Category: ပြည်ပသတင်း

NASA က မြန်မာအမျိုးသမီး ဦးဆောင်နေတဲ့ Mars Helicopter အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့

NASA အင်ဂျင်နီယာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင် ဦးဆောင်တီထွင်ခဲ့သော Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာပါ Perseverance စက်ရုပ်ယာဉ်သည် အမေရိကန်စံတော်ချိန် ညနေ 3 နာရီ 55 မိနစ်တွင် အင်္ဂါဂြိုလ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ NASA အတွက် ကမ္ဘာမှ မိုင်သန်းပေါင်း (၁၂၆) သန်း ကွာဝေးသော အင်္ဂါဂြိုဟ်ပေါ်သို့ ဟယ်လီကော်ပတာပါစက်ရုပ်ယာဉ်ခြေချနိုင်ခြင်းမှာ နောက်ထပ်အောင်မြင်မှုအသစ် တစ်ခုဖြစ်ပါတယ်။ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာပါ Perseverance စက်ရုပ်ယာဉ်သည် အင်္ဂါဂြိုဟ်ရှိ သက်ရှိသတ္တဝါများအား ရှာဖွေစူးစမ်းမည့် တာဝန်ဖြင့် သွားရောက်ခြင်းဖြစ်ကာ ကင်မရာများ လေဆာများ စုံလင်စွာပါဝင်သည်။ အင်္ဂါဂြိုဟ်တွင်ရှိသော ကျောက်များ အကြွင်းအကျန်များကို ကမ္ဘာဂြိုဟ်ပေါ်သို့ ပြန်လည် သယ်ယူလာမည်ဖြစ်ပြီး စူးစမ်းလေ့လာစမ်းသပ်မှုများ အောင်မြင်ပါက နောင်အနာဂတ်တွင် ပို၍ကြီးမားသော […]

အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ထိရောက်တဲ့အရေးယူမှုတွေ ချမှတ်ဖို့ ဂျပန်ဥပဒေပြုအမတ်တွေ တောင်းဆို

Photo ref: republicworld ဖေဖော်ဝါရီ ၁၁ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU တို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဂျပန်အစိုးရကို ဂျပန်ဥပဒေပြုအမတ်တွေက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဂျပန်အစိုးရပိုင် NHK World သတင်းဖော်ပြချက်အရ လက်ရှိ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ အတိုက်အခံ Constitutional Democratic ပါတီဝင်တွေနဲ့ ဥပဒေပြုအမတ်တွေ ပူးပေါင်းပြီး အစီရင်ခံစာရေးသားကာ မကြာခင် အစိုးရကို တင်ပြဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ တကယ်လို့ မြန်မာစစ်တပ်က လက်မခံဘဲ ငြင်းဆန်ခဲ့ရင် ဂျပန်အစိုးရက အမေရိကန်နဲ့ အီးယူနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေက လွဲပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူအညီတွေ ရပ်ဆိုင်းခြင်းလို ထိရောက်တဲ့ […]

ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရန်ပုံငွေပေါင်သန်းချီရှာပေးခဲ့သည့် ဒုတိယကမ္ဘာစစ်ပြန်ကြီး ကွယ်လွန်

ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေ ပေါင်သန်းချီရှာပေးခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပြန်ကြီး ကပ္ပတိန်တွမ်မိုးဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိပြီးနောက် သူဟာ အဆုတ်ရောင် ရောဂါကို ခံစားခဲ့ရပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ မနက်ပိုင်းက သူဟာ ဘတ်ဖို့ဒ်ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။ ကပ္ပတိန်တွမ်မိုးဟာ ပရောစတိတ်နဲ့ အရေပြားကင်ဆာ ရောဂါကုသမှုကို ခံယူနေတာ ၅ နှစ် ရှိပြီလို့လည်း မိသားစုက ပြောဆိုပါတယ်။ တခြားရောဂါကုသမှုတွေ ခံယူနေတာကြောင့် သူဟာ ကာကွယ်ဆေး မထိုးခဲ့ဘူးလို့လည်း သိရပါတယ်။ အသက် ၁၀၀ နှစ်အရွယ် […]

