Month: April 2020
အက်စပရင် ရဲ့ထူးခြားချက်များ
အက်စပရင်က အမေရိကန်အိမ်ထောင်စုတွေမှာ တွေ့ရသော အသုံးအများဆုံးဆေးတွေထဲက တစ်ခုဖြစ်ပါတယ်။ လူကြိုက်များသော မူးယစ်ဆေးဝါးက အဓိကအားဖြင့် နာကျင်မှုကို သက်သာစေခြင်း၊ ရောင်ရမ်းခြင်းနှင့် ဖျားနာခြင်းတို့ကို လျှော့ချဖို့အသုံးပြုကြပါတယ်။ အထူးသဖြင့် အလှအပနှင့် အသားအရေထိန်းသိမ်းမှုတို့ရဲ့ ထုတ်ကုန်တော်တော်များများမှာ တွေ့ရှိရတဲ့ Salicylic acid ပါဝင်ပါတယ်။ ဆေးရဲ့ အချဉ်ဓာတ်က အစွန်းအထင်းများ၊ သံချေးတွေနှင့် အရေပြားပြဿနာတွေကို ဖယ်ရှားပစ်တဲ့အခါ ၎င်းက ရှာလကာရည်နှင့်အလားတူ စွမ်းအင်တွေရှိပါတယ်။ ၁။ ဝက်ခြံတွေကို ဖယ်ရှားပစ်နိုင်ခြင်းaspirin နှင့် ရေကို သုံးလိုက်တဲ့အခါ အသားအရေထုတ်ကုန်တွေအတွက် ဘာကြောင့်ပိုက်ဆံဖြုန်းနေတော့မှာလဲ။ ဈေးသက်သာပြီးထိရောက်သော ဝက်ခြံဖြေရှင်းမှုအတွက် aspirin ကို ရေအနည်းငယ်နှင့် ဖျော်ပါ။ မိနစ်အနည်းငယ်လောာက်ထားပါ။ ပြီးရင် ဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပါ။ Aspirin မှာ ရှိတဲ့ Salicylic acidက ပိုလျှံသောအဆီနှင့် ဆဲလ်သေတွေကို […]
အဆီကြောင့်ဝနေတဲ့သူတွေအတွက် ခဏလေးအတွင်းအဆီကျသွားစေတဲ့ကြက်သွန်နီသုပ်
Unicode အဆီကြောင့် ဝနေတဲ့သူတွေအတွက် ခဏလေးအတွင်း အဆီကျသွားစေတဲ့ ကြက်သွန်နီသုပ် ကက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။ (၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။ (၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။ (၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။ (၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။ (၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။ […]
လမ်းသွားရင်း ကလေးငယ်တစ်ဦးကို ဖျတ်ခနဲ တွေ့လိုက်မိတယ် စိတ်ထဲ မသင်္ကာလို့ကားပေါ်ကဆင်းပြီး ကလေးရဲ့အခြေအနေကို ကြည့်တဲ့အခါ
လမ်းသွားရင်း ကလေးငယ်တစ်ဦးကို ဖျတ်ခနဲ တွေ့လိုက်မိတယ် စိတ်ထဲ မသင်္ကာလို့ကားပေါ်ကဆင်းပြီး ကလေးရဲ့အခြေအနေကို ကြည့်တဲ့အခါ လမ်းသွားရင်း ကလေးငယ်တဦးကို ဖျတ်ခနဲ တွေ့လိုက်မိတယ် – စိတ်ထဲ မသကာင်္လို့ကားပေါ်က ဆင်းပြီး ကလေးရဲ့ အခြေအနေကို ကြည့်တဲ့အခါ ကလေးက မောနေတယ် – အသက်ကို မနည်းရှူနေရတယ် ကျောနဲ့ရင်ကို စမ်းကြည့်တဲ့အခါ ချွဲသံတွေက ဟောဟောထလို့ မင်း ကလေးကို ဆေးခန်းမပြဘူးလားလို့ မေးတဲ့အခါ ငို တယ် – ယောက်ျားက အချုပ်ကျနေတယ် – ဒီနေ့ရုံးထုတ် – ကလေးမိခင် နေတာက ဘူတာရုံ တဝိုက် အလုပ်က တောင်းရမ်းအလှူခံ အေး အဲ့ဒါကြောင့် တွေ့ဖူးတယ်လို့ထင်နေတာ လမ်းပေါ်မှာ အဲ့လို ကလေးနဲ့တောင်းနေရင် လိုက်ဖမ်းနေတာ အစ်ကို ပါပဲ […]
