Month: January 2020

ဝဋ်ကြွေးပါလာပြီဆိုလျှင် (ကိုယ်ကောင်းပေမယ့် သူမကောင်းတာ “ဝဋ်” ကြောင့်ပါ)

ဝဋ်ကြွေးပါလာပြီဆိုလျှင် (ကိုယ်ကောင်းပေမယ့် သူမကောင်းတာ “ဝဋ်” ကြောင့်ပါ) သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာ ဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ်။ သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်.. သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ။ ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ်မှာ အမှန်တကယ် ဝဋ်ကြွေးရှိနေပြီဆိုတာ။ ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ် တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရတတ်တယ်။ ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့ တစ်ချို့လူတွေမမြင်ကြဘူး။ ဝဋ်ဆိုတာ ဆပ်မှကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာ မဟုတ်ဘူး။ ဝဋ်ကြွေးတွေကျေဖို့ […]

ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်အောင် ရေသောက်နည်း ၊ ရေသောက်မှားခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများ

Zawgyi ဖြင့်ဖတ်ရန် ရေဆိုတာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ ။နေ့စဉ်သောက်သုံးနေတဲ့အရာတစ်ခုဖြစ်ပြီးတော့ရေများများသောက်ရင် ကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ အပြောတွေလည်းကြားဖူးကြမှာပါ ။ဒါပေမယ့် မသင့်လျော်တဲ့အခြေအနေမျိုးတွေမှာ ရေသောက်မိတဲ့အခါ သေစေနိုင်လောက်တဲ့အထိ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ် ။လူတော်တော်များများဟာ ညစာစားပြီးတဲ့အချိန်မှာ ရေတစ်ခွက်တော့သောက်လေ့ရှိကြပါတယ် ။ တစ်ငုံလောက်သောက်တာက ပြဿနာမဟုတ်ပေမယ့် အများကြီးသောက်လိုက်တဲ့အခါမှာ အစာချေမှုကိုအနှောက်အယှက်ဖြစ်စေပြီး အစာမကြေတာမျိုးတွေဖြစ်လာနိုင်ပါတယ် ။ဒါကြောင့်အစာမစားခင်ရေသောက်တာက အစားစားပြီးမှရေသောက်တာထက်ပို အနရာယ်ကင်းပါတယ် ။ထို့အပြင် အစားမစားခင် ရေခွက်တစ်ဝက်လောက်သောက်ထားမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက်လည်းအထောက်အကူပေးပါလိမ့်မယ် ။ လေ့ကျင့်ခန်းတွေပြုလုပ်ပြီးတဲ့အချိန်မှာရေသောက်လေ့ရှိကြတာကတော့ပုံမှန်လိုဖြစ်နေကြပါပြီ ။ဒါပေမယ့် တကယ်တမ်းမှာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ လျပ်စစ်ဓါတ်တွေပြေးလွှားနေပါတယ်။ ဒီလျပ်စစ်ဓါတ်တွေက ကြွက်သားတွေကို သန်မာစေတဲ့ ဓါတ်တွေဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန် ရေအလွန်အကျွံသောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့လျပ်စစ်ဓါတ်တွေလျော့ကျသွားတဲ့အတွက် ကြွက်သားတွေက သန်မာသင့်သလောက် သန်မာလာမှာမဟုတ်တော့ပါဘူး ။တကယ်လို့ လေ့ကျင့်ခန်းလုပ်ပြီး ရေငတ်တဲ့အခါမျိုးမှာ အုန်းရေလိုမျိုး အရာလိုမျိုးကို သောက်ပေးပါ။ ရေဘူးကိုမော့သောက်ခြင်းကလည်း ဆိုးရွားတဲ့ […]