မြန်မာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ် ဆွေးနွေးမည်

စပ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ တံခါးပိတ် ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရပ်စ်ကလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေ အဖမ်းခံရမှုကို အပြင်းအထန် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ အားလုံးကို စစ်တပ်ကို လွှဲပေးတယ်ဆိုတဲ့ ကြေညာချက် အပေါ်အကြီး အကျယ် စိုးရိမ်ကြောင်း၊ လက်ရှိဖြစ်ထွန်းမှု တွေဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အပြင်းအထန် ထိုးနှက်လိုက်တာ လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ပြောပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ […]

နောက်လာမယ့်ကပ်ရောဂါဟာ အခုထက် (၁၀) ဆ ပိုဆိုးမှာဖြစ်ကြောင်း Bill Gates သတိပေး

Bill Gates က နောက်လာမယ့် ကပ်ရောဂါဟာ အခုထက် ဆယ်ဆပိုဆိုးနို်င်မှာဖြစ်ကြောင်းနဲ့ လူသားမျိုးနွယ်ဟာ ဒါကိုအဆင်သင့်မပြင်ထားသေးဘူးလို့ သတိပေးလိုက်ပါတယ်။ ဘီလျံနာ Gates က “ကျွန်တော်တို့ နောက်ထပ် ကပ်ဘေးအတွက် မပြင်ဆင်ရသေးပါဘူး။” လို့ဆိုရင်း နှစ်အနည်းငယ်အတွင်း ဒီအခြေအနေကပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဆေးဝါးတွေ၊ စမ်းသပ်မှုတွေ၊ ကာကွယ်ဆေးတွေနဲ့ ကူးစက်ရောဂါဆိုင်ရာ ကာကွယ်ခြင်းပညာရပ်တွေကို ပိုမိုလေ့လာဖို့လိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ “ဒီကပ်ရောဂါက ဆိုးတယ်။ ဒါပေမဲ့ နောက်လာမယ့် ကပ်ရောဂါက ဒီထက် ဆယ်ဆပိုပြင်းထန်လိမ့်မယ်။” လို့ Gates က ဆိုရင်း ဖြစ်လာနိုင်တဲ့ရောဂါတွေကနေ နိုင်ငံသားတွေကိုကာကွယ်ပေးဖို့ အစိုးရကိုတိုက်တွန်းခဲ့တာပါ။ တစ်ဘက်မှာလည်း တကယ်လို့ ဒီရောဂါသာ လွန်ခဲ့တဲ့ ၅နှစ်ခန့်က ဖြစ်ပွားခဲ့ရင် ဒီလောက်အချိန်တိုအတွင်းနဲ့ ကမ္ဘာဟာ ကာကွယ်ဆေးကိုမဖော်နိုင်လောက်ဘူးလို့ဆိုရင်း အခု ကိုဗစ်ကာကွယ်ဆေးကိုလျင်မြန်စွာတီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ […]

အင်ဒိုနီးရှား အာချေးပြည်နယ်တွင် လိင်တူချစ်သူအမျိုးသား နှစ်ဦး လူမြင်ကွင်းမှာ ကြိမ်ဒဏ် ၇၇ ချက် ရိုက်နှက်ခံရ

