Category: ဗဟုသုတ

မြန်မာ့ရှေးဟောင်း ကျမ်းဂန်တွေထဲမှာ အခိုင်အမာပါတဲ့ နဂါးအမျိုးအစား (၁၀၂၄) မျိုးအကြောင်း

နဂါးသည် ကမ္ဘာအရပ်ရပ်မှ လူမျိုးများစွာ၏ ဒဏ္ဍာရီလာ သတ္တဝါ တမျိုးဖြစ် သည်။ များသောအားဖြင့် အစွမ်းထက်၍ တန်ခိုးနှင့်ပြည့်စုံသော ကြီးကျယ်ခမ်းနားသည့် အနေဖြင့်ပုံဖော်ကြသည်။ နဂါး (Nāga) ဆိုသည့်ဝေါဟာရအား သက္ကတနှင့် ပါဠိဘာသာ စကားမှ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ အလွန်ကြီးမားသော မြွေကြီးများကို ခေါ်ခြင်းဖြစ်ကြောင်းသိရသည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ အဖြစ်ဖော်ပြကြသည်။ မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးအား ခန္ဓာကိုယ်မှာ မြွေပုံစံဖြစ်ကာ ဦးခေါင်း၌ အမောက်အတွန့်အတက်များပါရှိသည့် မြွေနှင့်မတူသည့် ခန့်ညားသည့် အသွင်ဖြင့်ပုံဖော်ကြသည်။ အမောက်၌ပါရှိသည့် ပတ္တမြားအရှိန်ကြောင့် တန်ခိုးကြီးသည် ဟုလည်းဆိုကြသည်။ […]

တချိန်က Made in Burma ဆိုပြီး မြန်မာထုတ်ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်နော်

တချိန်က Made in Burma ဆိုပြီး မြန်မာထုတ်ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်နော်… တစ်ချိန်က Made in Burma ဆိုပြီး မြန်မာပြည်ကပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်။ Made in Burma ဆိုပြီး မြန်မာပြည်က ပစ္စည်းတွေ တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့ဖူးတယ်။ တချိန်က မြန်မာပြည်မှာ ဒီဇွန်းတွေ ထုတ်လုပ်ခဲ့နိုင်တယ်။ ၁၉၆၂ ခုနှစ် ဦးနေဝင်းလက်ထက်ကစလို့ စက်ရုံအလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းပြီး အကုန် ဖျက်စီးခဲ့တယ်။ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အနောက်ဥရောပအထိ Export လုပ်နိုင်ခဲ့တယ်။ Made in Burma ရေးထားသမျှပစ္စည်းနဲ့ စက်ရုံတွေ ပြည်သူပိုင် သိမ်းတော့ Made in India လို့ ပြောင်းရေးပြီး ခိုးထုတ်လုပ်ခဲ့ကြတယ်။ သစ်သား လေးခွ၊ […]

ပြည်ပကို ရောင်းစားခံလိုက်ရတဲ့ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ မြန်မာ့ပယင်းကျောက်ဖြစ်ရုပ်ကြွင်းများ

၁) တောက်တဲ့ရုပ်ကြွင်း နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက တောက်တဲ့ မျိုးနွယ်တကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ရှာတွေ့ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အခြေစိုက် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။ ဒါဟာ အဲဒီအမျိုးအစားထဲမှာ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး တွားသွားသတ္တဝါတွေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ ကွင်းဆက်ကိုလည်း တွေ့ခဲ့ပြီလို့ သုတေသီတွေက ပြောဆိုပါတယ်။ နှစ်ပေါင်း ၇၅ သန်း သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ဒီမတိုင်ခင်တုန်းက နောက်ဆုံး ရှာတွေ့ထားတာလို့ ဖလော်ရီဒါ သဘာဝ သမိုင်းပြတိုက် သိပ္ပံပညာရှင်တွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်းတုန်းက ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တခြားရှေးဟောင်းတွားသွားသတ္တဝါ ရုပ်ကြွင်းတွေနဲ့အတူ မိုင်းလုပ်ငန်းခွင်တခုအတွင်းကနေ ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ အခုချိန်ကျမှာသာ အသေအချာ ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ အခုတွေ့ရှိတဲ့ […]

