Category: International New

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ လက်ရှိမြန်မာ့အရေးအပေါ် ကြေညာချက်အပြည့်အစုံ

မြန်မာနိုင်ငံအတွင်း စစ်တပ်၏အာဏာသိမ်းယူမှု၊ အောင်ဆန်းစုကြည်နှင့် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းမှုနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမှုတို့သည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်ခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တစ်ရပ်တွင် အင်အားကိုအသုံးပြု၍ နိုင်ငံသားတို့၏ဆန္ဒကိုပယ်ဖျက်ရန် သို့မဟုတ် အများယုံကြည်လက်ခံသောရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် မလုပ်ဆောင်သင့်ပါ။ မြန်မာနိုင်ငံသားတို့သည် ရွေးကောက်ပွဲများကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှုစနစ်ထူထောင်နိုင်ရေးနှင့် ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်လာခဲ့ကြပါသည်။ ဤဖြစ်ပေါ်တိုးတက်လာမှုတို့ကို တန်ဖိုးထားလေးစားသင့်ပါသည်။ မြန်မာစစ်တပ်ကသိမ်းယူထားသောအာဏာကိုချက်ချင်းစွန့်လွတ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော တက်ကြွလှုပ်ရှားသူများနှင့်တာဝန်ရှိပုဂ္ဂိုလ်များအားလွှတ်ပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ်အကြမ်းဖက်ခြင်းမှရှောင်ကြဉ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်အပေါ် တစ်သံတည်းဖြင့် ညီညွတ်စွာအတူတကွ ပူးပေါင်းဖိအားပေးသင့်ပါသည်။ ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေသည့်ကာလအတွင်း မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ပေးကြသူများအား အမေရိကန်ပြည်ထောင်စုက မှတ်တမ်းတင်ထားပါသည်။ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးနှင့်ဥပဒေပြန်လည်စိုးမိုးရေးအပြင် မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးနောက်ကြောင်းပြန်လှည့်စေမှုအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မိမိတို့အနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာတစ်လွှားမှ မိတ်ဖက်နိုင်ငံများအတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သောအရေးယူပိတ်ဆို့မှုများကို လွန်ခဲ့သောဆယ်စုနှစ်အတွင်းတိုးတက်မှုများအပေါ်အခြေခံ၍ […]

ဆိုက်ကားနင်းပြီး ကျောင်းသား ကျောင်းသူ ၃ ရာကျော်ကို ကျောင်းထားပေးတဲ့ လေးစားဖွယ်အဖိုးအို

Zawgyi လောကကြီးမှာ အလှူဒါနမျိုးစုံရှိပါတယ်။ လူတစ်ချို့ဟာ ထမင်းရေးစီချောင်း လှူဒါန်းကြပါတယ်။ အချိုကလည်း မရှိမဲ့ရှိမဲ့ ချွေးနှဲစာတွေနှင့်လှူဒါန်းကြတာပါ။ အခုဖော်ပြမည့် အကြောင်းက ဆိုက်ကားနင်းပြီး ချို့တဲ့ကျောင်းသားကျောင်းသူ၃ရာကျော်ကို ငွေကြေးထောက်ပံ့ခဲ့တဲ့ အဘိုးအို အကြောင်းပါနော်။ထို အဘိုးအိုကတော့ တရုတ်နိုင်ငံကဖြစ်ပါတယ်။ အဘိုးအိုရဲ့ နာမည်ကတော့ ဘိုင်ဖန်ဂလိ ဖြစ်ပါတယ်နော်။ သူဟာ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကြောင်းပြုသူ ဖြစ်ပါတယ်။ ထို့အပြင်သူအနေနှင့် ရရှိလာတဲ့ ငွေကြေး တွေကို ငွေကြေးလိုအပ်တဲ့ ကျောင်းသားကျောင်းသူများကို လှူဒါန်းခဲ့တာပါ။ အဆိုပါ အဘိုးအိုအနေနှင့် ၁၈နှစ်အတွင်း ကျောင်းသားကျောင်းသူ ၃ရာကျော်ကိုလှူဒန်းခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်းစွာနှင့်ဘဲ အဘိုးအိုက ဇရာထောင်း လာသလို အဆုတ်ကင်ဆာလည်းခံစားလာရတာပါ။ အဘိုးအိုအနေနှင့် ၂၀၀၅ခုနှစ်မှာအဆုတ်ကင်ဆာနှင့် သေ ဆုံးခဲ့ရတာပါ။ အဘိုးအိုအနေနှင့်သေဆုံးချိန်မှာ ၉၂ နှစ်ရှိပြီးဖြစ်ပါတယ်။အဘိုးအိုကလူသေပေမယ့်နာမည်မသေ ဘဲ ခုအချိန်ထိ ဂုဏ်သတင်းမွှေးနေဆဲပါဘဲနော်။ Unicode […]

