Category: ပြည်တွင်းသတင်း

ဒလတွင် သောက်သုံးရေ လိုအပ်ချက် အမြင့်ဆုံးကာလရောက်နေ

ဒလတွင်သောက်သုံးရေလိုအပ်ချက် အမြင့်ဆုံးကာလရောက်နေကြောင်း ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က မြန်မာတိုင်းမ်သို့ အတည်ပြုပြောကြားသည်။ “ရေလိုအပ်ချက်ကတော့ အမြင့်ဆုံးကာလရောက်နေတယ်။ဒါပေမယ့် မြို့နယ်စည်ပင်ကရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖုန်းဆက်လိုက်တာနဲ့ ဖုန်းဆက်တဲ့နေရာဒေသကို အရောက်ပို့ပေးနေတာဖြစ်လို့ စိုးရိမ်ကြောင့်ကြစရာမလိုပါဘူး။အခက်အခဲကြီးကြီးမားမားမရှိဘူး”ဟု ဦးထွန်းရင်က ပြောသည်။ ဒလမြို့နယ်အတွင်းရှိရေကန် သုံးပုံနှစ်ပုံမှာ ရေများခမ်းခြောက်နေပြီး နှစ်စဉ်သောက်သုံးရေရှားပါးမှုဒဏ်ကို အလူးအလဲ ခံစားနေရရာမှ လွန်ခဲ့သည့် သုံးနှစ်ခန့်မှစတင်၍ အခြားမြို့နယ်မှ အလှူရှင်များ ဖိတ်ခေါ်စရာလိုသည်အထိ မရှိတော့ကြောင်း ၊ယခုနှစ်သောက်သုံးရေလိုအပ်ချက်အတွက် ဖေဖော်ဝါရီလကတည်းက ရေတိုစီမံကိန်းများဖြင့်စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် ကြီးများသည့်အခက်အခဲများမရှိကြောင်း ၎င်းက ဆိုသည်။ မတ်လ နောက်ဆုံးပတ်မှစတင်၍ ရေခန်းခြောက်သည့် ရပ်ကွက်များသို့ သုံးရေလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် မြို့နယ်စည်ပင် ရေသန့်ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ နေ့စဉ် ရေဂါလံပေါင်း ၅သောင်းမှ တစ်သိန်းကြားလိုက်လံပေးဝေလျက်ရှိပြီး သောက်ရေလိုအပ်ချက်ကိုလည်း မြို့နယ်အဖွဲ့အစည်းအလှူရှင်များနှင့်ချိတ်ဆက်ကာ ပေးဝေလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ […]

ပဲခူးမြို့ က ဟင်္သာနှစ်ကောင်ကို Mask တပ်ပေးထားရတဲ့ အဓိကရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြား

ပဲခူးမြို့ က ဟင်္သာနှစ်ကော င် ကို Mask တပ် ပေးထား ရ တဲ့ အဓိကရည်ရွယ်ချက် ကို ထုတ်ဖော်ပြောကြား ယခု သတင်းကို ( BagoWeeklyJournal ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ကျုံးရိုးထိပ်တွင်ရှိသောဟင်္သာနှစ်ကောင် ရုပ်ထုကို Mask တပ်ဆင်ထားသည်ကို တွေ့ရသည်။ အမိန့်ညွှန်ကြားချက်တွေထုတ်မှ ကျန်းမာရေးအတွက် Mask တပ်တာမဟုတ်ဘဲ ပဲခူးသူ ပဲခူးသားတွေ ကိုယ်ပိုင် အသိစိတ်နဲ့ Mask တပ်ကြဖို့ နိုးဆော်တဲ့ အနေနဲ့ ပဲခူးဒေသရဲ့ logo ဖြစ်တဲ့ ဟင်္သာနှစ်ကောင်ကို Mask တပ်ပေးထားတာပါ။ မြို့ထဲမှာ ဆိုတော့ လူအများလဲ မြင်နိုင်ပြီး ကျန်းမာရေး […]

ချောက်မြို့ ရေချိုးဆိပ်များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ရေမချိုးရ တားမြစ်