ကြက်သွန်ဖြူရဲ့ လူတွေ သိပ်မသိသေးတဲ့ ဂမ္ဘီရ အစွမ်းသတ္တိများ

ကြက်သွန်ဖြူရဲ့ ရုက္ခဗေဒ အမည်က Allium sativum ဖြစ်ပါတယ်။ ကြက်သွန်နီ၏ မိသားစု Alliaceae ထဲမှာ ပါဝင်တဲ့ မျိုးစိတ် တစ်ခုပဲဖြစ်ပါတယ်။ အစိမ်းစားလျှင် ပူစပ်စပ် အရသာရှိတဲ့ ကြက်သွန်ဖြူဟာ ချက်ပြုတ်လိုက်တဲ့ အခါမှာတော့ ချိုသော အရသာရှိပါတယ်။ ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်တဲ့ ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များကိုလည်း စားသုံးလို့ရပါတယ်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း ၊ ချက်ပြုတ်စားသော်လည်းကောင်း ဆေးဖက်ဝင်ပါတယ်။ မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကို စားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နဲ့ သာမန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပေမယ့်လည်း များသောအားဖြင့်တော့ ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါတယ်။ စုန်းများ၊ တစ္ဆေသရဲများ၊ သွေးစုတ်ဖုတ်ကောင်များနှင့် မိစ္ဆာမျက်လုံး အပါအဝင် […]

မင်းဘူးက နဂါးပွက်တောင် အောက်မှာ တကယ့်နဂါးတွေ ရှိလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ဒီလို ရွှံ့မီးတောင်တွေရဲ့ အောက်မှာ ရေ နဲ့ ဂက်(စ်)ရှိတယ်။ အဲဒီက ထွက်တဲ့ ရွှံ့ရည်ဟာ မပူဘူး။ လူသားတို့အတွက် အန္တရာယ်မရှိဘူး။ ရွှံ့မီးတောင်ကထွက်ရှိတဲ့ ရွှံ့စေးချော်ရည်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီပိုတွေကိုလျော့ချပေးစွမ်းနိုင်ပြီး အသားအရည်ကို ဝင်းပ စိုပြေစေသည့်အပြင် ယခုလို ရွှံ့မီးတောင်ရှိတဲ့ဒေသတွေကိုလည်း ပြည်ပ ခရီးသွားဧည့်သည်တွေ သွားရောက်အပန်းဖြေတတ်ကြပါတယ်။ ရွှံ့မီးတောင် အများဆုံးရှိတဲ့နိုင်ငံကတော့ အဇာဘိုင်ဂျန်(Azerbaijan) နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက (နဂါးပွက်တောင်) ဟု လူသိများပြီး မင်းဘူးမြို့က နဂါးပွက်တောင်သည် အထင်ရှားဆုံး ရွှံ့မီးတောင်ဖြစ်သည်။ ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ ခန့်နှင့် ထိပ်ဝမှာ ၈ ပေခန့် အကျယ်ရှိပါတယ်။ သာမာန်မီးတောင်များမှာ ချော်ရည်များထွက်သကဲ့သို့ ရွှံ့မီးတောင်များမှလည်း ရွှံ့ကဲ့သို့ အရည်များ ထိုးထွက်လာခြင်းဖြစ်ကာ တဗွက်ဗွက်နှင့် ပွက်နေရခြင်းမှာ တောင်အတွင်းမှ မီသိန်းဓါတ်ငွေ့ […]