ဝမ်းနည်းကြည်နူးစရာ မိုးကောင်းက အသက် ၇၀ ကျော်အဖိုးအဖွားတို့ရဲ့ သေဆုံးမှု
အကယ်ဒမီချိုပြုံး ကိုယ်တိုင် ခံစားရတဲ့ ဝေဒနာ ပျောက်လို့ ပြန်လည်မျှဝေထားတဲ့ ဆေးအိုးပုပ်ပင်အစွမ်း
‘အကယ်ဒမီချိုပြုံး ကိုယ်တိုင် ခံစားရတဲ့ ဝေဒနာ ပျောက်လို့ ပြန်လည်မျှဝေထားတဲ့ ဆေးအိုးပုပ်ပင်အစွမ်း’ ဇော်ဂျီ / ယူနီကုဒ် Zawgyi ဖြင့်ဖတ်ပါ★★★★★ လျှာကင်ဆာ ပါးစပ်အတွင်းအပူနာ လည်းပင်းကင်ဆာ သွားပိုးစား သွားကိုက် သွားနာ မဲ့ခရု ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း သက်သာစေသည်။ နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်းရောင်ပွင့်ပါ ဆေးအိုးပုတ်ပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။ ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုး အကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုရုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည်။ အသုံးပြုပုံ ၁။ ဆေးအိုးပုတ်ပင်၏ […]
ကံပွင့် ကံမြှင့်စေရန် ကဆုန်လပြည့်နေ့ (6.5.2020)တွင်သာပြုလုပ်ရမယ့် ယတြာ
ကံပွင့် ကံမြှင့်စေရန် ကဆုန်လပြည့်နေ့ (6.5.2020)တွင်သာပြုလုပ်ရမယ့် ယတြာ နှင်းဆီပန်း(၅)ပွင့် သပြေပန်း(၅)ခက် လမုန့်(၅)ခုတို့အား လင်ဗန်းတစ်ချပ်ထဲတွင်လှပအောင်ပြင်ဆင်၍ထည့်ပြီး ဖယောင်းတိုင်(၅)တိုင် |အမွေးတိုင်(၅)တိုင်|သောက်တော်ရေ(၅)ခွက်စီကိုလည်း ဘုရားရှင်အားဆက်ကပ်လှူဒါန်းပါ အနန္တော အနန္တ ငါးပါးအား ရည်စူးကပ်လှူပူဇော်ရင်း အောက်ပါအတိုင်း လေးလေးနက်နက် ဆုတောင်းပေးပါ `ဘုရားရှင်အမှူးရှိသော အနန္တငါးပါးအားရည်မှန်း၍ ရည်စူး၍ နှင်းဆီပန်း (၅)ပွင့်တိုဖြင့်လည်းကောင်း| သပြေပန်း(၅)ခက်တို့ဖြင့်လည်းကောင်း| လမုန့်(၅)ခုတို့ဖြင့်လည်းကောင်း| ဖယောင်းတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း| အမွေးတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း| ရေတော်(၅)ခွက်တို့ဖြင့်လည်းကောင်း ကပ်လှူပူဇော်ကန်တော့ပါ၏ ဤသစ္စာမှန်ကန်ပါက| ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း| ဤမှန်သောသစ္စာတန်ခိုးကြောင့်သော်လည်းကောင်း| အရပ်လေးမျက်နှာ| အရပ်ရှစ်မျက်နှာ| အရပ်ဆယ်မျက်နှာတို့မှ ငွေကြေး|စည်းစိမ်ဥစ္စာ| ရတနာများစွာတို့သည်လည်းကောင်း| စိန်ရွှေရတနာ| ကျောက်မျက်ရတနာများစွာတို့သည်လည်းကောင်း |အလုပ်အကိုင်| အကြံအစည်ကိစ္စများစွာတို့သည်လည်းကောင်း လျင်မြန်စွာတိုးတက်ဝင်ရောက် လာကြပါစေသတည်း လျင်မြန်စွာ ဝင်လာမစဲ |တသဲသဲ စည်ကားလာကြပါစေ| ရောက်ရှိလာကြပါစေကုန်သတည်း ‘ဟူ၍ (၅)ကြိမ် |(၅)ခါတိတိ ရွတ်ဆိုဆုတောင်းပေးရပါမည် ကဆုန်လပြည့်နေ့မှစ၍ ကံပွင့်ကံမြင့် […]