အိပ်ရာပေါ်က ကလေးဘေးမှာ တိတ်တိတ်လေး ခိုးအိပ်ရတာနှစ်သက်တဲ့ အိမ်မွေးငါး

တိရစ္ဆာန်ချစ်သူတွေဟာ အိမ်မွေးတိရစ္ဆာန် ကြောင်လေးခွေးလေးတွေကို သိပ်ချစ်လွန်းရင် ကိုယ့်အိပ်ရာထဲထိတောင် ခေါ်သိပ်တတ်ကြပါတယ်။ အချို့ဆိုရင် ကလေးတွေအိပ်တဲ့အိပ်ရာထဲထိတောင် သူတို့ိကိုခေါ်ထားကြပါတယ်။ အကြောင်းရင်းက ခွေးလေးကြောင်လေးတွေဟာ ညအချိန်မှာ ကလေးတွေကို အကောင်းဆုံးစောင့်ကြည့်ပေးနိုင်တဲ့ လုံခြုံရေးအစောင့်လေးတွေဖြစ်နေလို့ပါပဲ။ facebook/iskandarbaieesya facebook/iskandarbaieesyaWorldofbuzz သတင်းအရ မလေးရှားနိုင်ငံက မိခင်တစ်ဦးဖြစ်တဲ့ Baiesyah ဟာ သူမရဲ့ကလေးနဲ့ သူမအိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေရဲ့သံယောဇဉ်ကို ဖေ့စ်ဘုတ်ပေါ်မှာဖော်ပြခဲ့ပါတယ်။ Baiesyah က အိပ်ရာပေါ်မှာ သူမရဲ့သားလေးနဲ့ အိမ်မွေးကြောင်လေးတို့ အတူအိပ်ပျော်နေတဲ့ပုံကိုတင်ခဲ့တာပါ။ ဒါပေမဲ့ သားဖြစ်သူနဲ့ နောက်ထပ်အိမ်မွေးတိရစ္ဆာန်တစ်ကောင်တို့ အတူအိပ်နေတဲ့ပုံကို တွေ့မြင်ရတဲ့အခါမှာတော့ လူတွေက အံ့သြသွားခဲ့ကြပါတယ်။ ထူးထူးဆန်းဆန်း ကလေးဘေးမှာ အတူငြိမ်ပြီးရှိနေတာက ငါးတစ်ကောင်ပါပဲ။ facebook/iskandarbaieesyaလူတွေကတော့ ရေထဲမှာနေတဲ့ငါးကထွက်လာပြီး ခုလို အိပ်ရာပေါ်ရောက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ငြင်းကြပါတယ်။ Baiesyah ကတော့ ငါးဟာ တကယ်ပဲ အသက်ရှင်နေတာဖြစ်ပြီး ဒီငါးကို […]

တည်ငြိမ်ခြင်း ရင့်ကျက်ခြင်း စွဲမက်ဖွယ်ကောင်းသော အလှတရားများနှင့်အတူ ကျောင်းသားများကို အတန်းမပျက်စေခဲ့တဲ့ တက္ကသိုလ်ကဆရာမ