မြန်မာနိုင်ငံမှာ အပူချိန် အမြင့်ဆုံးမြို့တမြို့ဖြစ်တဲ့ မကွေးတိုင်း ချောက်မြို့မှာ အပူဒဏ် ကာကွယ်ရေးအတွက် မြစ်ကမ်းရေချိုးဆိပ်တွေမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ရေမချိုးရ သတိပေး ပိုစတာတွေကို စိုက်ထူပြီး တားမြစ်ထားတယ်လို့ မြို့နယ်ကျန်းမာရေးမှူး အဆင့်-၁ ဦးလှိုင်မြင့်ဟန်က ပြောပါတယ်။“ဒီနှစ်က ကိုဗစ်နဲ့ ရောနေတဲ့အတွက် ကိုဗစ်ကို ဇောင်းပေးထားရတဲ့အတွက် အပူချိန်သတိပေးတာတွေ လျော့ကျပါတယ်။ ဒါပေမဲ့လည်း အပူဒဏ်ကိုလည်း ပစ်မထားပါဘူး။ လှုံ့ဆော်မှုတွေရှိတော့ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။ ချောက်မြို့နယ်အတွင်းက ကျေးရွာ ၃၀ လောက်ကို တာဝန်ကျ ကျေးလက်ကျန်းမာရေး နယ်မြေခံ သားဖွားဆရာမတွေကတဆင့် နှိုးဆော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ချောက်မြို့ ပြည်သူဆေးရုံမှာလည်း အပူဒဏ်သင့်လူနာ ထားရှိဖို့ လေအေးစက်တပ် အခန်း ၂ ခန်းပြင်ဆင်ထားတယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက […]

မှတ်ပုံတင်ပြုလုပ် သူများကို လဝက ရုံးမှ အချိန်ဆွဲခြင်း ပြန်လွှတ်ခြင်း ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ပါက ဒီလိုတရားစွဲနိုင်ပါတယ်တဲ့

#Zawgyiဖြင့်ဖတ်ရန် မှတ်ပုံတင်ပြုလုပ် သူများကို လဝက ရုံးမှ အချိန်ဆွဲခြင်း ပြန်လွှတ်ခြင်း ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ပါက ဒီလိုတရားစွဲနိုင်ပါတယ်တဲ့ သို့ လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ………………..ၿမိဳ႕။ ရက္စြဲ။ ။…………….. အကြောင်းအရာ။ ။နိုင်ငံသားစိစစ်ရေးကဒ်လျှောက် ထားခြင်း။ ရည်ညွန်းချက်။ ။၁၉၈၂ နိုင်ငံသားဥပဒေပုဒ်မ၃၊၅ ၊ ၆၊၇။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၅၊၃၄၇၊၃၆၂။ မှတ်ပုံတင်ပြုလုပ်သူများကို လဝကရုံးမှ အချိန်ဆွဲခြင်း ပြန်လွှတ်ခြင်း ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်ပါက အထက်ပါအကြောင်းအရာ ကိစ္စနှင့်ပက်သက်၍ ကျွန်တော်/ကျွန်မ တို့သည် နိုင်ငံသားစိစစ်ရေးကဒ်လျှောက်ထားရာတွင် လဝကရုံးဍ်ကြန့်ကြာမှု၊သွေးနှောဟုသတ်မှတ်ခံရမှု့၊ သက်မှတ်ကြာချိန်ထက်ပိုမိုကြာမြင့်ခြင်းများ ဖြစ်ပေါ်ခံစားနေရပါသည်။ရပ်ကျေးရုံးများဍ်လည်းကောင်း၊ စာသင်ကျောင်းများဍ်လည်းကောင်း မှတ်ပုံတင် ပြုလုပ်ပေးမှုများရှိသော်လည်း ဘာသာခြားဆိုပါကမှတ်ပုံတင် ရရှိခြင်းမရှိပါ။ ဘိုးဘေး ဘီဘင်များလက်ထက် မင်းမှုထမ်ခဲ့ပြီး သားစဉ်မြေးဆက် နိုင်ငံတာဝန်များကျေပွန်စွာထမ်းဆောင်ခဲ့သော်လည်း ဘာသာခြားးဖြစ်ပါက တိုင်ရင်းသားအခွင့်အရေးများ ဆုံးရှုံးပြီး တစ်ဆင့်နိမ့်နိုင်ငံသားအဖြစ်သွပ်သွင်းခံရမှုများကြုံတွေ့ခံစားနေရပါသည်။ သွေးနှောအမှန်တကယ်စစ်ဆေးလိုပါက […]