ချာတိတ်လေးတစ်ယောက်ကိုစွဲလမ်းမိခဲ့တဲ့ ရင်တွင်းခံစားချက်တွေဖွင့်ဟခဲ့တဲ့ မယ်လိုဒီ

အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေမှာ အရင်ကလိုသိပ်မတွေ့ရတော့ပေမယ့် လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ မေမေမယ်လိုဒီတစ်ယောက် သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားထဲက ကာရိုက်တာအပေါ်မှာ သက်ဝင်ခံစားမှု ရှိနေပြီး ဇာတ်ကားထဲက ချာတိတ်တစ်ယောက်ကိုချစ်မိတဲ့ မမတစ်ယောက်ရဲ့ခံစားချက်တွေကို ထုတ်ဖော်နေခဲ့ပါတယ်။ ” ချစ်ခြင်းများ မင်းနဲ့ကျမှထိမိနေသလား ချာတိတ်ရယ် ရင်တွေ ကွဲမတတ် ချစ်မိနေတယ် မင်း ယုံနိုင်မလား အရမ်းချစ်မိနေပြီ ကိုယ့်သွေးသားဦးနှောက် မင်းစိုးမိုးနေပြီ လက်တွေ့ကျတဲ့ဘဝထဲ မ သတ္တိရှိနေပြီ ချာတိတ်ရယ် မင်းရက်စက်နိုင်ပါတယ် မရက်စက်ဖို့ မျှော်လင့်မိပါတယ် ဘာဘဲဖြစ်ဖြစ် မ ခံယူပါတယ် ” ဆိုပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးခဲ့ပါသေးတယ်။ ” မင်းဟာ မ ဘဝရဲ့ အလင်းရောင် မျှော်လင့်ခြင်း ဖြစ်တည်မူ့ မင်းရှိမှဖြစ်မယ် မဝေးချင်ဘူး ဝေးဖို့အကြောင်းဖန်လာလည်း ကျေနပ် နားလည် လက်ခံပါမယ် ချာတိတ်ရယ် […]

တရုတ်ပြည်မှာဇာတ်ကားရိုက်ပြီးရင် မြန်မာပြည်ထဲဝင်မရမှာ စိတ်ပူနေတဲ့ သင်ဇာဝင့်ကျော်

လက်ခံထားတဲ့ ဇာတ်ကား ၂ ကားစလုံးက တရုတ်မှာ ရိုက်ရမှာ။သင်ဇာဝင့်ကျော်တစ်ယောက် ရုပ်ရှင်ရိုက်ဖို့လက်ခံထားတဲ့ ဇာတ်ကားတွေက တရုတ်-မြန်မာချစ်ကြည်ရေး ဇာတ်ကားတွေ ဖြစ်နေပါတယ်တဲ့။ တရုတ်ပြည်မှာ သွားရိုက်ရမှာဖြစ်လို့ အရမ်း စိတ်ပူတယ်လို့ ဆိုပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် အလုပ်တွေ ခဏ နားခဲ့ရတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလ အတွင်းမှာတော့ အလုပ်တွေကို တစိုက်မတ်မတ် ပြန်လုပ်တော့မယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “ ဒီရက်ပိုင်းမှာ သင်ဇာ ဆေးရုံတက်ခဲ့ရတယ်။ အရည်ကျိတ်တစ်ခု ခွဲတာပေါ့နော်။ အဲဒီအတွက်ကြောင့် ဖေဖော်ဝါရီလထဲမှာ ဇာတ်ကားရိုက်တွေရော၊ နယ်သီချင်းဆိုတာတွေရော၊ ကြော်ငြာရိုက်တာတွေရော တောက်လျှောက်လုပ်သွားဖို့ ရှိပါတယ်။ တရုတ်ပြည်မှာ ဇာတ်ကားသွားရိုက်ဖို့ကလည်း မသေချာသေးဘူး။ အဆင်ပြေတယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သွားရိုက်ဖြစ်မှာပါ” လို့ သူကဆိုပါတယ်။ သင်ဇာဝင့်ကျော်ဟာ တရုတ်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ရောဂါ […]