ယခုကတော့ ထိုင်းနိုင်ငံက Miss Thailand Awardဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ တက္ကသိုလ်ဆရာမလေး တစ်ဦးရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဆရာမလေးဟာ သတင်းအချက်အလက်နှင့် နည်းပညာဘွဲ့ကို ရရှိသည့်အပြင် ပညာရေးဆိုင်ရာဘွဲ့ကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိတွင် ဆရာမလေးသည် တက္ကသိုလ်တစ်ခုတွင် ကွန်ပျူတာသင်ကြားပေးသည့် ဆရာမတစ်ဦးအနေဖြင့် လုပ်ကိုင်နေပါသည်။ ဆရာမလေးဟာ ပညာတတ်သူတစ်ယောက်ဖြစ်သည့်အပြင် ထိုင်း တရုတ် ကိုရီးယား အင်္ဂလိပ်ဘာသာစကားတို့ကို ကျွမ်းကျင်စွာပြောတတ်သူ တစ်ဦးလည်းဖြစ်သည်။ ထိုင်းလူငယ်များအား စွမ်းရည်နိုးတက်ကာ အနာဂန်၏ရတနာများ ပေါ်ထွင်လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးလောကထဲသ်ု့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဆရာမလေးဟာ ကျောင်းသားများအကြားတွင် အထူးတလည် ရေပန်းစားလာခဲ့ပြီး အတန်းပျက်သည့် ကျောင်းသားအရေအတွက်ပင် မရှိခဲ့ဘူးဟု သိခဲ့ရပါတယ်။ သူမသည် instagram အကောင့်တွင်လည်း follower တစ်သိန်းသုံးသောင်းကျော် ရှိသူတစ်ဦးလည်း ဖြစ်သည်။ Unicodeတည်ငြိမ်ခြင်း ရင့်ကျက်ခြင်း […]

“ အမေ မရှိတဲ့သားအတွက် အမေများနေ့မှာ အမျိုးသမီးဝတ်စုံနဲ့ ပွဲတက်ခဲ့တဲ့ဖခင် ”

Zawgyi “ အမေ မရှိတဲ့သားအတွက် အမေများနေ့မှာ အမျိုးသမီးဝတ်စုံနဲ့ ပွဲတက်ခဲ့တဲ့ဖခင် ” မိဘတွေဟာ ကိုယ့်ရဲ့သားသမီးတွေကို အကောင်းဆုံးဖြစ်အောင် ထားချင်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ဆက်ဆံရေးတစ်ခုကို ဘယ်လောက်ပဲကောင်းမွန်အောင်ထိန်းသိမ်းနေပါ‌စေ တစ်စုံတစ်ယောက်ကို အတင်းအကျပ်စေခိုင်းပြီး ချစ်ခိုင်းလို့တော့ မရပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ မိဘတွေရဲ့ သဘောထားမတိုက်ဆိုင်မှုကြောင့် ကွဲကွာသွားခဲ့တဲ့ မိသားစုတွေလည်း အများကြီးရှိကြပါတယ်။ အိမ်ထောင်တစ်ခုမှာ မိဘတစ်ဦးက ခွဲခွာသွားတဲ့အခါမှာလည်း ကျန်ခဲ့တဲ့မိဘတစ်ဦးဟာ သားသမီးအားလုံးကို တာဝန်ယူစောင့်ရှောက်ကြရမှာပါ။ များသောအားဖြင့် ကလေးများကို မိခင်က စောင့်ရှောက်လေ့ရှိကြပေမယ့် ဖခင်က သားသမီးတွေကို လူလားမြောက်အောင် ပြုစုပျိုးထောင်ရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ထိုင်းနိုင်ငံမှအသက် ၃၂နှစ်အရွယ် Chatchai Parn-uthai လို့ခေါ်တဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့သားအားမငယ်စေဖို့အတွက်အမေများနေ့အခမ်းအနားကို တက်ရောက်ပေးဖို့ ပန်းရောင်အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ကာ ခေါင်းမှာဖဲပြားလေးတပ်ပြီး အခမ်းအနားကိုတက်ရောက်ပေးခဲ့ပါတယ်။ သူ့ရဲ့သားကိုချစ်တဲ့ကြီးမားလွန်းတဲ့မေတ္တာဟာ အခမ်းအနားထဲမှာ ရှက်ကြောက်စိတ်လုံးဝမရှိခဲ့ပါဘူး။ ကမ္ဘာ့အမေများနေ့ကို […]

မိုင်းတွင်းအောက်မှာ ၂ ပတ်ကြာ ပိတ်မိပြီးမှ ကယ်တင်နိုင်ခဲ့တဲ့ မိုင်းလုပ်သားတွေရဲ့ စကားသံ

