Category: ပြည်တွင်းသတင်း

ယနေ့မနက် ခုလေးတင် YBS နှစ်စီးအပြိုင်မောင်းပြီး Taxi ဝင်တိုက် ၃ဦးသေ ရုပ်သံ။ ကြောက်စရာကောင်းလိုက်တာဗျာ

ယနေ့မနက် ခုလေးတင် YBS နှစ်စီးအပြိုင်မောင်းပြီ Taxi ဝင်တိုက် ၃ဦးသေ ရုပ်သံ။ ကြောက်စရာကောင်းလိုက်တာဗျာ လူတွေရဲ့ ကြောက်စရာ လောဘတရားတွေရဲ့အောက်မှာ အပြစ်မဲ့တွေ သေကြရပြန်ပါပီ။ ခရီသည်ပိုရဖို့ သူ့အရင်ငါရောက်ဖို့၊ သူ့ကိုကျော်တက်ပီး ချင်ထားခဲ့နိုင်တယ်ဆိုတဲ့ မတော်မတရားလောဘတွေနဲ့ တစ်စီးနဲ့တစ်စီပြိုင်မောင်းကြ။ ကျန်ခဲ့တဲ့ကားကလည်း ရှေ့ကခရီးသည် သူတင်သွားလိမ့်မယ်၊ ငါ့ကိုကြောသွားပီးတွေ့မယ်၊ ငါ့အကြောင်းသိစေမယ်ဆိုတဲ့ လောဘ ဒေါသ မပြိုင်သင့်တာတွေပြိုင်ကြ၊ ကျော်တက်မောင်းနှင်ကြ။ ကားပေါ်ကခရီသည်လည်း ဂရုမစိုက်၊ လမ်းပေါ်က တခြားကားတွေကိုလည်း ဂရုမစိုက်ကြ။ ထင်ရာလုပ်ကြ။ အခုတော့ လူအသက်တွေ ပေးလိုက်ရပါပီ။ တကယ်တော့ ကားသမားဆိုတာလည်း ပြည်သူတွေအကျိုးကို တစ်ဖက်တလမ်းက ဆောင်ရွက်နေကြသူတွေပါ။ ဒါပေမယ့်ဗျာ စဉ်းစားဆင်ခြင်ကြပါ၊ ခရီသည်တွေဘက်လည်း ကြည့်ကြပါအုံးဗျ။ ခများတို့မဆင်မခြင်လုပ်ရပ်တွေကြောင့် လူ့အသက်တွေပေဆပ်လိုက်ရပီ။ ကားပေါ်မှာပါတဲ့ ခရီးသည်နဲ့၊ လမ်းမပေါ်က လူတွေရဲ့အသက်ဟာ ခင်များတို့လက်ထဲမှာဆိုတာလည်း ဆင်ခြင်ကြပါအုံးလို့ […]