“ကားဂိတ်ရှေ့က ထိုင်ခုံပေါ်မှာ ဦးနှောက်သွေးကြောပြတ်တယ်လို့ ယူဆရသူတစ်ဦး သေဆုံးနေ”

10.5.2020 နေ့၊ နံနက် ၅နာ၃၀အချိန် ပခုက္ကူကားကြီးကွင်း ရှေ့မှာလူတစ်ယောက်သေဆုံံးမူဟာစိုးရိမ်စရာမလိုတဲ့ဦးနှောက်သွေးကြောပျက်သေဆုံးလို့ယူဆရပါတယ် မသေမှီ covidနဲ့ပါက်သက်တဲ့မည်သည့်လကဋ္ခဏာမှလဲမတွေ့ရပါပုံမှန်လူလိုစားနိုင်သောက်နိုင်ပါတယ်သေဆုံးသူရဲ့DBကိုကျွန်တော်နဲ့ကျွန်တော့အသင်းကတစ်ယောက်နဲ့စစ်ဆေးကိုင်တွယ်ပြီးအမှတ် ၁၅ အုပ်ကြီးကိုယ်တိုင်မောင်ူတဲ့သုခကာရီကားနဲ့ဆေးရုံကြီးကိုပို့ပေးပါတယ် စတင်သိတာကျွန်တော်တို့ဖြစ်သလို လူတွေအုံမှာစိုးလို့သေဆုံးသူရဲ့အလောင်းပါတ်ဝန်းကျင်မည်သူမှအနေမခိုင်းပဲ ဆေးရုံအုပ်ကြီးတို့မယကတို့ရဲစခန်းတို့ကိုအကြောင်းကြားပြီးအာယုသုခဆရာတော်ဆီဆေးဖြန်းဖို့အကူညီတောင်းအဖွဲ့တွေအားလုံးစုံမှအလောင်းရှိရာသွားပြီးစစ်ဆေးခြင်းကြောင့်လူသိပ်မသိလိုက်ပဲပြီးဆုံးခဲ့ပါတယ် အစအဆုံးဆေးရုံအုပ်ကြီးရဲ့လမ်းညွှန်ချက်များနဲ့သက်ဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းပါ။အသေးစိပ်သိလိုလျှင်ကျွန်တော့ဖုန်းကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် (သေဆုံးသူရဲ့ အိတ်ထဲမှာတွေ့ရတဲ့ ဓာတ်ပုံလေး)သူ့မှာပါလာတဲ့ မှတ်တမ်းတွေအရတော့ သူဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ…ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ထားတဲ့ ဆေးမှတ်တမ်းလည်းတွေ့ရှိရပါတယ်ကျန်းမာရေးသိပ်မကောင်းဘဲနဲ့ ထိုင်ခုံပေါ်မှာ အိပ်နေရင်း အပူဒဏ်ကြေင့် ခုလိုဖြစ်သွားရတာလို့ ယူဆရပါတယ်.. ပြည်သူတွေအထိက်တလန့်ဖြစ်အောင်မရေရာတဲ့သတင်းများနဲ့မဖွကြပါနဲ့လို့တောင်းဆိုပါရစေ. Credit ####################### 10.5.2020 နေ့၊ နံနက် ၅နာ၃၀အချိန် ပခုက္ကူကားကြီးကွင်း ရှေ့မှာလူတစ်ယောက်သေဆုံံးမူဟာစိုးရိမ်စရာမလိုတဲ့ဦးနှောက်သွေးကြောပျက်သေဆုံးလို့ယူဆရပါတယ် မသေမှီ covidနဲ့ပါက်သက်တဲ့မည်သည့်လကဋ္ခဏာမှလဲမတွေ့ရပါပုံမှန်လူလိုစားနိုင်သောက်နိုင်ပါတယ်သေဆုံးသူရဲ့DBကိုကျွန်တော်နဲ့ကျွန်တော့အသင်းကတစ်ယောက်နဲ့စစ်ဆေးကိုင်တွယ်ပြီးအမှတ် ၁၅ အုပ်ကြီးကိုယ်တိုင်မောင်ူတဲ့သုခကာရီကားနဲ့ဆေးရုံကြီးကိုပို့ပေးပါတယ် စတင်သိတာကျွန်တော်တို့ဖြစ်သလို လူတွေအုံမှာစိုးလို့သေဆုံးသူရဲ့အလောင်းပါတ်ဝန်းကျင်မည်သူမှအနေမခိုင်းပဲ ဆေးရုံအုပ်ကြီးတို့မယကတို့ရဲစခန်းတို့ကိုအကြောင်းကြားပြီးအာယုသုခဆရာတော်ဆီဆေးဖြန်းဖို့အကူညီတောင်းအဖွဲ့တွေအားလုံးစုံမှအလောင်းရှိရာသွားပြီးစစ်ဆေးခြင်းကြောင့်လူသိပ်မသိလိုက်ပဲပြီးဆုံးခဲ့ပါတယ် အစအဆုံးဆေးရုံအုပ်ကြီးရဲ့လမ်းညွှန်ချက်များနဲ့သက်ဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းပါ။အသေးစိပ်သိလိုလျှင်ကျွန်တော့ဖုန်းကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် (သေဆုံးသူရဲ့ အိတ်ထဲမှာတွေ့ရတဲ့ ဓာတ်ပုံလေး) သူ့မှာပါလာတဲ့ မှတ်တမ်းတွေအရတော့ သူဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ…ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ထားတဲ့ ဆေးမှတ်တမ်းလည်းတွေ့ရှိရပါတယ် ကျန်းမာရေးသိပ်မကောင်းဘဲနဲ့ ထိုင်ခုံပေါ်မှာ […]

