မတင်ရ၊ သင်္ဂြိုလ်ဖို့တောင် ကား မလောက်တဲ့ ကိုဗစ်လူနာ နောက်ဆုံးခရီး

နှစ်တစ်ရာပြည့်က နောက်တစ်ကြိမ်ကြုံရဖို့မဖြစ်နိုင်လို့ မရောက်ရောက်အောင်သွားမှာ ဆိုတဲ့‌ဘော်ဒါများ ကိုဘစ်က ကူးချင်တဲ့သူကူးတာ၊ အိမ်ထဲနေလဲကူးတာပဲ၊ ကူးသွားလဲ (၁၁)ရက် Qနေပြီးရင် ပြီးတာပဲ ဆိုသူများ ကိုယ်ခံအားကောင်းအောင်သာနေ ကိုဗစ်က သူ့ဘာသာပျောက်သွားမှာပဲဆိုတဲ့ ဉာဏ်ကြီးရှင်များ volunteer တွေ၊ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းတယ်ဆိုတာ (၇)လကျော်ပဲရှိပါသေးတယ် ပင်ပန်းတာ စာမဖွဲ့လောက်သေးပါဘူး၊ အနှစ်(၂၀)ပင်ပန်းခဲ့တဲ့ အမယ်အိုအတွက် ဂုဏ်ပြုတဲ့အနေနဲ့တော့ ပျော်ပွဲ၊ရွှင်ပွဲတွေတော့ လုပ်ကိုလုပ်ရမှာပဲဆိုတဲ့ ဂရုဏာရှင်များ (အခုထက်ထိ ကျနော်လဲ အမေစုဖန်ပါနော်) ကျေးဇူးပြုပြီး ဆေးရုံ ICU/HDU ကို လေ့လာရေးလေး တစ်ရက်လောက် လာကြည့်စေချင်တယ်။ ကိုယ်ခံအားကောင်းတဲ့ ဘော်ဒါတို့ဆီက ပေးလိုက်တဲ့ လက်ဆောင်တွေကြောင့် အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေ တဖြုတ်ဖြုတ်ကြွေနေတာ မြင်စေချင်တယ်။ လူငယ်မို့ ခံနိုင်မယ်မထင်ပါနဲ့ လူငယ်/အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကျနော်တောင် အရင်က သီချင်း(၁၅)ပုဒ်လောက်အေးဆေးပဲ။ ခု […]

လူတွေ ကြားထဲမှာ ဒီလို ငွေစက္ကူ အတုတွေ ဘယ်လောက် ပျံ့နေကြပြီလဲ?

လူတွေ ကြားထဲမှာ ဒီလို ငွေစက္ကူ အတုတွေ ဘယ်လောက် ပျံ့နေကြပြီလဲ? မနေ့က ဆေးစာအုပ်တအုပ် ကာလာ ကော်ပီ လာကူးတဲ့ အမျိုးသမီး တစ်ယောက်ပေးသွားတဲ့ တသောင်းတန်အတုပါ။ ဖြစ်ချင်တော့ ဘောင်းဘီအိတ်ထဲထည့်ပြီး ရေကန်လှယ်တာ ရေစိုပြီး အဲ့လိုရုပ်ပေါက်သွားတာပါ။ အင့်ဂျက်ပရင်တာ နဲ့ထုတ်ထားတာပါ သူမှန်း ဘာလို့သိလဲဆိုတော့ မနေ့ကတသောင်းတန် နှစ်ယောက်ပဲပေးတာ သူရယ် နောက်တစ်ယောက်တော့ လာလုပ်နေကျအသိဦးလေးဆိုတော့ မဖြစ်လောက်ပါဘူး။ မသိလို့ပဲ ပေးတာဆိုရင်တော့ ကိစ္စမရှိပေမယ့် သိသိကြီးနဲ့ အင့်ဂျက်ပရင်တာနဲ့ အိမ်မှာ ထိုင်ထုတ်ပြီး သုံးနေတဲ့သူ ဆိုရင်တော့ အန္တရာယ် ရှိနိုင်ပါတယ်။ တစ်သောင်းတန်တို့ ငါးထောင်တန်တို့ဆို ဂရုတစိုက်နဲ့စစ်ပြီး ယူကြဖို့ ကိုတွေလို မဖြစ်ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ မည်သူတဦး တယောက်ကိုမမှ ထိခိုက်စေလိုတဲ့ဆန္ဒမရှိပါ နောက်ဆိုလည်း ကိုလည် သေချာဂရုစိုက်စစ်ပါတော့မယ်။ Su […]

Back To Top