ရသေ့ကြီးဦးခန္တီရွတ်ဆို၍ပုတီးစိပ်သောဂါထာ နှင့် အံ့ဖွယ်ထူးခြားချက္များ

အင်္ဂလိပ်အရေးပိုင်မင်းဟာ ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက် သူ့ရဲ့ပုလိပ်အဖွဲ့နဲ့အတူကျောင်းကိုရောက်လာခဲ့တယ်။ ပြီးတော့ ရသေ့ကြီးကို မေးလျှောက်တယ်။ ” တပည့်တော်တို့က တာဝန်အရ လာရတာပါဘုရား။ အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါပဲ။ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲဘုရား ” လို့ဆိုပြီး လျှောက်သတဲ့။ ပြီးတော့ ” အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိရပါတယ်။ အဲ့ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရား ” တဲ့။ အဲဒီအခါ ရသေ့ကြီးက သိချင်ရင် ခဏစောင့်ဆိုပြီး ဘုရားခန်းထဲဝင်ကာ ( ၄၅ ) မိနစ်လောက် ပုတီးစိပ်ပြီး ပြန်ထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ အရေးပိုင်မင်းရှေ့မှာတင် လူတွေဟာ တဖွဲဖွဲရောက်လာကြပြီး ရွှေနားကပ်တွေ ရွှေဆွဲကြိုးတွေရွှေလက်ကောက်တွေ ဝတ္ထုငွေတွေလှူကြနဲ့ […]

နန်းသက် (၇) ရက်ပဲ စံခဲ့ရတဲ့မင်း (သို့) အာဏာသိမ်းတာ မအောင်မြင်လို့ ကွပ်မျက်ခံရတဲ့ ဘုရင် –

ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်း (သို့) ဖေါင်းကားစား မောင်မောင် ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။ သမန်းဖောင်းကား ရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။ ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့လေသည်။ နောင်တော်ကြီးတွင် သားတော် “ဖောင်းကားစား မောင်မောင်” ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသော အားဖြင့်မိမိ သားတော်ကို နန်းရံမထားဘဲ ညီတော် မြေဒူးမင်း ကိုသာ နန်းရံ ထားခဲ့သည်။ ယခု မြေဒူးမင်းကမူ သူ၏သားတော် စဉ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်းပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။ […]

အတန်းကျောင်း လုံးဝမနေခဲ့ဘူးတဲ့ ဘုန်းကြီးလူထွက် ဆိုက်ကားဆရာ ဘဝကနေ ဘာသာစကား (၄) မျိုး တတ်ကျွမ်းသူ ဖြစ်လာတဲ့ ဦးသောင်းစိန်ရဲ့ ဘဝဇာတ်ကြောင်း

ကျုပ်လေ အီတလီလိုလည်း ထမင်းစားရေသောက် ပြောတတ်တယ်။ ဂျာမန်လိုလည်း အဲလောက်တော့ဖြစ်တာပါပဲ။ ပြင်သစ်လိုကျတော့ လိမ့်ပတ်လည်အောင်ပြောနိုင်တယ်။ ဖတ်နိုင်တယ်။ အရေးကျတော့ အားန ည်းချက်နည်းနည်းရှိတယ်။၂၀၀၀ – ခုနှစ်ကစပြီး exotissimo နဲ့ station ရော throughoutအဖြစ်နဲ့ပါ ပြင်သစ်ဂိုက်လိုက်ခဲ့တယ်။ ခုတော့ adorable myanmar မှာအများဆုံးပါ။ တခြားAgencyတွေကလည်း ပြင်သစ်ဂိုက်အဖြစ် ကျုပ်ကိုယုံကြည်စွာသုံးခဲ့တာ ၁၅ – နှစ်ရှိပါပြီ။မင်းကို ပြင်သစ်သင်ပေးတဲ့ ဆရာ ဘယ်သူလဲလို့ မေးရင် ကျုပ်မှာ သင်ဆရာမရှိပါ။စာအုပ်တွေနဲ့ ပြင်သစ်တိုးတွေဟာ ကျုပ်ဆရာတွေပါပဲဗျ။ အင်္ဂလိပ်ဂိုက်အဖြစ်နဲ့ကတော့ ၁၉၉၈ – ခုကတည်းက diethelm နဲ့လိုက်ခဲ့တာဗျ။ အဲဒီတုန်းက မန်းလေး station manager က ဆရာဦးတင်အောင်မြင့်ပေါ့။ တိုးသွားတောင်းတယ်။ ဆရာက မရှိဘူးဗျတဲ့။ကျုပ်ပြင်သစ်လည်းပြောနိုင်ပါတယ်လို့ ပြောလိုက်တော့မင်းကွန်းအကြောင်းပြင်သစ်လိုဗျူးတော့တာဘဲဗျို့။သ ဘောကျသွားတော့ […]