မင်းရာဇာတို့လင်မယားရဲ့ ကလေးနှစ်ယောက်ကို သတိရပါတယ်ဆိုတဲ့ အိမ်အကူမိန်းကလေး…

မင်းရာဇာတို့လင်မယားရဲ့ ကလေးနှစ်ယောက်ကို သတိရပါတယ်ဆိုတဲ့ အိမ်အကူမိန်းကလေး… ” အမှတ်တရက တော့ ကလေးတွေနဲ့ အများကြီး ရှိပါတယ် ဒီကိစ္စဖြစ်လို့သာ ကွဲကွာသွားကြတာ ကလေးတွေကိုတော့ အရမ်းချစ်ပါတယ် သတိရတယ် အမြန်လမ်းလူမရှိတဲ့နေရာခေါ်သွားပြီး ဦးရခိုင်လေးကချုပ်တယ်၊ ဦး(မင်းရာဇာ)ကလှီးတယ်၊မကြီးကမိန်းမကိုယ်ကိုလှီးခိုင်းပေမဲ့ သမီးက ရုန်းလိုက်တော့အပေါ်ကိုရှပ်ထိသွားတယ်။သွေးတွေထွက်လာတော့ ပုဆိုးနဲ့ဖိခိုင်းထားတယ်။ ကားပေါ်မှာ သူတို့ဒီလိုလုပ်တာ ဘယ်သူမှ မသိစေနဲ့ပြောတယ်၊ အိမ်ကျတော့ ကြီးကြီးကိုပြောတော့ သူတို့ပြန်လာပြီး ဆေးခန်းပြပေးတယ်၊ အိမ်မှာပဲကြီးကြီးက ဆေးကုပေး ခိုင်းတော့ကုပေးရတယ်၊ ခေါင်းကတော့မူးနေတာပါပဲ၊ ခေါင်းကို တုနဲ့ထုတာကတော့ နောက်ရက်မှ ထပ်ဖြစ်တာပါ” လို့သူကြုံတွေ့ရတာတွေကို ပြောပြလိုက်တဲ့ မင်းရာဇာ တို့ အိမ်အကူမလေး ဂရေ့စ် (အမည်လွှဲ)။ Credit ###################### မင်းရာဇာတို့လင်မယားရဲ့ ကလေးနှစ်ယောက်ကို သတိရပါတယ်ဆိုတဲ့ အိမ်အကူမိန်းကလေး… ” အမှတ်တရက တော့ ကလေးတွေနဲ့ အများကြီး […]