ရေသန့်လိုက်ပို့တဲ့ အလုပ်သမားလေး အဖြစ် မြင်တွေ့ရတဲ့ ဖြိုးမြတ်အောင်

Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် ရေသန့်ပို့တဲ့ ကောင်လေး အသွင်နဲ့ ဖြိုးမြတ်အောင် ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကစက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအခွေ သင့်အတွက် မနက်ဖြန် solo album ကလည်းပရိသတ်တွေအရမ်းကို အားပေးခဲ့ကြတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က […]

“ချစ်သူများနေ့ကို ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမှာပါ ဆိုတဲ့ ဇာဇာထက်”

Sexy မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ ဇာဇာထက်ကတော့ ချစ်သူများနေ့ကို ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမယ့်အကြောင်းကို “မီဒီယာ-ချစ်သူများနေ့မဇာဘာအစီအစဉ်ရှိလဲ Me-ချစ်သူများနေ့ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမှာ (ခပ်ချေချေပဲ) ကျောင်းကDiploma field trip ညကျရင် pool party မှာ သီချင်းဆိုဖို့ငှားထားတယ် ချောကလက်ကတော့ ကျောင်းကသူငယ်ချင်းတွေ ကျွေးရင်တော့စားရမှာပေါ့။ အင်္ကျီအဟောင်းလေးနဲ့ မီဒီယာတွေမရှိတော့ဘူး အထင်နဲ့သွားတာ တည့်တည့်တိုး မျက်နှာလေးက သနားကမားနဲ့” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဇာဇာထက်ဟာ ရန်ကုန်တက္ကသိုလ်၌ အသုံးချစိတ်ပညာဖြင့် ၂၀၁၉ ခုတွင် ဒီပလိုမာဘွဲ့ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမှာကတော့ ကျောင်းကDiploma field tripကြောင့်ဖြစ်ပြီး ညကျရင် pool party မှာ သီချင်းဆိုဖို့ငှားထားပါတယ်တဲ့။ ချောကလက်ကတော့ ကျောင်းသူငယ်ချင်းတွေ ကျွေးရင်တော့စားရမှာပါတဲ့။ ဇာဇာထက်ဟာ မကြာသေးမီက ရည်စားဟောင်းဖြစ်သူနဲ့ ပြသနာတွေ လူမှုကွန်ရက် မှာဂယက်ရိုက်ခဲ့ပေမယ့် […]

တရုတ်ပြည်က ပြန်ပို့သည့် အချုပ်ကျ မြန်မာနိုင်ငံသား ၁၀၅ ဦးတွင် အပူချိန်မြင့် ဖျားနေသည့် အမျိုးသားတစ်ဦး ပါ၀င်လာ၍ မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင် စောင့်ကြည့်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ တရုတ်နိုင်ငံက ရွှေလီမြို့ မန်စီအကျဉ်းထောင်တွင် အချုပ်ကျ မြန်မာနိုင်ငံသား ၁၀၅ ဦးကို မူဆယ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲတွင် အပူချိန်မြင့်ပြီး ဖျားနာနေသည့် အမျိုးသားတစ်ဦး ပါဝင်လာ၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသ စောင့်ကြည့်နေရကြောင်း မူဆယ်ဒေသခံများထံမှ သိရှိရသည်။ တရုတ်အာဏာပိုင်များက ယနေ့ မွန်းလွဲ ၂ နာရီတွင် မန်စီအကျဉ်းထောင်မှ အချုပ်သား မြန်မာနိုင်ငံသား ၁၀၅ ဦးကို မူဆယ်မြို့ နန်းတော်ပေါက်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲတွင် အသက် ၂၉ နှစ်အရွယ် လီကျန်ဆိုက်ဆိုသော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် အပူချိန်မြင့်မားကာ ဖျားနာနေကြောင်း၊ ထို့ကြောင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ […]