ဂျပန်စစ်ဗိုလ်နဲ့ စစ်သားတွေကို ရဲရင့်မှုနဲ့ နှလုံးရည်သုံးပြီး ရင်ဆိုင်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး

ဖိနပ်ပုံပြင် “တနေ့တော့ ဂျပန်စစ်သားတယောက်က ကျောင်းသူတစ်ဦးကို ကျောင်းရှေ့မှာ ဆွဲလားရမ်းလား လုပ်တယ်။ ကျောင်းသူလေးက ငိုယိုပြီး ဂျပန်စစ်သားကို တွန်းပစ်လိုက်တယ်။ နောက် ကျောင်းထဲကို ၀င်ပြေးတယ်။ ဂျပန်စစ်သားက နောက်က လိုက်လာတယ်။ အဲဒီအချိန်မှာ အရာတခုက အရှိန်ပြင်းပြင်းနဲ့ ဂျပန်စစ်သားရဲ့ ရင်ဘတ်ကို ဗုန်းခနဲ လာမှန်တယ်။ ကြည့်လိုက်တော့ ယောင်္ကျားစီး သားရေဖိနပ် တဖက်။ ဂျပန်စစ်သားကလည်း ဒေါပွပြီး ကျောင်းထဲ၀င်မယ်လုပ်တယ်။ ကျောင်းသားတွေက ဝိုင်းလာတယ်။ ဟန်ပုံမရတော့ အဲဒီဂျပန် ပြန်ပြေးသွားတယ်” စာရေးဆရာ ဆရာနတ်မှူး ၏ ‘ဖိနပ်ပုံပြင်’ ၀တ္ထုတိုထဲက ဇာတ်ရှိန်တက် အခန်းတစ်ခန်း ဖြစ်ပါသည်။ ဂျပန်ခေတ်က ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကို၀င်ဆွဲသည့် ဂျပန်စစ်သားကို ဖိနပ်တဖက်နှင့် ပေါက်လိုက်သော ဇာတ်လိုက် ကျောင်းသားလေးကြောင့် ဂျပန်ဗိုလ် အပါအ၀င် ဂျစ်ကားနှင့် […]

မြန်မာပြည်သူတွေကို စုပ်ခွက်ငါးထက် ပိုအန္တရာယ်ပေးနေတဲ့ အရာတခု

မြန်မာပြည်သူတွေကို စုပ်ခွက်ငါးထက် ပိုအန္တရာယ်ပေးနေတဲ့ အရာတခု (အရမ်းအရေးကြီးပါတယ်) ဂေဟစနစ်အတွက် အန္တရာယ်ကြီးမှန်း မသိတဲ့အခါ မြစ်ထဲကို စုပ်ခွက်ငါးတွေ လွှတ်လိုက်တယ်တဲ့..။ ကျွန်တော်လည်း ယခင်က အဲဒီငါး အန္တရာယ်ရှိမှန်း မသိ။ ဒီမနက်က ငါးခူတစ်သောင်းဖိုးဝယ်ပြီး ချောင်းထဲကို ကုသိုလ်ဖြစ် သွားလွှတ်ရင်း စိမ်းစိမ်းစိုစို ပဲခင်းတွေထဲမှာ လယ်သမားတွေ ဆေးဖျန်းနေတာကို ကြည့်ရင်း “နောက်ထပ် မသိခြင်း အကြောင်းတစ်ခု..” ကိုပါ ဆက်စပ်တွေးမိလို့ မချိပြုံး ပြုံးမိပါတယ်။ မတ်ပဲ ၊ ပဲတီစိမ်းတွေ သီးပွင့်တဲ့ ဒီလို လမျိုးမှာ ထိုင်းနိုင်ငံဘက်ကနေ ပိုးသတ်ဆေးမျိုးစုံ တင်လာကြတဲ့ ကားကြီး ကားငယ်တွေဟာ မြန်မာပြည်ထဲကို အတားအဆီးမရှိ ဝင်လာကြပါတယ်။ အဲဒီပိုးသတ်ဆေးတွေဟာ သူတို့နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်လို့ လုံးဝပိတ်ထားကြပြီး နိုင်ငံတကာမှာပါ […]

Back To Top