မိုင်းတွင်းအောက်မှာ ၂ ပတ်ကြာ ပိတ်မိပြီးမှ ကယ်တင်နိုင်ခဲ့တဲ့ မိုင်းလုပ်သားတွေရဲ့ စကားသံ ” မိုင်းတွင်းအောက်မှာ ရေတွေ ရှိတယ်။ သောက်ဖို့ မသင့်တော်ပေမဲ့ အသက်ရှင်ဖို့ နည်းနည်းပါးပါး သောက်ခဲ့ရတယ်။ ကျွန်တော်တို့ အပြန်အလှန် အားပေးပြီး ဒီကာလကို ဖြတ်သန်းခဲ့တာပါ”။ ဒါကတော့ ရွှေတူးဖော်ရေးမိုင်းတွင်းထဲမှာ သီတင်းပတ် ၂ ပတ်ကျော် ပိတ်မိနေပြီး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့ တရုတ်မိုင်းတူးဖော်ရေးလုပ်သား ၁၁ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မစ္စတာဒူရဲ့ စကားပါ။ ဇန်နဝါရီလ ၁၀ ရက်က တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်က ဟူရှန်ရွှေတူးဖော်ရေး မိုင်းတွင်းရဲ့ မြေအောက်အနက် ၆၀၀ မီတာလောက်မှာ မိုင်းတွင်းလုပ်သား ၂၂ ယောက် အလုပ်လုပ်နေတုန်း ပေါက်ကွဲမှုဖြစ်ပွားပြီး မိုင်းတွင်းဝင်ပေါက် ပျက်စီးသွားခဲ့သလို ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး […]

ဗီယက်နမ်မှာ ၃၅ နှစ်မပြည့်ခင် ကလေး ၂ ယောက်ယူတဲ့ မိခင်တွေကို ဆုပေးမည်

ဗီယက်နမ်မှာ ၃၅ နှစ်မပြည့်ခင် ကလေး ၂ ယောက်ယူတဲ့ မိခင်တွေကို ဆုပေးမယ် ဗီယက်နမ်နိုင်ငံမှာ အသက် ၃၅ နှစ်မပြည့်ခင် ရင်သွေး ၂ ယောက်ယူတဲ့ မိခင်တွေကို ဆုကြေးငွေ ဒါမှမဟုတ် လက်ဆောင်ပစ္စည်းတွေ ပေးအပ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဟိုချီမင်းမြို့နဲ့ တောင်ပိုင်းပြည်နယ် ၁၅ ခု၊ အလယ်ပိုင်းဒေသ မြို့ ၄ မြို့မှာ မတ်လ ၁၀ ရက်နေ့ကစတင်ပြီး ဆုပေးတဲ့စနစ် အကျုံးဝင်မှာပါ။ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် ဗီယက်နမ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း (၂.၀၉)ကလည်း ကမ္ဘာလုံးဆိုင်ရာ သဘောတူထားတဲ့ နှုန်းထားထက် နည်းနေပါတယ်။ လူဦးရေ ၉၅ သန်းရှိတဲ့ […]

နှစ် ၂၀ ကြာထိုးလာခဲ့တဲ့ အိပ်မက်ပေးဂဏန်းနဲ့ ထီဆုကြီးပေါက်သွားခဲ့တဲ့အမျိုးသမီး

ဒန် ပရာဗာတိုဒန် (Deng Pravatoudom) ဆိုတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့နှစ် (၂၀) ကျော်က သူ့ခင်ပွန်း အိပ်မက်မက်ခဲ့တဲ့ ဂဏန်းစုံတွဲတွေကို ထီနံပါတ်အနေနဲ့ ဆယ်စုနှစ် (၂) စုကြာတဲ့အထိ ထီထိုးလာခဲ့တာပါ။ ဒီဇင်ဘာလက သူ့ခင်ပွန်းရဲ့အိပ်မက်ဂဏန်းက ပေါက်ဂဏန်းဖြစ်လာခဲ့ပြီး ဒေါ်လာ သန်း ၆၀ တန် Jackpot ဆုပေါက်သွားခဲ့တယ်လို့ Ontario Lottery and Gaming က ဒီကနေ့သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က ဒန်ဟာ ဘဏ်သွားနေတဲ့အချိန် သူ့ရဲ့ခင်ပွန်းဖြစ်သူက ထီလက်မှတ်တွေ တိုက်ပေးနေခဲ့တာပါ။ သူ ပြန်လာတော့ သူ့ခင်ပွန်းက ဒေါ်လာ သန်း ၆၀ ထီပေါက်တယ်လို့ ပြောခဲ့ပါတယ်။ ဒန်က ပျော်လွန်းလို့ ငိုတောင်ငိုခဲ့ရပါတယ်။ အစကတော့ ထီပေါက်တာကို မယုံနိုင်ဖြစ်ခဲ့ပါသေးတယ်။ […]