မြစ်ကြီးနား မန္တလေး ၅၆ အစုံရထားပေါ်တွင် လူတစ်ဦးရုတ်တရက်သေဆုံး

မြစ်ကြီးနား မန္တလေး ၅၆ အစုံရထားပေါ်တွင် လူတစ်ဦးရုတ်တရက်သေဆုံး 30.1.2020 ရက် ဇန်နဝါရီလ ၃၀ ရက်နေ့ည တွင် မြစ်ကြီးနားမှ မန္တလေး အသွား အထူးအမြန်ရထားပေါ်တွင် ပါလာသော လူတစ်ဦး ရုတ်တရက်သေဆုံသွားပါသည် သေဆုံးသွားသော Dead Body အား ည ၈နာရီ ကောလင်းဘူတာအရောက်တွင် ကောလင်းဆေးရုံသို့ သယ်ဆောင်သွားပါသည်။ သေဆုံးသောသူမှာ ရုတ်တရက်သေဆုံးခြင်းဖြစ်သည်ဟု ရထားပေါ် ပါလာသူများကပြောပြကြပါတယ်။ ကောလင်းမှ မြို့နေပြည်သူများ သတိထားကြပါ။ ဖြစ်နိုင်ရင် MASK တပ်ထားကြပါ။ မြို့နယ်တာဝန်ရှိသူများမှလဲ ကျိတ်မဖြေရှင်းဘဲ အမြန်ဆုံး ပြည်ထောင်စုကျန်းမာရေး အဆင့် ဝင်ရောက်စစ်ဆေးကြည့်နိုင်ရန်တင်ပြသင့်ပါတယ်။ #Credit# Unicode မြစ်ကြီးနား မန္တလေး ၅၆ အစုံရထားပေါ်တွင် လူတစ်ဦးရုတ်တရက်သေဆုံး 30.1.2020 ရက် ဇန်နဝါရီလ ၃၀ ရက်နေ့ည […]

ဝမ်းတွင်း အပူအပုပ် နဲ့ အစာအိမ် အတွက် ဆေး

ကင်ဆာနှင့် အခြားရောဂါ အမျိုးအမျိုးကို ပျောက်ကင်းစေတဲ့ ဆေးနည်း ၁ ။သင်္ဘောပင် အဖိုပင်ရဲ့အူသား နှင့် အမြစ် (၅၀)ကျပ်သား ၂ ။ ထန်းဖို ထန်းလျှက်( ၂၅ )ကျပ်သား ၃ မန်ကျီးသီမှည့် အနှစ်(၁၅) ကျပ်သား “ဆား သင့်ရုံထည့်ပါ ၄ ။ရေသန့်( ၆ )ဘူး ထည့်ပြီး မီးဖိုပေါ်မှာ( ၃) ခွက် (၁) ခွက်တင်ကျန်အောင် ကျိုချက်ပါ။ အအေးခံပြီး မနက်အိပ်ယာထ တစ်ကြိမ်၊ ညအိပ်ယာဝင် တစ်ကြိမ် ရေနွေးပန်ကန်လုံးနဲ့ တစ်လုံးသောက်ပါ ဆေးအဖတ်ကိုသင့်တင့်ရုံ စားသုံးပေးပါ။ ၁။ အစာအိမ်ကင်ဆာ အပါအဝင် ဝမ်းတွင်းကင်ဆာ အားလုံးပျောက်ကင်းပါတယ်။ ၂။ ရေဖျင်းရောဂါ လိပ်ခေါင်းရောဂါ အားအင်ချိနဲ့ရောဂါ ပန်းသေပန်းညိုးရောဂါ ၃။ အမျိုးသမီးရောဂါ […]

မြတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတုတော်အားကိုးကွယ်ရန် စတင်ဖြစ်တည်လာရခြင်းအကြောင်း

မွတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတုတော်အားကိုးကွယ်ရန် စတင်ဖြစ်တည်လာရခြင်းအကြောင်း ယနေ့မိမိတို့မြန်မာနိုင်ငံအပါအဝင်ဗုဒ္ဓဘာသာထွန်းကားသောကမ္ဘာ့နိုင်ငံအသီးသီး၌ ဘုရား ရှင် ၏ ရုပ်ပွားဆင်းတုတော်များကို တွေ့မြင်ဖူးမျှော်နေရသည်ဖြစ်၏။ အ ချို့အချို့သော မိစ္ဆာဒိဋ္ဌိများကဘု ရားရှင်သည် ပရိနိဗ္ဗာန်ပြုသွားပြီဖြစ်၍ ဘုရားရှင်နဲ့အတူတန်ခိုး တော်များရုပ်သိမ်းသွားခဲ့ပြီးဖြစ်ရာစေတီတော်များရုပ်ပွားဆင်းတုတော်များကိုရှိခိုးပူဇော်ခြင်းသည်အကျိုးမရှိဟုဆိုကြ၏။ လွန်စွာမှဓမ္မအန္တရာယ်ကြီးလှစွာသောအ ယူအဆ‌ဖြစ်‌ပါတယ်။ ဘုရားရှင်၏ရုပ်ပွားဆင်းတုတော်များကိုပူဇော်ကိုးကွယ်ခြင်းနှင့်စပ် လျဉ်း၍ဘုရားရှင်သက်တော်ထင် ရှားရှိခဲ့စဉ်အခါကဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း တော်၌ သတင်းသုံးတော်မူ စဉ်ကဖြစ်၏။ ဘုရားရှင်သည်တစ်ခါတစ်လေ ဒေသစာရီကြွချီပြီးတရားရေအေးဓမ္မ‌ဆေးများကိုတိုက်ကျွေးတော်မူလေ့ရှိ ၏။ထိုအခါကာလမျိုး၌ ဇေတဝန်ကျောင်းတော်တို့ ဘုရားရှင်အားဖူးမြော်ရန်လာကြသူတို့သည်ဘု ရားရှင်အားတွေ့မမြင်ရဘဲတဝဲဝဲတလည်လည်ဆင်းရဲပင်ပန်းစွာသွားကြရကုန်၏။ ထိုအဖြစ်အားသာဝတ္ထိပြည့်ရှင် ပသေနဒီ ကောသလမင်းကြီးသည်အကြိမ်ကြိမ်တွေ့မြင်ကြားသိနေ ရာ ဘုရားရှင်ပြန်လည်ကြွတော်မူလာသောအခါ ” အရှင်ဘုရား၊အ ရှင်ဘုရားအားဖူးမျှော်ရန်လာကြသူတိုရှငုံဝမ်းနည်းစွာပြန်သွားကြရလေ၏။ ဒီအတွက်အရှင်းဘုရားမရှိခိုက်ဘုရားအားဖူး‌လာကြသူများအတွက်အရှင်ဘုရားကိုယ် စားကျောင်းတော်၌ရုပ်ပွားတော်တဆူဆူထုလုပ် ထားသင့်ပါတယ်အရှင်ဘုရား”ဟူ၍ရိုသေစွာလျှောက် ထားလေ၏။ မဟာဂရုဏာတော်ရှင်မြတ် စွာဘုရားရှင်လည်း သတ္တဝါအပေါင်းတို့အပေါ်သနားကြင်နာမူလေရာ-” အရှင်ကောသလမင်းကြီးရတ နာသုံးပါးကို ကြည်ညိုသောသူသည်စွမ်းနိုင်သည့်အားလျော်စွာ မြေညက် သမန်းစသည်တို့ဖြစ်လည်းကောင်းရွှေ၊ငွေစသည်ဖြင့် လည်းကောင်း ငါဘုရား၏ကိုယ်တော် အစား […]

Back To Top