လူနာနံပါတ် (၁၆၁) ပိုးတွေ့ပြီး တပတ်ကြာသည်အထိ သူ၏နေရပ်လိပ်စာကို ထုတ်မပြောသေး

ကိုဗစ် အတည်ပြုလူနာနံပါတ် (၁၆၁) ဟာ ကျောက်တန်းမြို့နယ်မှာ နေထိုင်တယ် ဆိုတာကလွဲရင် သူ့ရဲ့ နေရပ် လိပ်စာအတိအကျကို စုံစမ်းမေးမြန်းလို့ မရဘူးလို့ တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ ဝင်းမော်ဦးက ပြောပါတယ်။ အဲဒီလူနာဟာ ကျောက်တန်းမြို့နယ် ပီလခတ်ဟိန္ဒူဘုရားကျောင်းမှာ နေထိုင်တယ်လို့ပြောဆိုထားပေမယ့် အဲဒီဘုရားကျောင်းကိုမလာတော့တာ (၇) နှစ်ဝန်းကျင်ရှိနေပြီလို့ ကျောက်တန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်ကလည်း ပြောပါတယ်။ ဒါ့အပြင် လူနာဟာ ကျောက်တန်းမြို့နယ်မှာ လက်ရှိနေထိုင်ကြောင်း အချက်အလက်လည်း အခုထိ မတွေ့ရသေး ဘူးလို့ဆိုပါတယ်။ လူနာနဲ့ပတ်သက်တဲ့ အချက်အလက်မတွေ့ရသေးပေမယ့် ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ မေ(၆)ရက် ညနေပိုင်း မှာ ပီလခတ်ဘုရားကျောင်းကို ယာယီ Lock Down ပြုလုပ်ထားပြီး ဘုရားကျောင်းတာဝန်ရှိသူ (၁၀)ယောက်ကိုလည်း ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ […]

လူပေါင်းတစ်သောင်း စမ်းသပ်နိုင်မည့်  ကိုဗစ်စစ်ဆေးရေးကိရိယာ Test kits များရောက်ရှိ

ကိုဗစ်ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးနိုင်သည့် စမ်းသပ်ကိရိယာ Test kits ၂၀၀၀၀ အနက်မှပထမအသုတ်အဖြစ် Test kits ၁၀၀၀၀သည်ယနေ့မေလ ၁၀ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနကို လွှဲပြောင်းခဲ့သည်။ အဆိုပါစမ်းသပ်ကိရိယာများကို ဝယ်ယူရန် ငွေကြေးထောက်ပံ့မှုကို Gaviအဖွဲ့မှပံ့ပိုးထားပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ အပတ်စဉ်လေကြောင်းခရီးစဉ်ဖြင့် သယ်ယူရန် အတွက် ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ငွေကြေးပံ့ပိုးကာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က လေကြောင်းခရီးစဉ် စီစဉ်ပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဒုတိယအသုတ်ဖြင့် စမ်းသပ်ကိရိယာ Test kits များသည် ဇွန်လမတိုင်မီရောက်ရှိမည်ဖြစ်ကြောင်း မျှော်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်း ခရီးစဉ်သည် မြန်မာနိုင်ငံသို့လေကြောင်းပျံသန်းပြေးဆွဲမည်ဖြစ်ပြီး လေကြောင်းခရီးစဉ် တစ်ခုလျှင်လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများ ၂မက်ထရစ်တန် […]