မြဝတီ၌ အခြေခံစားသောက်ကုန်ထောက်ပံ့မှု လူဦးရေ ၅၀ဝ၀ ကျော်ကျန်ခဲ့၍ လူစုလူဝေးဖြစ် 
အခြေခံလူတန်းစားအများအပြား နေထိုင်သည့် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်နှင့်အခြေခံစားသောက်ကုန် ငါးမျိုးကို ထောက်ပံ့မှုရရှိရန် လူဦးရေ ၆၀ဝ၀ ကျော်ခန့် စာရင်းပေးခဲ့သော်လည်း ၅၀ဝ၀ ကျော်ခန့်မှာ မရရှိကြ၍ ကျေနပ်မှုမရှိသဖြင့် ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက လူစုလူဝေးဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ မြဝတီမြို့တွင် ရပ်ကွက်ကြီးငါးခု ရှိပြီးနိုင်ငံတော်မှ COVID-19 ကူးစက် ရောဂါကာလအတွင်း အခြေခံလူတန်း စားများအား ဆန်ရှစ်ပြည်၊ ဆီတစ်ပိဿာ၊ ပဲတစ်ပိဿာ၊ ဆား ၅၀ ကျပ်သားနှင့် ကြက်သွန်နီတစ်ပိဿာတို့ ထောက်ပံ့ရန် စာရင်းများ ကောက်ယူခဲ့ကြောင်း သိရသည်။ မြဝတီမြို့ရှိ ရပ်ကွက်ကြီးငါးခုတွင် အမှတ် (၁) မှ အမှတ် (၄) ရပ်ကွက်များရှိ စာရင်းတင်ပြသူအားလုံး ထောက်ပံ့မှုကို ရရှိခဲ့ပြီး […]
နယူးယောက်မြို့က ဘာသာရေးခေါင်းဆောင် အသုဘနှင့် Covid-19 မကြောက်တဲ့ ‘ဂျူး’ လူမျိုးတွေ
COVID-19 နဲ့ ‘ဂျူး’ လူမျိုးတွေ…ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့၊ နယူးယောက်၊ ဘရွတ်ကလင်းမြို့မှာ ရာစ်ဘီချိုင်မတ်ဇ် (Rabbi Chaim Mertz) ကိုရိုနာဗိုင်းရပ်စ် ကြောင့်သေဆုံးသွားတယ်..။ သူက ထင်ရှားကျော်ကြားတဲ့ ရဗ္ဗိတစ်ယောက်ပေါ့..။ Hasidic ဩသဒေါက်စ်ဘာသာရေးခေါင်းဆောင်ဖြစ်တယ်။ဘာသာရေးခေါင်းဆောင် သေဆုံးတော့ နယူးယောက်မြို့တော်ဝန်က တားထားတဲ့ကြားက ခေါင်းမာတဲ့ ဘာသာရေးဝင်တွေဟာ ထောင်နဲ့ချီပြီး အသုဘအတွက် စုရုံးကုန်ကြတယ်..။ များသောအားဖြင့် ဆယ်ကျော်သက်တွေတဲ့..။ ဒါဟာဂျူးလူမျိုးတွေရဲ့ အသုဘရိုးရာဓလေ့ထုံးစံမို့ ဖြစ်တယ်..။ မနေ့က (ဗုဒ္ဓဟူးနေ့)မှာ မြို့တော်ဝန် Bill De Blasio de ကလည်း ဗိုင်းရပ်စ်ပျံ့ကုန်မှာစိုးလို့ ဂျူးအသုဘအခမ်းအနားကို ဖျက်သိမ်းဖို့လုပ်တယ် ။ နယူးယောက်ရဲ (NYPD) ကော်မရှင်နာ Dermot Shea ကလည်း “ သူတို့တတွေ ကျုပ်တို့ ရဲတွေကိုပါ […]