အင်ဒိုနီးရှား အာချေးပြည်နယ်တွင် လိင်တူချစ်သူအမျိုးသား နှစ်ဦး လူမြင်ကွင်းမှာ ကြိမ်ဒဏ် ၇၇ ချက် ရိုက်နှက်ခံရ——————————-ဇန်နဝါရီ ၂၉ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လိင်တူချစ်သူ အမျိုးသား နှစ်ဦးနေထိုင်ရာ တိုက်ခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲကို တိုင်ကြားခဲ့ကြောင့် ၎င်းတို့နှစ်ဦး လူမြင်ကွင်းမှာ ကြိမ်ဒဏ် ၇၇ ချက် ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။ မြို့တော်ဘန်ဒါအာချေးမှာ ပြစ်ဒဏ်စီရင်ခဲ့တာကို လူအများ ကြည့်ရှုခဲ့ကြပြီး လူအခွင့်အရေးအဖွဲ့တွေက ရက်စက်ကြမ်းကြုတ်ပြီး အလယ်ခေတ်ပြစ်ဒဏ်စီရင်မျိုး ဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက်ပါတယ်။ ခုလို စီရင်မှုဟာ ဗဟိုအစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ အာချေးပြည်နယ်မှာ လိင်တူချစ်သူတွေကို လူမြင်ကွင်းမှာ အာဏာပိုင်တွေ တတိယအကြိမ်မြောက် ကြိမ်ဒဏ်ပေးတာလည်း ဖြစ်ပါတယ်။ အာချေးပြည်နယ်မှာတော့ ၂၀၀၁ ခုနှစ်က ရှရှီယာဥပဒေ အကောင်အထည်ဖော်ဖို့ အခွင့်အာဏာပေးထားတာလည်း ဖြစ်ပါတယ်။ ကြိမ်ဒဏ်ပေးခံရတဲ့ အမျိုးသားနှစ်ဦးဟာ […]

အသက်၈နှစ်အရွယ်ဖြင့် အရပ် ခြောက်ပေခြောက်လက်မအထိ ရှည်ထွက်နေခဲ့တဲ့ ကလေးငယ်တစ်ဦး

လူသားတို့၏ ခန္ဓာကိုယ်သွင်ပြင်နှင့်ပတ်သတ်၍ အချို့သည် အားမလိုအားမရဖြစ်တတ်ကြသည်။အချို့ကလည်း မြင့်မားသော အရပ်အမောင်းကို လိုချင်၍ အချို့ကလည်း ပုံမှန်အနေအထားကိုသာ အလိုရှိပေသည်။ ယခုအချိန်တွင် မိခင်ဝမ်းထဲမှနေ၍ မွေးဖွားလာသော အချိန်တွင်ပင် ဂင်းနစ်မှတ်တမ်းတင်နိုင်ခဲ့သော အိန္ဒိယနိုင်ငံမှ လူငယ်တစ်ဦး၏ အကြောင်းပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှကလေးငယ်သည် မွေးဖွားသည့် အချိန်က အလေးချိန်7.8kgရှိခဲ့ပြီး ၆၇cmအထိအရပ်ရှည်လျားခဲ့ကာ ကမ္ဘာပေါ်တွင် မွေးကင်းစအရွယ် အရပ်အရှည်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခုအချိန်တွင် ထိုကလေးသည် အသက်၈နှစ်အရွယ်ရှိနေပြီဖြစ်ပေသည်။အသက်၈နှစ်အရပ်တွင်လည်း အရပ်ခြောက်ပေခြောက်လက်မအထိ ရှည်လျားကာ ကမ္ဘာပေါ်တွင် အသက်၈နှစ်ဖြင့် အရပ်အရှည်ဆုံးဆိုသော ဂင်းနစ်မှတ်တမ်းလည်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။ ထိုကောင်လေး၏ မိခင်သည်လည်း အရပ်ပေ၇၇လက်မရှိကာ အိန္ဒိယနိုင်ငံတွင် အရမ်အရှည်ဆုံး စံချိန်ကို ရရှိထားသူဖြစ်သည်။ Shoon (Cele Daily) Unicode အသက်၈နှစ်အရွယ်ဖြင့် အရပ် ခြောက်ပေခြောက်လက်မအထိ ရှည်ထွက်နေခဲ့တဲ့ ကလေးငယ်တစ်ဦး လူသားတို့၏ ခန္ဓာကိုယ်သွင်ပြင်နှင့်ပတ်သတ်၍ […]

အလုပ်ချိန် ၁၈နာရီမရပ်မနားလုပ်မှုကြောင့် လူနာရဲ့ကုတင်မှာတင် သေဆုံးသွားခဲ့တဲ့ ဆရာဝန်တစ်ဦး

