Month: October 2020

“ဂျိမ်စ်းဘွန်းမင်းသားကြီး ဆာတောမတ်စ်ရှောင်ကွန်နရီ အသက်(၉၀) အရွယ်မှာကွယ်လွန်”

“ဂျိမ်စ်းဘွန်းမင်းသားကြီး ဆာတောမတ်စ်ရှောင်ကွန်နရီ အသက်(၉၀) အရွယ်မှာကွယ်လွန်” 🔴အေးဂျင့်အမှတ် 007 နဲ့ ဂျိမ်းစ်ဘွန်းလို့လူသိများကြတဲ့ မင်းသားကြီး ရှောင်ကွန်နရီ (အပြည့်အစုံ – ဆာတောမတ်စ်ရှောင်ကွန်နရီ – Sir Thomas Sean Connery) ဟာ အောက်တိုဘာ ၃၁ရက်၊ ၂၀၂၀ (စနေနေ့မနက်ပိုင်း)က ဘဟားမားစ် မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာကွယ်လွန်ခဲ့ပါတယ်။ 🔴မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက်(၉၀)ရှိနေပြီဖြစ်ပြီး ၉၀ ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကျင်းပခဲ့ပါသေးတယ်။ မင်းသားကြီးဟာ ဘဟားမားစ် (Bahamas) မှာနေထိုင်စဉ်နေမကောင်းဖြစ်နေခဲ့တယ်လို့လည်း ကျန်ရစ်တဲ့မိသားစုက ထုတ်ပြန်ထားပါတယ်။ 🔴မင်းသားကြီးဟာ ဂျိမ်းစ်ဘွန်းစီးရီးစ်တွေဖြစ်တဲ့ Gold Finger, Dr.No, From Russia with Love, Thunderball စတဲ့ နာမည်ကျော် စီးရီးစ်တွေအပြင် Indiana Jones, […]

ရုပ်ရှင် အစည်းအရုံး ထောက်ပံ့ငွေ မရလို့ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့်

ရုပ်ရှင် အစည်းအရုံး ထောက်ပံ့ငွေ မရလို့ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့် ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ပေးသည့် အလှူငွေ သုံးသောင်းမရသောကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးတိမ်ညွန့်က ပြောသည်။ “အရင်ပစ္စည်းတွေ ထောက်ပံ့ရင်လည်း အိမ်က ချေွးမက ကိုယ်စားသွားယူပေးတယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်မလာနိုင်ရင် မလာပါနဲ့၊ Wave က လွှဲပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့။ ကုန်ကျစရိတ်တွေလည်း နုတ်ထား ပါ။ ရသလောက် ယူပါ့မယ်ပေါ့။ ၂၆ ရက်နေ့က ဖုန်းဆက်တော့ အလုပ်ရှုပ်နေလို့တဲ့၊ ၂၉ ရက်နေ့မှာဆက်တော့ ငွေမရတော့ဘူး တဲ့” ဟု ဦးတိမ်ညွန့်က ပြောသည်။ အလှူငွေမရသဖြင့် စိတ်မကောင်းဖြစ်ရသော်လည်း ရုပ်ရှင်အစည်းအရုံးဘက်က အခက်အခဲရှိသောကြောင့်ဟု ယူဆ၍ အပြစ်မတင်လိုကြောင်း ၎င်းက ဆိုသည်။ ဦးတိမ်ညွန့်သည်ဇနီးဖြစ်သူ၊ ကျန်းမာရေး မကောင်းသည့် […]