COVID-19ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်လျှက်ရှိသောကျန်းမာရေးဝန်ထမ်းများအတွက် စုစုပေါင်းကျပ်သိန်း(၅၀၀)ထပ်မံဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ဧရာဝတီဖောင်ဒေးရှင်း
COVID-19 စတင်ချိန်မှစ၍ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တာဝန် ထမ်းဆောင်လျက်ရှိကြသော ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဓာတ်ခွဲနမူနာ (Swap Test) ရယူပေးသော ဓာတ်ခွဲမှူး (Laboratory Technician) များအတွက် ငွေကျပ် သိန်း (၁၀၀) နှင့် ဓာတ်ခွဲစစ်ဆေးမှုများကို နေ့ညမရွေး အပင်ပန်းခံကာ စစ်ဆေးပေးလျက်ရှိသော အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ဝန်ထမ်းများအတွက် ငွေကျပ် သိန်း (၁၀၀) နှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသော COVID-19 ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများကို စောင့်ရှောက်ကုသရာတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် သိန်း (၅၀)တို့ကို ဧရာဝတီဖောင်ဒေးရှင်းမှ ဂုဏ်ယူလေးစား ကျေးဇူးတင်စွာဖြင့် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့အတူ COVID-19 ကူးစက်ခံထားရသူများကို အင်တိုက်အားတိုက် […]
အမေရိကန် နယူးယောက်မြို့တွင် အလောင်းများ အပြည့်ထည့်ထားသော ထရပ်ကားများ တွေ့ရှိ
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အလောင်းများ အပြည့်ထည့်ထားသော ထရပ်ကားများ တွေ့ရှိ… အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မနေ့ကဧပြီ ၂၉ နေ့က အအေးခန်းလွှတ်မထားတဲ့ ထရပ်ကားတွေထဲက ဒါဇင်ချီတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။ အနီးဝန်းကျင် အိမ်နီးချင်းတွေက ကားထဲက ပုပ်နံ့ထွက်တယ်ဆိုပြီး တိုင်ကြားရာကနေ အလောင်းတွေကို တွေ့ရှိတာဖြစ်တယ်လို့ နယူးယောက်မီဒီယာက ဖော်ပြပါတယ်။ မျက်မြင်တွေက U-Haul ဗင်ကားထဲမှာ ရုပ်အလောင်းတွေကိုတွေ့ခဲ့ပြီး ဈာပနဝန်ဆောင်မှုရုံး အပြင်ဘက်မှာ ဗင်ကားနှစ်စီးနဲ့ ထရပ်ကားတစ်စီးကို ရပ်ထားတယ်လို့ ပြောပါတယ်။ ထရပ်ကားတွေက အအေးပေးစနစ် အလုပ်မလုပ်တော့ဘူးလို့ အန်ဒရူးတီကလပ်လေ ဈာပနလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောဆိုပြီးနောက် အေဘီစီသတင်းဌာနက ကားတွေထဲမှာ အလောင်း ၁၀၀ လောက်ထားရှိတယ်လို့လည်း ဆိုပါတယ်။ ဒီအလောင်းတွေ ဗင်ကားတွေထဲမှာရှိနေတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ မသိရတဲ့အပြင် COVID-19 ကြောင့် သေဆုံးသူတွေ ပါသလားဆိုတာ […]
Back To Top