အသက် ၄၃နှစ်အရွယ်အထွေထွေအထူးကုရောဂါဆရာဝန်မ Zhao Bianxiang ပာာဆေးရုံမှာ မရပ်မနားပဲလူနာများကိုတောက်လျောက်၁၈နာရီလုံးလုံးဆေးကုသပေးခဲ့ပါတယ်။ထို့နောက် ပင်ပန်းကာ အိမ်တွင်အပြန်နိုင်ပဲ လူနာရဲ့ကုတင်းပေါ်မှာမှောက်လျက်အိပ်ရင်းသေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသွားတဲ့အကြောင်းအရင်းကတော့ အလုပ်ကိုမရပ်မနားလုပ်တာရယ်လေဖြတ်သွားတာရယ်ကြောင့်လည်းဖြစ်တယ်လို့ဆိုပါတယ်။ သူမကိုကယ်တင်ဖို့ နာရီ၂၀နီးပါးဆရာဝန်တွေကြိုးစားခဲ့ပေမယ့်နောက်ဆုံးမှာ သေဆုံးသွားကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။ Zhao ပာာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းJinzhong့မြို့ရှိဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ ယခုလိုမထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့်သူမရဲ့ အပေါင်းအဖော်ဆရာဝန်များပာာလည်း ဝမ်းနည်းလျက်ရှိနေပါတယ်။သူမပာာ အလွန်အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပြီးလူနာများအပေါ်လည်း စေတနာအပြည့်ဖြင့် လုပ်ကိုင်ပေးသူတစ်ယောက်ဖြစ်တာကြောင့် ယခုလိုဆရာဝန်ကောင်းတစ်ယောက်ဆုံးရှုံးသွားရတာပာာအလွန်ပင်နစ်နာကြောင်း ပြောကြားခဲ့ပါတယ်။ သူမရဲ့သေဆုံးမှုမှတ်တမ်းမှာတော့ အလုပ်အလွန်အကျွံလုပ်မှုမှတ်တမ်းဖြင့်ဖော်ပြခဲ့ရပါတယ်။ ###################### အသက် ၄၃နှစ်အရွယ်အထွေထွေအထူးကုရောဂါဆရာဝန်မ Zhao Bianxiang ပာာဆေးရုံမှာ မရပ်မနားပဲလူနာများကိုတောက်လျောက်၁၈နာရီလုံးလုံးဆေးကုသပေးခဲ့ပါတယ်။ထို့နောက် ပင်ပန်းကာ အိမ်တွင်အပြန်နိုင်ပဲ လူနာရဲ့ကုတင်းပေါ်မှာမှောက်လျက်အိပ်ရင်းသေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသွားတဲ့အကြောင်းအရင်းကတော့ အလုပ်ကိုမရပ်မနားလုပ်တာရယ်လေဖြတ်သွားတာရယ်ကြောင့်လည်းဖြစ်တယ်လို့ဆိုပါတယ်။ သူမကိုကယ်တင်ဖို့ နာရီ၂၀နီးပါးဆရာဝန်တွေကြိုးစားခဲ့ပေမယ့်နောက်ဆုံးမှာ သေဆုံးသွားကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။ Zhao ပာာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းJinzhong့မြို့ရှိဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ ယခုလိုမထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့်သူမရဲ့ အပေါင်းအဖော်ဆရာဝန်များပာာလည်း ဝမ်းနည်းလျက်ရှိနေပါတယ်။သူမပာာ အလွန်အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပြီးလူနာများအပေါ်လည်း စေတနာအပြည့်ဖြင့် လုပ်ကိုင်ပေးသူတစ်ယောက်ဖြစ်တာကြောင့် ယခုလိုဆရာဝန်ကောင်းတစ်ယောက်ဆုံးရှုံးသွားရတာပာာအလွန်ပင်နစ်နာကြောင်း ပြောကြားခဲ့ပါတယ်။ […]