တလ နှစ်လနဲ့ လုံးဝ မပျောက်တဲ့ ကိုဗစ်နဲ့ ကာကွယ်ဆေးကို နောက်ဆုံးမှ ရမယ့် နိုင်ငံတွေ

တလ နှစ်လနဲ့ လုံးဝ မပျောက်တဲ့ ကိုဗစ်နဲ့ ကာကွယ်ဆေးကို နောက်ဆုံးမှ ရမယ့် နိုင်ငံတွေ ပြင်သစ် နဲ့ ဂျာမဏီတို့ကတော့ ကံဆိုးရင် ဒီဇင်ဘာလကုန်အထိ ကြာမယ့် တနိုင်ငံလုံး lockdown ကြေညာလိုက်ပါပြီ။ အမေရိကန်မှာ တနေ့ လူ တသိန်းနီးပါး ရောဂါ ကူးစက်ခံနေရပါတယ်။ ကိုဗစ်ဟာ အမေရိကန်သမ္မတ ထရန့် ပြုတ်သွားစေပါလိမ့်မယ်။ ကျွန်တော်တို့ ရေရှည်အတွက် ဒီထက်ပိုပြီး ခက်ခဲမယ့် အခြေအနေကို ကြိုပြီး ကိုဗစ် ကျန်းမာရေးအခြေခံအဆောက်အအုံတွေ ပြင်ဆင်ထားမှ ဒုတိယလှိုင်းတုန်းကလို ကပျာကယာဖြစ်ရတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ကူးစက်မှုဟာ ကမ္ဘာမှာ စက်ဝိုင်းလို လှည့်လည်နေပါတယ်။ ဝူဟန်မှာတုန်းက လူ တထောင်ဝန်းကျင်ကူးစက်ခံရတဲ့ အခြေအနေကနေ lockdown နဲ့လွတ်မြောက်လာခဲ့ပါတယ်။ သူတို့ lockdown က အတော်ကြမ်းပါတယ်။ ဘယ်မှထွက်လို့မရအောင် […]

ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ဘူးဆိုတဲ့ ချန်ပီယံ ဒီရစ်ဒါ

အောင်လန်အန်ဆန်ကို အနိုင်ယူပြီး ဝမ်း မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တဲ့ ဒီရစ်ဒါက ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ကြောင်း ပွဲအပြီးအင်တာဗျူးမှာ ကြုံးဝါးပြောဆိုလိုက်ပါတယ် ။ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါဟာ အောင်လန်အဆန်ကို ပထမအချီမှာပဲ ဂျူဂျစ်ဆု ချုပ်ကွက်ဖြင့် အနိုင်ယူပြီး One Championship ရဲ့ ၄ ယောက်မြောက် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ ဒီရစ်ဒါက “ကျွန်တော်ပြောခဲ့တဲ့အတိုင်းဖြစ်သွားခဲ့တာပါ ၊ ဘယ်သူ့ကိုမဆို ကျွန်တော်လှဲချနိုင်တယ် ၊ ဘယ်သူကို မဆိုချုပ်ပြိး အနိုင်ယူနိုင်တယ် ၊ အောင်လ နဲ့ ပြိုင်ရတာ ဂုဏ်ယူပါတယ် ။ အကောင်းဆုံးလူဆီက သရဖူကို ယူရတာပါ ၊ သူမကြာခင် လေ့ကျင့်ရေးကွင်းထဲပြန်ရောက်ပြီး ဂျုဂျစ်ဆို သေချာလေ့ကျင့်နိုင်ပါစေ ၊ အောင်လက ကျွန်တော်ရဲ့ချုပ်ကွက်ကို ကာကွယ်နိုင်စွမ်းရှိပါတယ် ၊ အချီပြီးဖို့လေးမိနစ်လောက်လိုသေးတော့ […]

ဝတ်ခဲ့ရတဲ့ PPE တွေကိုတောင် အားနာတယ်လို့ ပြောလိုက်တဲ့ ဖောင်ကြီးပြန် ဆရာဝန်တဦး

ဝတ်ခဲ့ရတဲ့ PPE တွေကိုတောင် အားနာတယ်လို့ ပြောလိုက်တဲ့ ဖောင်ကြီးပြန် ဆရာဝန်တဦး ဖောင်ကြီး volunteer ဆင်းခဲ့တာ full PPE နဲ့ ပြန်မလာခင် ၁၅ ရက် အလိုမှာ သေချာမေးတယ် Q ဝင်ဖို့ ဘယ်လို Q ဝင်ရမလဲ ဆိသေချာမေးတယ်primary contact မဟုတ်ဘဲ Q ဝင်တော့ primary contact နဲ့ ဝင်ရဝာာ ဝတ်ခဲ့ တဲ့ PPE တွေ လုပ်ခဲ့ တဲ့ precautions တွေ အားနာလိုက်တာ ခမ်းခမ်းနားနား ကြီးထားပေးပါ တောင်းဆိုတာ မဟုတ်ဘူး အခုကသေချာ မေးရဲ့ သားနဲ့ ကို Volunteer တွေကတော့ ဝမ်းသာအားရ ကူညီပေးကြတာ ကျေးဇူးတင်ပါတယ် health […]