ရေနံချောင်း အပူချိန်ကတော့ အဲ့ဒါပဲ ကွန်ကရစ်လမ်းကြီး ပူ ပွတက်လာတယ် 45 ဒီဂရီတဲ့

ဓာတ်ပုံတင်ထားသူ ဦးခင်မောင်မြင့်ကတော့ ယခုလိုရေးသားထားပါတယ်။ ရေနံချောင်း အပူချိန်ကတော့ အဲဒါပဲ ကွန်ကရစ်လမ်းကြီး ပူ ပွ တက်လာတယ် ၊ 45 ဒီဂရီ တဲ့ ၊ ကျနော်တို့ အားလုံးလည်း ကျန်းမာရေးအတွက် အထူးဂရုစိုက်ကြရမှာဖြစ်ပါတယ် ၊ ‌ကျန်းမာကြပါစေ 9 – 5 – 2020 ယခုနှစ်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တဲ့ ရေနံချောင်းမြို့ရှိ ကွန်ကရစ်လမ်းမကြီးတစ်ခုကြွတက်လာပုံ ဓာတ်ပုံတင်ထားသူ ဦးခင်မောင်မြင့်ကတော့ ယခုလိုရေးသားထားပါတယ်။ ရေနံချောင်း အပူချိန်ကတော့ အဲဒါပဲ ကွန်ကရစ်လမ်းကြီး ပူ ပွ တက်လာတယ် ၊ 45 ဒီဂရီ တဲ့ ၊ ကျနော်တို့ အားလုံးလည်း ကျမ်းမာရေးအတွက် အထူးဂရုစိုက်ကြရမှာဖြစ်ပါတယ် ၊ ကျမ်းမာကြပါစေ ။ 9 – […]

ဒါမျိုး ခဏခဏဖြစ်တတ်လို့ သတိထားကြပါ လူ ၅ဦး မှာ ၃ဦး သေဆုံးသွားပါတယ်

ဒါမျိုးခဏခဏဖြစ်နေတာ_သတိထားသင့်ပါတယ် … လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အေတီအနီးအောင်သစ္စာတိုးချဲ့ရပ်ကွက် တွင် ရေတွင်းတူးရင်း လူ(၅)ဦးအောက်ဆီဂျင်ပြတ်ပြီး (၃)ဦးသေဆုံးခဲ့ပါတယ် ဆယ်ယူနိုင်သူအချို့အား ပရဟိတအသင်းကားများဖြင့် လားရှိုးဆေးရုံသို့ အချိန်မီ ပို့ဆောင်ထားကြောင်းသိရ။ (၉-၅-၂၀၂၀) နေ့လည်(၁:၀၀)နာရီ ဖြစ်ပွားခဲ့တာပါ ရေတွင်းထဲသို့ ပထမ(၂)ဦး ဆင်းဆယ်စဉ် အောက်ဆီဂျင်ပြတ်၍ အကူအညီပေးနိုင်ရန်အတွက် နောက်ထပ်(၃)ဦးမှ ဆင်းသွားရာ လူ(၅)ဦးလုံး အောက်ဆီဂျင် ပြတ်ပြီး တွင်းထဲမှပြန်မတက်နိုင်ပဲရှိနေကြောင်း၊ ပတ်ဝန်းကျင်မှ ပရဟိတအဖွဲ့များသို့ ချိတ် ဆက်အကူအညီ တောင်းခဲ့သဖြင့် ပရဟိတအသင်းကားများနှင့် မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးယာဉ်တို့ဖြင့် သွားရောက်ခဲ့ကြကြောင်းသိရသည်။ အခင်းဖြစ်နေရာသို့အရောက်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ရေတွင်းထဲသို့ဆင်းပြီး လူများအား သယ်ထုတ်ပေးနိုင်ခဲ့သော်လဲ(၃)ဦး သေဆုံးကြောင်းသိရသည်။ Credit ######################### Unicode ဒါမျိုးခဏခဏဖြစ်နေတာ_သတိထားသင့်ပါတယ် … လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အေတီအနီးအောင်သစ္စာတိုးချဲ့ရပ်ကွက် တွင် ရေတွင်းတူးရင်း လူ(၅)ဦးအောက်ဆီဂျင်ပြတ်ပြီး (၃)ဦးသေဆုံးခဲ့ပါတယ် […]

Back To Top