ဘရာဇီးလေယာဉ်ပျက်ကျ၊ ပါလာသည့် ဘောလုံးသမား(၄)ဦးအပါအဝင်(၆)ဦးသေဆုံး

ဘရာဇီးလေယာဉ်ပျက်ကျ၊ ပါလာသည့် ဘောလုံးသမား(၄)ဦးအပါအဝင်(၆)ဦးသေဆုံး ဇန်နဝါရီ(၂၄)ရက်နေ့က ဘရာဇီးနိုင်ငံတွင် လေယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားရာ အသက်ရှင်ကျန်သူမရှိခဲ့ကြောင်း ရီယိုဒီဂျနေးရိုးဒေးလီး က ဖော်ပြသည်။ လေယာဉ်ပေါ်တွင် ဘရာဇီးပြည်တွင်းကလပ် ပါးမာ့စ်မှ ကစားသမား(၄)ဦးပါဝင်ပြီး အဆိုပါကစားသမားများမှာ ပြိုင်ဘက် ဗီလာနိုဗာအသင်း နှင့် ယှဉ်ပြိုင်ရန် ဂိုင်ရီယပ်စ် ပြည်နယ်သို့လေယာဉ်နှင့်ထွက်ခွာရာမှထိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် ပေါ်တိုနေရှင်နယ် လေဆိပ်မှ လေထဲသို့ပျံတက်ရန်ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ photo-CNN သေဆုံးသူများထဲတွင် ကစားသမား(၄)ဦး၊ ပိုင်းလော့ နှင့် ပါးမာ့စ်ဥက္ကဌတို့ပါဝင်ကြောင်း ပါးမာ့စ်အသင်းတာဝန်ရှိသူများကထုတ်ပြန်ခဲ့သည်။ လေယာဉ်မှာ ဇန်နဝါရီ ၂၄ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်း ၈ နာရီ ၁၅ တွင်ပျက်ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဘရာဇီးတစ်နိုင်ငံလုံးရှိ ဘောလုံးကလပ်များက ဝမ်းနည်းကြောင်းဖော်ပြခဲ့ကြသည်။ source-CNNWe Media ######################### ဘရာဇီးလေယာဉ်ပျက်ကျ၊ ပါလာသည့် ဘောလုံးသမား(၄)ဦးအပါအဝင်(၆)ဦးသေဆုံး ဇန်နဝါရီ(၂၄)ရက်နေ့က ဘရာဇီးနိုင်ငံတွင် […]

ဗြိတိန်ကူးစက်မြန်ပိုး တရုတ်ပြည်မှာ စတွေ့၊ မြို့တော်ဘေဂျင်းကို လော့ဒေါင်းချရန် စီမံနေ

ဗြိတိန်ကူးစက်မြန်ပိုး တရုတ်ပြည်မှာ စတွေ့၊ မြို့တော်ဘေဂျင်းကို လော့ဒေါင်းချရန် စီမံနေ ဗြိတိန်က ကူးစက်မြန်ပိုး ဘေဂျင်းမှာတွေ့။ လူ ၂ ယောက်မှာ ဗီဇပြောင်းပိုးတွေ့ခဲ့လို့ တရုတ်အာဏာပိုင်တွေဟာ မြို့တော်ဘေဂျင်းရဲ့ မြို့လယ်ကောင် ရပ်ကွက် ၂ ခုက လူ ၂ သန်းကျော်ကို ပိုးရှိမရှိ အလျှင်အမြန်စစ်ဆေးနေရပါပြီ။ စစ်ဆေးမှုများအရ ပိုးကူးစက်သူ များပြားလာပါက မြို့တော်ဘေဂျင်းကိုလည်း လော့ဒေါင်းချဖို့ တရုတ်အာဏာပိုင်တွေက စီမံနေတယ်လို့ သိရပါတယ်။ ရေထဲ ခဲချလိုက်သလိုပဲ၊ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာတာကဖြင့် ဓမ္မတာပါပဲ။ Zin Min Nyein ############################ ဗြိတိန်ကူးစက်မြန်ပိုး တရုတ်ပြည်မှာ စတွေ့၊ မြို့တော်ဘေဂျင်းကို လော့ဒေါင်းချရန် စီမံနေ ဗြိတိန်က ကူးစက်မြန်ပိုး ဘေဂျင်းမှာတွေ့။ လူ ၂ ယောက်မှာ ဗီဇပြောင်းပိုးတွေ့ခဲ့လို့ တရုတ်အာဏာပိုင်တွေဟာ […]

Back To Top