ထီ (၂) စောင်တည်းထိုးပြီး ကံထူးသွားတဲ့ ယခုလ အောင်ဘာလေထီ သိန်း (၅၀၀၀) ကံထူးရှင်

ထီ (၂) စောင်တည်းထိုးပြီး ကံထူးသွားတဲ့ ယခုလအောင်ဘာလေထီ သိန်း (၅၀၀၀) ကံထူးရှင်… ယခုလ (၁၆) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့၊ ကံကြီးလမ်းက ကိုမင်းမင်းထီဆိုင်မှ တာပွန်မြို့သားတဦး ကျပ်သိန်းငါးထောင်ဆု ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ နတ်တလင်းမြို့နယ် တာပွန်မြို့မှာနေထိုင်တဲ့ ကိုဝေယံဦးက ကဂ-၃၈၈၉၈၀ ထီနံပါတ်နဲ့ ကျပ်သိန်း (၅၀၀၀) ဆု ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။“ထီပေါက်သူက တာပွန်မြို့က ကိုဝေယံဦးပါ။ သူကထီနှစ်စောင်တည်းထိုးပြီးအခုလို ကျပ်သိန်း (၅၀၀၀) ဆု ပေါက်တာပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်ခုနှစ်ရက်သားသမီးအားလုံးဘယ်မှာပဲဖြစ်ဖြစ်ထီ ကံစမ်းစေချင်ပါတယ်။ ၇ ရက်သားသမီးအားလုံးလည်းသိန်း ၁၅၀၀၀ သိန်းတစ်သောင်း သိန်းငါးထောင် ပေါက်စေချင်ပါတယ်” လို့ ထီဆိုင်ပိုင်ရှင် ကိုမင်းမင်းကပြောပါတယ်။ အဲဒီထီဆိုင်ကနေပြီး ကျပ်သိန်းတစ်သောင်းဆု အောင်ဘာလေထီဖွင့်လှစ်စဉ်ကလည်း ကျပ်သိန်းတထောင်ဆုနဲ့ ကျပ်သိန်းတစ်ရာနှစ်ဆု ဆွတ်ခူးခဲ့ပြီး ကျပ်သိန်းတစ်သောင်းခွဲဆု […]

ကိုယ့်ငွေနဲ့ကိုယ် Q ဝင်မယ်ဆိုတာတောင် အဝင်မခံဘဲ ထောင် (၃) လ ချခံလိုက်ရတဲ့ အဖြစ်

ကျတော့်မိတ်ဆွေ သူငယ်ချင်းနှစ်ယောက် မိထ္တီလာ သွားတာ Quarantine ဝင်တဲ့ကိစ္စနဲ့ပတ်သက်၍ ဒုက္ခရောက်နေပါသည်.. သူကိုယ်တိုင်ပို့ထားသော စာများနှင့်တကွပူးတွဲတင်ပြအပ်ပါသည်… တစ်ခုလောက် အကူညီတောင်းပါရစေ။ နယ်မြို့တွေမှာ ဖြစ်ပျက်နေပုံတချို့ အမေစုကို တင်ပြပေးပါ။ ရန်ကုန်က နယ်ကိုအလာ Q ဝင်ဖို့ ပြောလာပါတယ်။ ဝင်ရမယ့်နေရာက လူပေါင်းစုံ… ထိုင်း , တရုတ်က ပြန်လာသူတွေရော အားလုံး ထားတာမို့ လာရောက် Quarentine ဝင်ရန်ပြောလာမို့ စိုးရိမ်မိတာ အမှန်ပါ။ တခြား ရွေးချယ်စရာ ရှိနိုင်မလား မေးကြည့်တော့ Hotel ၂ ခုမှာ ဝင်လို့ရကြောင်း တစ်ရက် ၃၀၀၀၀ ကျပ် နှင့် မိမိစားရိတ်နဲ့ ဝင်နိုင်ကြောင်း ပြောလာပါတယ်။ ဒါဆို OK ပါ ။ လိုက်မယ်ပေါ့။ အမေစုနဲ့ Live […]

ကာကွယ်ဆေး ၁ သန်းကျော်နှင့် COVID-19 test kits ၁၀၀၀၀ ကျော် မြန်မာသို့ရောက်ရှိ

ကာကွယ်ဆေး ၁ သန်းကျော်နှင့် COVID-19 test kits ၁၀၀၀၀ ကျော် ဇွန် ၁ရက်က မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ မြန်မာတစ်ဝှမ်းတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပြန်လည် စတင်လာမှုကို ပံ့ပိုးပေးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယူနီဆက်မှတစ်ဆင့် ဝယ်ယူထားသည့် ပုံမှန်ကာကွယ်ဆေး ပမာဏ ၁ ဒသမ ၁၆ သန်းနှင့် covid-19 စစ်ဆေးရေးကိရိယာ အခုရေ ၁၀၀၀၀ အပါအဝင် အခြားထောက်ပံရေးပစ္စည်းများ ယူနီဆက်စင်းလုံးငှား လေယာဉ်ဖြင့် ဒုတိယအသုတ် ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်မှုများကို အာရုံစိုက်ရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် လုပ်ဆောင်နေသည့်အတွက် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ဧပြီ ၁ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့သည်။ လက်ရှိတွင် […]