သူ့သခင် ဆေးရုံက မဆင်းမချင်း ဆေးရုံဝင်ပေါက်မှာ စောင့်နေတဲ့ ခွေးမလေး

သူ့သခင် ဆေးရုံက မဆင်းမချင်း ဆေးရုံဝင်ပေါက်မှာ စောင့်နေတဲ့ ခွေးမလေး ခွေးတွေက လူသားတွေရဲ့ သစ္စာအရှိဆုံးမိတ်ဆွေပဲလို့ ပြောကြတယ်။ အဲဒီလို ပြောရလောက်တဲ့ အကြောင်းရင်းတွေလည်း ရှိခဲ့ပါတယ်။ အခုလည်း ခွေးလေးတစ်ကောင်က သူ့သခင် ကုသမှုခံယူနေတဲ့ ဆေးရုံရှေ့မှာ ၆ ရက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က တူရကီနိုင်ငံ အရှေ့မြောက်ပိုင်း ထရက်ဇွန်မြို့မှာ နေထိုင်တဲ့အမျိုးသား စီမယ်ဆန်တက်ကို အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။ အဲဒီနောက်မှာ ခွေးမလေး ဘွန်ကက်က တိုက်ခန်းထဲကနေ တိုးထွက်လာပြီး သူ့သခင် ဆေးကုသမှု ခံယူနေတဲ့ Medical Park ဆေးရုံဝင်ပေါက်မှာ နေ့တိုင်း စောင့်ဆိုင်းနေခဲ့ပါတယ်။ ဆေးရုံရှေ့မှာ ခွေးမလေး ဘွန်ကက် ရောက်နေတဲ့အကြောင်း ဆေးရုံဝန်ထမ်းတွေက အကြောင်းကြားခဲ့လို့ စီမယ်ဆန်တက်ရဲ့မိသားစုက ခွေးမလေး ဘွန်ကက်ကို အိမ် […]

ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ဧရာမကျောက်တုံးကြီး

ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ဧရာမကျောက်တုံးကြီး.. ဗီယက်နမ်နိုင်ငံမှာ မကြာသေးမီက ခွဲစိတ် ကုသခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦး၏ ဆီးအိမ်မှ ဖယ်ရှားပစ်လိုက်သည့် ဧရာမ ဆီးအိမ်ကျောက်တုံး၏ ပုံများသည် လူမှုမီဒီယာများတွင်ပျံ့နှံ့ခဲ့သည်။ ဗီယက်နမ်နိုင်ငံ သေးငုယင်ရှိ ဖြူဘင် အထွေထွေရောဂါကု ဆေးရုံ အရေးပေါ်ခန်းတွင် ဖြစ်ပွားခဲ့သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်နှင့် ပတ်သတ်၍ ဗီယက်နမ် မီဒီယာ အများအပြားကလည်း တင်ပြခဲ့ကြသည်။ ဆေးရုံတွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် CT scan က ထိုအမျိုးသမီး၏ ဗိုက်ထဲတွင် အလေးချိန် ၄၀၀ ဂရမ်နှင့် ၁၀-စင်တီမီတာကျော်သော ကျောက်တုံးကြီးကို ဖော်ပြခဲ့သဖြင့် အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဆေးရုံများတွင် အတော်လေးရှားပါးသော ဖြစ်ရပ် ဖြစ်ခဲ့သည်။ တူရကီနိုင်ငံ […]

Back To Top