MRTV 4 ရဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်ဟာ ရန်ကုန်ဆေးရုံကြီးတွင် ရုတ်တရက် ကွယ်လွန်ခဲ့လေပြီ

Zawgyi ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်းကတော့ နာမည်ကြီး အနုပညာရှင်တွေဆက်တိုက်ဆိုသလို ဆုံးပါးနေကြတာလည်းပရိတ်သတ်ကြီးသတိထားမိကြမှာပါ။ဒီကနေ့မှာလည်းForever Groupရဲ့ အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်တစ်ယောက် ကွယ်လွန်သွားတာကိုစိတ်မကောင်းစွာနဲ့ ပဲ မျှဝေပေးပရစေ။ အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်(MRTV-4, Channel-7, Forever Group) သည် ယနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက်အစောပိုင်း ၃ နာရီ အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်းသိရသည်။ ကိုဇင်မောင်ဟာ ယနေ့မနက်ကမှ အသက်ရှုကြပ်တာကြောင့် ဆေးရုံပို့လိုက်ရတာဖြစ်တယ်လို့ သိရပါတယ် ကိုဗစ်ပိုးရှိမရှိစစ်ဆေးထားပြီး ရလဒ်မသိရသေးဘူးလို့ပြောဆိုနေကြတာပါကိုဇင်မောင် ဆုံးပါးသွားသည့်အပေါ် လုပ်ငန်းခွင် မိတ်ဆွေ/သူငယ်ချင်းများမှလည်း မယုံနိုင်ဖြစ်၍ ဝမ်းနည်းကြောင်းဆုတောင်းစာများ ယခုလိုရေးသားဖော်ပြခဲ့ကြတာပါ။ ကိုဇင်မောင်တစ်ယောက် ကောင်းရာသုဂတိသို့ရောက်ရှိပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော် ပရိသတ်ကြီးလည်း ကိုဇင်မောင်အတွက် ဆုတောင်းပေးခဲ့ကြပါအုန်းနော်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Unicode ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်းကတော့ နာမည်ကြီး အနုပညာရှင်တွေဆက်တိုက်ဆိုသလို […]

ဘင်္ဂလားပင်လယ်အော်မှာ စဖြစ်လာတော့မယ့် လေဖိအားနည်းရပ်ဝန်းနဲ့ သတိပြုရမယ့် အခါလွန်မိုး

ဘင်္ဂလားပင်လယ်အော်မှာ စဖြစ်လာတော့မယ့် လေဖိအားနည်းရပ်ဝန်းနဲ့ သတိပြုရမယ့် အခါလွန်မိုး တောင်တရုတ်ပင်လယ် ပြင်မှ မုန်တိုင်းများ၏ အရှိန် ကြောင့် မြန်မာနိုင်ငံဒေသအများစု အချိန်အခါမဟုတ် မိုးရွာနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာ နိုင်‌ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဌာနက သတင်း ထုတ်ပြန်ထားသည်။ ‌တောင်တရုတ်ပင်လယ်မှ ‘မိုလေ့’ (MOLAVE)အမည်ရ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုတွင်‌ အောက်တိုဘာ ၂၇ ရက်ကစ၍ မိုးကောင်း ခဲ့သည်။ ယခုအခါ ‘မိုလေ့’ မုန် တိုင်း အားလျော့သွားသော်လည်း တောင်တရုတ်ပင်လယ်တွင် နောက်ထပ် မုန်တိုင်းတစ်လုံး ဖြစ် ပေါ်နေသည်။ ထိုအ‌ခြေအနေတွင် ဘင်္ဂ လားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဌာနက […]

မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်

မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြည်သူတွေ တောင်းဆိုထားတဲ့ ၂၆ လမ်း ကျုံးဘေးပလက်ဖောင်း မီးလင်းရေးကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ကွန်ကရစ်အထူ ၃ လက်မပဲရှိပြီး အောက်ခံမှာ မူလကျောက်ကြီးတွေရှိနိုင်လို့ concrete footing ချလို့မရပေမဲ့ ခိုင်ခံ့ပြီး လုံခြုံစိတ်ချရအောင် ကြိုးစားထားတယ်လို့ ရေးသားထားပါတယ်။ ” ပြည်သူတွေလှူထားတဲ့ လမ်းမီးအလှူငွေ နဲ့ ပြည်သူ့ဂုဏ်ရည်ဆုငွေ ပေါင်းပြီး ဆောင်ရွက်တာပါ။ မြို့တော်အတွက် စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်ပါ”လို့ ဒေါက်တာရဲလွင်က ရေးသားထားပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ ကိုဗစ်-၁၉ ကာလ လူသူအသွားအလာ နည်းပါးမှုကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး မြို့တော်စည်ပင်သာယာရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ …………….Zawgyi မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြည်သူတွေ […]

ကိုဗစ်ဆေးစစ်ချက်အဖြေကို ပရိတ်သတ်တွေသိအောင် ပြောပြလာခဲ့တဲ့ ထွန်းကိုကို

ထွန်းကိုကို ကတော့ ဝေဘာဂီမှာ ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေအရ ပြုစုစောင့်ရှောက်ပေးရင်း အောက်တိုဘာလ (၂၄) ရက်နေ့က Swab testing ပြုလုပ်ခဲ့တာပါဒီနေ့ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျန်းမာရေးဆေးစစ်ချက် အဖြေကို ထွန်းကိုကို က ပရိသတ်သိအောင် ပြောပြလာပါတယ်” သံမဏိ လူသားလည်း မဟုတ်ဘူး။ စက်ရုပ်လူသားလဲ မဟုတ်ဘူး။ ပါဝါရိန်းဂျားလည်း မဟုတ်ဘူး။ P ဖြစ်တာ မဆန်း ပါဘူး” ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်လက်ရှိမှာတော့ ဝေဘာဂီမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးကျော်သူရော၊ ထွန်းကိုကိုရော ကျန်းမာရေး အခြေအနေက ကောင်းမွန်နေကြောင်း အောက်တိုဘာ(၂၃) ရက်နေ့က အင်တာဗျူးမှာပြောပြခဲ့ပါတယ်ဦးကျော်သူကတော့သူတို့ရဲ့ အခြေအနေတွေ အားလုံးကို […]

“မိခင်ကို သတ်သည့် ဖခင်ကို သမီးဖြစ်သူ၏ တိုင်ကြားချက်ကြောင့် ကျူးလွန်သူ ဖခင်ကို ဖမ်းဆီးနိုင်ခဲ့”

“မိခင်ကို သတ်သည့် ဖခင်ကို သမီးဖြစ်သူ၏ တိုင်ကြားချက်ကြောင့် ကျူးလွန်သူ ဖခင်ကို ဖမ်းဆီးနိုင်ခဲ့ပြီ” ဗန်းမော်မြို့ လူသတ်မှုကို ၁၁နာရီအတွင်း ရဲတပ်ဖွဲ့မှ ဖေါ်ထုတ်နိုင်ခဲ့ ဗန်းမော်၊ အောက်တိုဘာ ၃၁ ကချင်ပြည်နယ်၊ဗန်းမော်မြို့ လေကြောင်းရုံး၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှုးကြီး စိုးမြင့်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၁၁ နာရီအတွင်း၊ အောက်တိုဘာ ၃၁ ရက် နံနက် ၁နာရီမှာ ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃၀ ရက် နေ့လည် ၁၁ နာရီခန့်က ဗန်းမော်မြို့၊မင်းကုန်းရပ်ကွက်၊မြန်မာ့လေကြောင်းရုံးနေ မနှင်းအိလင်းလက်သည် နေအိမ်အောက်ထပ်သို့ ဆင်းလာခဲ့ရာ ဖခင်ဖြစ်သူ ဦးအောင်ဇော်မြင့်ဦး(၄၄)နှစ်(လေကြောင်းရုံးမန်နေဂျာ)မှာ မီးခံသေတ္တာထားသည့်အခန်းအတွင်း၌ လက်နှင့်ပါးစပ်တို့အား တိပ်များပတ်လျက် လဲနေသည်ကို တွေ့ရပြီး မိခင်ဖြစ်သူကိုလည်း မီးဖိုခန်းအတွင်း၌ လက်အား […]

Back To Top