မေးခွန်းထုတ်စရာ ဖြစ်နေသည့် တပ်မတော်ရဲ့ (Negative) နပ်ဂေးတစ် ကိုဗစ် စစ်ဆေးတဲ့ စက်ကြီး…

မေးခွန်းထုတ်စရာ ဖြစ်နေသည့် တပ်မတော်ရဲ့ (Negative) နပ်ဂေးတစ် ကိုဗစ် စစ်ဆေးတဲ့ စက်ကြီး… ဒီနေ့မနက် ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာသစ် ၄ ဦးဟာ အိန္ဒိယပြန် တပ်မတော်သားတွေဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးလို့ မေ ၂၄ ရက်မှာ မြန်မာ့ အမျိုးသားလေကြောင်းလိုင်းနဲ့ ပြန်လည်ရောက်ရှိလာကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို ၄ ယောက်အပါအဝင် အိန္ဒိယပြန် တပ်မတော်သား ၁၈ ယောက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ Q ဝင်ခိုင်းထားတယ်လို့ သိရပါတယ်။ သူတို့အားလုံးကို ပြန်လာတဲ့ နေ့မှာတင် တပ်မတော်က သူတို့ ၁၈ ယောက်လုံးရဲ့ နှာခေါင်းတို့ဖက်၊ အာခေါင်တို့ပတ်တွေကို ယူပြီး တပ်မတော်ပိုင် Covid-19 စစ်ဆေးတဲ့ စက်နဲ့ စစ်ခဲ့ရာမှာ ထုံးစံအတိုင်း အားလုံး […]

ဦးနှောက်သွေး ယိုစိမ့်မှုကြောင့် ယနေ့ည အရေးပေါ်ခွဲစိတ်ရမယ့် ပရိသတ်အချစ်တော် ဦးမန်းဝင်း . .


ရန်ကုန် ကုတင် ၅၀၀ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန် ကုတင် ၅၀၀ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွား————————————-ရန်ကုန်၊ဇွန် ၁ရက် ယနေ့ညနေပိုင်းက ရန်ကုန် ကုတင် ၅၀၀ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 ယာဉ်အုပ်စုများ ငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။ ညနေ ၅နာရီခွဲအချိန်တွင် ဆေးရုံရှိ လူနာများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ထုတ်ပြီးဖြစ်ကာ ၅နာရီ ၄၂မိနစ်တွင် မီးငြိမ်းကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ လမ်းမတော်မြို့နယ် မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမာက “ Level 2 လို့ သတင်းရရှိထားပါတယ်။အသေးစိတ်ကိုတော့ မသိရသေးပါဘူး”ဟု ပြောသည်။ လက်ရှိတွင် သက်ဆိုင်ရာက စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။ Myanmar Harp #################### ရန်ကုန် ကုတင် ၅၀၀ဆံ့ဆေးရုံတွင် မီးလောင်မှုဖြစ်ပွား————————————-ရန်ကုန်၊ဇွန် ၁ရက်ယနေ့ညနေပိုင်းက ရန်ကုန် […]

ဘုရင့်ညီနောင်ဂူပေါ်မှ ကျောက်တုံးကြီး ဘုန်းကြီးကျောင်းဆောင်ပေါ် ပြုတ်ကျပြီး သံဃာတစ်ပါး ပျံလွန်တော်မူ

ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေး ဘင်ဂျီကျေးရွာအုပ်စု ဘုရင့်ညီနောင်ဂူပေါ်မှ ကျောက်တုံးကြီးသည် ဘုန်းကြီးကျောင်းဆောင်ပေါ် ပြုတ်ကျပြီး သံဃာတစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဘုရင့်ညီ‌နောင်ဂူဘုရား လှိုဏ်ဂူဝအနီးရှိ ကျောင်းကြီးကျောင်းတွင် သီတင်းသုံးနေသော ဦးပဉ္စင်း ဦးပညာ သက်တော်(၂၇)နှစ် ဝါတော်(၇)ဝါသည် ယနေ့မေ၃၁ ရက် နံနက် ၉ နာရီခန့်တွင် နံနက်ဆွမ်းခံရာမှ ပြန်လည်ရောက်ရှိ အနားယူနေစဉ် ဘုရင့်ညီနောင်တောင်ပေါ်အမြင့်ပေ(၃၀ဝ)ခန့်မှ(၁၃)ပေပတ်လည်ခန့်ကျောက်တုံးကြီးမှာ ဦးပဉ္စင်းအနားယူသေော ကျာင်းခေါင်မိုးပေါ်သို့ပြုတ်ကျလာခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် ကျောင်းခေါင်မိုးမှာ ပြိုကျလာပြီး အနားယူနေသည့် ဦးပဉ္စင်း အားဖိမိကာ ဦးခေါင်းထိတ်ပေါက် ဝဲ/ယာလက်ကျိုးကြေ၊ ဝဲခြေသ လုံးကျိုးကြေ ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူခဲ့သောဦးပညာ၏ရုပ်အေ လာင်းအား နောင်ကျန်မာဃ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ၎င်းသည် မွန်ပြည်နယ်ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာဇာတိဖြစ်ပြီး လွန်ခဲ့သော ၆ နှစ်ခန့်မှစ၍ ယခုနေထိုင်သောကျောင်းသို့ […]

ခီမောင်နှံပရဟိတအဖွဲ့က ရခိုင်စစ်ပြေးရှောင် ၁၀၀၀ အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်း

ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံ ဦး ဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့က ရခိုင်ပြည်နယ် ထဲက စစ်ပြေးရှောင်ဌာနေတိုင်းရင်းသား ၁၀၀၀ အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ပြည်တွင်းစစ်အပြင် ကိုဗဏ်-၁၉ ရောဂါနဲ့လည်းကြုံတွေ့ရတဲ့ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပြွန်ရှည်ချောင်းရွာရှိ ချင်းရွာပေါင်း ၂၃ ရွာမှ ၁၉ ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ၁၀ မြို့နယ်နဲ့ အမ်းမြို့နယ်များတွင်နေထိုင်ကြတဲ့ စားဝတ်နေရေး အခက်အခဲပေါင်း များစွာကြုံနေရသော စစ်ပြေးရှောင်ဌာနေတိုင်းရင်းသား (မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စသည်)တွေအတွက် FCPN မှ လူအယောက်တစ်ထောင်စာ သိန်း(၁၀၀)ကျပ်ကို တာဝန်ယူ ဖြန့်ဝေပေးမယ့် “ဌာနေတိုင်းရင်းသားလူမှုဘဝဖွံ့ဖြိုးရေးအသင်း” အား […]

ဦးတီခွန်မြတ်ကို တာဝန်မှ ရုပ်သိမ်းရန်အဆို ကန့်ကွက်သူများလို့ ရှုံးနိမ့်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းရေး ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းတဲ့အဆိုကို ဒီကနေ့ ဇွန် ၁ ရက်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်မဲများလို့ အဆို ရှုံးနိမ့်သွားပါတယ်။ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ ဆုံးဖြတ်တာဖြစ်ပြီး ကန့်ကွက်မဲ ၂၄၃ မဲ၊ ထောက်ခံမဲ ၁၃၂ မဲ၊ ကြားနေ ၅ မဲတို့နဲ့ အဆို ရှုံးသွားတာဖြစ်ပါတယ်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးဆွေးနွေးကြပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်တွေက ထောက်ခံဆွေးနွေးပြီး အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီက အမတ်တချို့က ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ ဘီဘီစီ ###################### ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းရေး ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းတဲ့အဆိုကို ဒီကနေ့ ဇွန် ၁ ရက်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်မဲများလို့ အဆို ရှုံးနိမ့်သွားပါတယ်။ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ […]

Back To Top